အလ်ဂျားဇီးရား ဘက်လိုက်ခဲ့လေသလား။

001

 

အလ်ဂျားဇီးရား ဘက်လိုက်ခဲ့လေသလား။
*****************************

 

ချမ်းမြေ့

 

ဆောင်းပါး

 

ကမ္ဘာကျော် နိုင်ငံတကာ သတင်းဌာနကြီးဖြစ်တဲ့ အလ်ဂျားဇီးရား သတင်းဌာနကြီး ကနေပြီးတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် နေ့လည် ၁၂း ၃၀ မှာ The Hidden Genocide ခေါ် ဖုံးကွယ်ထားသော လူမျိုးတုန်း သတ်ဖြတ်မှုကြီးလို့ အမည်ရတဲ့ ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီရုပ်သံမှတ်တမ်း ပြသပြီးတဲ့အချိန်မှာ တစ်ချို့ အစွန်းရောက် အကြမ်းဖက်ဝါဒီ တွေက အလ်ဂျားဇီးရား သတင်းဌာနဟာ ဒီဖုံးကွယ်ထားသော လူမျိုးတုန်း သတ် ဖြတ်မှု ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းဟာ သူတို့အခေါ် ဘင်္ဂလီတွေဘက်က၊ မြန်မာ့ စွယ်စုံကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာလူမျိုးတွေဘက်က၊ မုစ်လင်မ်တွေ ဘက်က တစ်ဖက်တည်း ရပ်တည်ပြီး ရိုက်ကူးပြသတယ်ဆိုပြီး မြန်မာဘာသာ စကားနဲ့ ထုတ်လွှင့်နေတဲ့ ရုပ်သံဌာနတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ၀ါဒ ဖြန့်ပါတော့တယ်။ တစ်ချို့ဆိုရင် ဒီရုပ်သံမှတ်တမ်းထုတ်လွှင့်မှု မရှိခင်ကတည်းက၊ ဘာတွေ ပါလို့ပါမှန်း မသိခင်ကတည်းက ကြိုတင်ပြီး ဘက်လိုက်လျှက် နှလုံးသား ကို ချိတ်ပိတ်လို့ ဆုံးဖြတ်ချက်ချကာ ၀ါဒဖြန့်ချိမှု တွေတောင် ရှိခဲ့ပါတယ်။ အဲဒီအထဲ မှာ နိုင်ငံရေးသမားအမည်ခံ မျက်ကန်းမျိုးချစ် တစ်ချို့တောင် ပါဝင် ပတ်သက်ခဲ့ကြ ပါတယ်။ အဲဒီသူတွေထဲက တစ်ဦးကတော့ နိုင်ငံရေး အကျဉ်းသားဘ၀နဲ့ စစ်အစိုးရ ရဲ့ စစ်ခွေးတိုက်ပို့ခံရ၊ သွားတွေ ချွတ်ခံခဲ့ရပြီး၊ ဓာတုသိန်းစိန်ရဲ့ ကမ္ဘာကို မျက်ရည် ခံထိုးဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တဲ့ အချိန်တုန်းက ပြန်လည် လွတ် မြောက်လာတဲ့သူတစ်ဦးပါ။ သူဟာ ထောင်က ထွက်လာပြီး မီဒီယာတစ်ခုနဲ့ အင် တာဗျူးမှာ မြောက်များစွာသော ပြည်သူတွေကို မတရားသတ်ဖြတ်ခဲ့တဲ့၊ ကျောင်း သားတွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေကို ကျူပင်ခုတ် ကျူငုတ် မကျန် ရှင်းလင်းပစ်ခဲ့တဲ့၊ မရေတွက်နိုင်သော ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန် ခဲ့တဲ့၊ အဲဒီလို ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ခင်ညွှန့်ကို လွှတ်ပေးသင့်ပါတယ်လို့ ရူးကြောင်ကြောင်နဲ့ အဆင်အခြင်မဲ့ ‘အာ’ ခဲ့ဖူးသူ တစ်ဦးပါ။ စစ်အာဏာရှင်တွေဟာ ဒီစကားကို ရေငတ်တုန်း ရေတွင်း ထဲကျဆိုသလို၊ ဗိုလ်ခင်ညွှန့်ကို ပြန်လွှတ်ပေးဖို့အတွက် ‘အကွက်’ရခဲ့ပါတော့တယ်။ သိပ်မကြာပါဘူး။ ဗိုလ်ခင်ညွှန့်ကိုလည်း နိုင်ငံရေးအကျဉ်းသား ခေါင်းစဉ်အောက်ကို သွတ်သွင်းပြီး လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို ရာဇ၀င်ရိုင်းအောင် လုပ်ခဲ့ဖူးတဲ့သူ တစ် ဦးပါ။ ကျနော် အခုရေးချင်တာ ဒီအကြောင်း မဟုတ်ပါ။ အလျဉ်းသင့်လို့ တင်ပြရ ခြင်း ဖြစ်ပါတယ်။

