အစ္စလာမ် – သက်ဝင်ယုံကြည်မှု အင်ပါယာ

အစ္စလာမ့်သမိုင်းနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ လူဖြစ်လာကြတဲ့သူတွေ စစ်မှန်ခိုင်လုံတဲ့ အထောက်အထားနဲ့တကွ သိရှိသူ အရမ်း အရမ်းကို နည်းပါးလှပါတယ်။ ဒါကလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ အဲ့ဒီ အကြောင်းတွေထဲက တစ်ချက်ကတော့ဖြင့် အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ အချက်အလက် မှန်သမျှကို သုတ်သင်ရှင်းလင်းခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။ သူဟာ စနစ်တကျ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ တရားဝင်ဘာသာစကားကြီးတွေထဲက တစ်ခုဖြစ်တဲ့ အာရဗီဘာသာစကားကို နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ သင်ကြားမှု မပြုစေခဲ့ဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ မွတ်စလင်မ်လူဦးရေဟာ အနည်းဆုံး မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ ငါးပုံတစ်ပုံရှိပါတယ်။ အကယ်၍သာ အာရဗီဘာသာစကားကို နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ သင်ကြားပေးမယ်ဆိုရင် အချည်းအနှီး မဖြစ်ယုံမက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အသုံးဝင်ပါလိမ့်မယ်။ ဗိုလ်နေ၀င်းဟာ ကိုယ်ကိုယ်တိုင်က တရုတ်သွေးနှောဖြစ်တော့ ဒီအချက်ကို အကြောင်းပြုပြီး အာဏာကို ဆုံးရှုံးရမှာ အရမ်းကို ကြောက်ပါတယ်။ အဲဒီတော့ လူထုရဲ့ အမျက်ဖြေဖို့ အိန္ဒိယနွယ်ဖွားတွေရဲ့ဘက်ကို လှည့်ပေးပါတော့တယ်။ ကုလား၊ ကုလား ဆိုတဲ့အသံတွေ မကြားချင်မှ အဆုံး။ ရုပ်ရှင်ဖွင့်ရင်လည်း ဒီအသံကြားရတယ်။ ၀တ္ထု ဖတ်ရင်လည်း ဒီစကားလုံးကို ခဏ ခဏ တွေ့ရတယ်။ အခုဆို ပိုဆိုးပေါ့ဗျာ။

 

အဲဒီလိုနဲ့ တိုင်းရင်းသားစစ်စစ်တွေက အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ ကုလားဖြစ်သွားပြီ။ အစ္စလာမ်ကိုလဲ ကုလားဘာသာလို့ပဲ လူအများ နားလည်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖြစ်အောင် နှစ်ပေါင်းငါးဆယ် နည်းပါး တိုင်းပြည်ကို လက်နက်အားကိုးနဲ့ သိမ်းပိုက်၊ ပြည်သူတွေကို သတ်ဖြတ်၊ ဆင်းရဲမွဲတေတဲ့ဘ၀ရောက်အောင် ပို့ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီး အာဏာရှင်ဗိုလ်နေ၀င်းနဲ့ စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာ ဒုက္ခခံပြီး၊ ကြိုးစားခဲ့ကြလို့ပါဘဲ။ ၀မ်းနည်းစရာကောင်းတာက တော်တော်များများ နိုင်ငံတော်ရဲ့ အမျိုးသားခေါင်းဆောင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင် အစ္စလာမ်အကြောင်း မသိကြဘူး။ အမှန်တကယ်ကတော့ မွတ်စလင်မ်တွေ သက်ဝင်ယုံကြည်တဲ့ ထာဝရဘုရားသခင်ရဲ့ တမန်တော်မြတ်ဟာ အာရဗ်လူမျိုးတစ်ဦးပါ။ အိန္ဒိယသားတစ်ဦး မဟုတ်ပါဘူး။ ဗမာပြည်သူလူထုဟာ အာရဗ်လူမျိုးကို ကုလားလို့ ခေါ်ခဲ့တဲ့ထုံးစံမရှိပါဘူး။ အာရဗ်လူမျိုး၊ အာရေဗျလူမျိုးလို့ဘဲ ခေါ်ကြ၊ ရေးကြပါတယ်။ အဲဒီတော့ အာရဗ်လူမျိုးတစ်ဦးဖြစ်တဲ့ တမန်တော်မြတ်ရဲ့ သာသနာကို ဘာကြောင့် ကုလားဘာသာ၊ ကုလားသာသနာလို့ ခေါ်နေကြမှန်း မသိပါ။ အိန္ဒိယသားစစ်စစ်၊ လုံးဝ ရေမရောတဲ့၊ ဗမာပြည်ရဲ့ တိုင်းရင်းသားတွေထဲက မည်သည့် တိုင်းရင်းသားလူမျိုးမှ မဟုတ်တဲ့ ဗုဒ္ဓဂေါတမရဲ့ သာသနာကိုကြတော့ ကုလားဘာသာလို့ ဘယ်သူမှ ခေါ်သံ၊ ပြောသံ၊ ရေးသံ မကြားဘူးပါ။ အရမ်းကို ထူးဆန်းပါတယ်။ အိန္ဒိယနွယ်ဖွား မှန်သမျှကို ကုလားလို့ ခေါ်တဲ့သူတွေက ဒီအချက်မှာကြတော့ ဘာရယ်ကြောင့် ကုလားလို့ မခေါ်ကြ၊ မရေးကြတာလဲဆိုတာ စဉ်းစားစရာပါ။