 

အထက်က ပြောခဲ့တဲ့အကြောင်းကို ပြန်ဆက်ရရင်ဖြင့် အလ်ဂျားဇီးရားဌာနဟာ ‘ဘက်လိုက်’ခဲ့တယ်လို့ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို လိမ်လည်ဖို့အတွက်၊ စစ် အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက်၊ စစ်အာဏာရှင်တွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး မတက်ရစေရန် လိမ်လည် မုသားသုံး၍ ၀ါဒ ဖြန့်ချိခဲ့ကြတဲ့သူတွေဟာ အင်္ဂလိပ်ဘာသာစကားနဲ့ စာပေကို ကောင်းစွာ နားလည်မှု မရှိကြောင်း သူတို့ရဲ့ စကားတွေနဲ့ သက်သေခံ နေပါတယ်။ သူတို့ဟာ ဒီမူရင်းရုပ်သံမှတ်တမ်းကို အင်္ဂလိပ်ဘာသာစကားနဲ့ သေ သေချာချာ၊ ကောင်းကောင်းမွန်မွန် ခရေစေ့တွင်းကျ နားမလည်ခဲ့ကြပါ။ အကယ်၍ နားလည်ပါလျှက် တမင် မုသားသုံးလျှက် လိမ်လည် ပြောဆိုနေခြင်းဖြစ်ပါက ကျ နော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးနဲ့ မြန်မာနိုင်ငံသားများကို သစ္စာဖောက်လျှက် စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အကြမ်းဖက်သမားများဘက်က မျက်စိ စုံမှိတ် ရပ်တည်နေသူများဖြစ်ကြောင်းကို သမိုင်းက ဒဏ်ခတ်သွားပါလိမ့်မယ်။

 

ယခု ဖုန်းကွယ်နေသော လူမျိုးတုန်းသတ်ဖြတ်မှုကြီးလို့ အမည်ရှိတဲ့ ရုပ်သံမှတ် တမ်းပါ အပိုင်းတွေထဲက ရခိုင်-မုစ်လင်မ် အဓိကရုဏ်းဖြစ်စေခဲ့တဲ့ အဓိက အကြောင်းအရင်းများဖြစ်ကြတဲ့ အကြောင်းအရင်းကြီး နှစ်ခုကို တင်ပြထားတာကို မြန်မာဘာသာပြန်ဆိုပြီး မြန်မာစာတန်းထိုးကာ တင်ပေးလိုက်ပါတယ်။ လင့်ခ်က တော့

 

 

ဒီအပိုင်းမှာ

 

၁။ မသီတာထွေး မုဒိမ်းကျင့်ပြီး အသတ်ခံရပုံကို ချန်လှပ်ခြင်းမရှိပဲ ဓာတ်ပုံနဲ့တကွ ဖော်ပြပေးခဲ့တယ်။

 

၂။ RNDP ပါတီခေါင်းဆောင် ရခိုင်အေးမောင်နဲ့ ဗုဒ်ဓဘာသာ ရခိုင် ဘုန်းတော်ကြီး တစ်ပါးရဲ့ အမြင်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေကို ထင်ဟပ်စေတဲ့ အင် တာဗျူးများကို ထည့်သွင်းဖော်ပြပေးခဲ့တယ်။ ဒါ့အပြင် မေလ ၂၉ ရက်နေ့မှာ ထူးထူးခြားခြား ကျင်းပခဲ့တဲ့ RNDP ရခိုင်ပါတီရဲ့ ညီလာခံကိုလည်း တင်ပြခဲ့တယ်။

 

၃။ တောင်ကုတ်မြို့မှာ လူဦးရေ ၃၀၀ လောက်ရှိတဲ့ လူအုပ်စုကြီးကနေပြီးတော့ သတ်ဖြတ်ခဲ့တဲ့ အပြစ်မဲ့ မုစ်လင်မ်ဆယ်ဦးရဲ့အကြောင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ တယ်။

 