 

တိုင်းရင်းသားစစ်စစ်ကနေ အစ္စလာမ်ဘာသာဝင်ဖြစ်သွားတာနဲ့ ကုလားကြီး၊ ကုလားလေး၊ ကုလားမလို့ ခေါ်တတ်ကြတဲ့သူတွေဟာ ဗိုလ်နေ၀င်းရဲ့ လှည့်စားခြင်းကို ခံခဲ့ရတဲ့သူတွေပါဘဲ။ သနားစရာလေးတွေပါ။ အခု ဗီဒီယိုလင့်ခ်လေးတွေ ချိတ်ပေးလိုက်ပါတယ်။ မွတ်စလင်မ်တွေ ကိုယ့်ဘာသာကိုယ်ကောင်းကြောင်း ရိုက်ကူးထားတာမဟုတ်ဘူးနော်။ အမေရိကန်ရဲ့ နာမည်ကြီး သတင်းဌာနက ရိုက်ကူးထားတာ။ မွတ်စလင်မ်တွေဟာ သက်ဝင်ယုံကြည်မှုနဲ့ ဘယ်လို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီးကို တည်ဆောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါတယ်။ ဒီနေ့ အနောက်ကမ္ဘာက မွတ်စလင်မ်တွေ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီး ပြန်လည် တည်ဆောက်မှာကို အရမ်းကြောက်လွန်းလို့ ဗမာပြည်မှာ မွတ်စလင်မ်ဆိုတာနဲ့ ကုလားလို့ ပြောသလို အနောက်တိုင်းမှာ မွတ်စလင်မ်ဆိုတာနဲ့ အကြမ်းဖက်သမားလို့ ပြောချင်နေကြပါတယ်။ သို့သော် တရားဝင်အထောက်အထား မရှိဘဲ ပြောလို့မရဘူး။ ဒါတော့ ဗမာပြည်နဲ့ နည်းနည်းလေးကွာပါတယ်။ အစ္စလာမ့်အင်ပါယာအကြောင်း အင်္ဂလိပ်စကား နားလည်သူတွေ ကြည့်ရှုနားဆင်သောတဆင်လို့ ရပါတယ်။

 

Part One

Prophet Muhammed and The Rise of Islam

 

အပိုင်း (၁)

မြတ်တမန်တော်မုဟမ္မဒ်နှင့် အစ္စလာမ်စတင်ပေါ်ထွန်းလာခြင်း

 

 

Part Two

The Awakening

အပိုင်း (၂)

နိုးကြားခြင်း

 

Part Three

Ottomans

 

အပိုင်း (၃)

အော်တိုမန် (အင်ပါယာ)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s