၎။ သမိုင်းပညာရှင် အမည်ခံ လူမျိုးရေးအစွန်းရောက်ဝါဒီ၊ အဓိကရုဏ်း ဖန်တီးရာ တွင်၊ လူမျိုးတုန်းသတ်ဖြတ်မှုကြီး ဆင်နွှဲရာတွင် ကလောင်ဖြင့် ပါဝင်ခဲ့သူ ရခိုင် အေးချမ်းနဲ့ ဗုဒ်ဓဘာသာ ရခိုင်ဘုန်းတော်ကြီးတစ်ပါးရဲ့ ဒီအဖြစ်အပျက်နဲ့ ပတ် သက်ပြီး အမြင်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်ကို ထင်ဟပ်စေတဲ့ အင်တာဗျူး များကို ဖော်ပြခဲ့တယ်။

 

၅။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအဖြစ် မောင်းတောမြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေရဲ့ အကြောင်းအရင်းဖြစ်တဲ့ စိုးရိမ်ကြောက်ရွံ့မှု လွန်ကဲခြင်းကိုလည်း အင်တာဗျူးပြီး တင်ပြပေးထားတယ်။

 

၆။ အစိုးရရဲ့ ဘက်လိုက်ပြီး မသီတာထွေးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ် သားတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူပေးခဲ့သော်လည်း တောင် ကုတ်မြို့မှာ မတရားအသတ်ခံလိုက်ရတဲ့ မုစ်လင်မ် (၁၀) ဦးကို သတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်သားတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူပေးခြင်း မရှိခဲ့တာနဲ့ ပတ်သက်ပြီး မောင်းတောမြို့မှာ နေထိုင်ကြတဲ့ မုစ်လင်မ်တွေရဲ့ ခံစားချက်၊ ၀မ်း နည်းချက်တွေကို ထင်ဟပ်စေမဲ့ အင်တာဗျူးကိုလည်း ထည့်သွင်းဖော်ပြထားတယ်။

 

အဲဒီတော့ အလ်ဂျားဇီးရားဟာ ဘယ်လို ဘက်လိုက်ခဲ့တာလဲ။ အကယ်၍ အလ်ဂျား ဇီးရားက ဘက်လိုက်ခဲ့တယ်ဆိုရင် မသီတာထွေး အသတ်ခံရတဲ့အကြောင်းကို အကျယ်တ၀င့် ဓာတ်ပုံနဲ့တကွ တင်ပြပေးခဲ့ပါ့မလား။ ဒါ့အပြင် ဘာကြောင့် မုစ်လင်မ်တွေကိုချည်း အင်တာဗျူးမလုပ်ခဲ့ပဲ ရခိုင်လူမျိုးတွေကိုပါ အင်တာဗျူးလုပ် ဖော်ပြပေးခဲ့ရတာလဲ။

 

ဒီအပိုင်းလေးမှာပဲ အင်တာဗျူးလုပ်ထားတဲ့သူ အများစုက တိတိကျကျ ပြောရရင် ၆၀%က ရခိုင်လူမျိုး ဗုဒ္ဒဘာသာဝင်တွေဖြစ်ပြီး၊ ၄၀% ရာခိုင်နှုန်းက ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပိုင်လေးမှာ အင်တာဗျူး ၅ ခုပါတယ်။ ၅ ဦးကို ဗျူးထားတာပါ။ ၅ ဦးမှာ ၃ ဦးက ရခိုင်လူမျိုး၊ ဗုဒ္ဒဘာသာဝင် လူနှစ်ဦးနဲ့ ဘုန်းကြီးတစ်ပါး၊ ရိုဟင်ဂျာလူမျိုး အစ္စလာမ်ဘာသာဝင် လူနှစ်ဦး ဖြစ်တယ်။

 

အလ်ဂျားဇီးရားဟာ ဘက်လိုက်ခဲ့ခြင်း ရှိ၊ မရှိကို ရိုသားစွာ အစွဲကင်းကင်းနဲ့ ဖြေကြည့်စမ်းပါ။ ခံစားချက်နဲ့ မဆုံးဖြတ်ပါနဲ့။ အစွဲတွေနဲ့ မသုံးသပ်ပါနဲ့။ ရိုသားစွာ အဂတိတရားလေးပါးကနေ ကင်းရှင်းပြီး ဖြောင့်မတ်တည်ကြည်စွာ ဆုံးဖြတ်ပါ။ သုံးသပ်ပါ။ သင် အမှန်တရားကို မြင်ရပါလိမ့်မယ်။

 

မြန်မာလူထုတစ်ရပ်လုံး စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အစွန်းရောက် အကြမ်းဖက်သမားရဲ့ လှည့်စားခြင်း ခံရမှုကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေ။

 

ချမ်းမြေ့

11-12-2012

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s