လျှော့တွက်လို့ကတော့ ငါးပါးမှောက်သွားမယ် ဓာတုသိန်းစိန်

103

လျှော့တွက်လို့ကတော့ ငါးပါးမှောက်သွားမယ် ဓာတုသိန်းစိန်

ချမ်းမြေ့
ဆောင်းပါး
ဓာတုသိန်းစိန်အစိုးရက ကျနော်တို့ မုစ်လင်မ်တွေကို ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေလို လှိမ့်လို့ရမယ်၊ ပတ်လို့ရမယ်၊ အစာလေးနည်းနည်း ပစ်ကျွေးပြီး ချော့သိပ်လို့ရမယ်ထင်ပြီး လျှော့တွက်နေတယ်။ လက်ပန်းတောင်းတောင် မှာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားတဲ့ ဗုဒ္ဓဘာသာသာသနာရဲ့ သံဃာတော်တွေကို ဓာတုသိန်းစိန်အစိုးရက ဦးဆောင်ပြီး ဓာတုလက်နက်သုံး ဖြိုခွဲချေမှုန်းခဲ့တာကို အံ့မတုဝံ့၊ မတော်လှန်ဝံ့တဲ့ သွေးနည်းတဲ့ လူမျိုးပေါင်းစုံ ဗုဒ္ဓဘာသာဝင်များကို ဓာတုကလျာ ဒီမိုမင်းသမီးရဲ့ ကော်မရှင်နဲ့ ချွေးသိပ်လိုက်သလို ကျနော်တို့ကို ချွေး သိပ်လို့ရမယ်လို့ ထင်နေတယ်။ နှုတ်ပိတ်လိုက်သလို ကျနော်တို့ကို နှုတ်ပိတ်လို့ရ မယ်လို့ ထင်နေတယ်။ ကျနော်တို့က ဓာတုသိန်းစိန်အစိုးရမကလို့ ဘယ်သူပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ်က မုစ်လင်မ်တွေကို ဘာသာတရားနဲ့ လူမျိုးကို အကြောင်း ပြုလို့ လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးမှာ ပါဝင်ခဲ့တဲ့ ရာဇ၀တ် သားတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အရောက်ပို့သွားဖို့ ကျနော်တို့ မုစ်လင်မ် လူထုတစ်ရပ်လုံးက သမိုင်းပေးတာဝန်အဖြစ် မှတ်ယူထားတယ်။ အိပ်လဲ ဒီစိတ်နဲ့ အိပ်တယ်။ အိပ်ရာကထလည်း ဒီစိတ်နဲ့ ထတယ်။ စားလည်း ဒီစိတ်နဲ့စားတယ်။ သွားလည်း ဒီစိတ်နဲ့ သွားတယ်။ ဒိုအာခေါ် ဖန်ဆင်းရှင်ထံပါး ဆုတောင်းပတ္တနာ ပြုတိုင်း မြန်မာပြည်တ၀ှမ်းက အဖိနှိပ်ခံတွေကို သတိရတယ်။ အချုပ်အားဖြင့် အချိန်တိုင်းမှာ ဒီစိတ်နဲ့နေတယ်။

ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ရဲ့ ကျမ်းတော်မြတ်ကုရ်အာန်က သွန် သင်ထားတဲ့ “မုအ်မင်န်တွေဟာ ညီရင်းကိုယ် မောင်ရင်းနှမများဖြစ်ကြတယ်”ဆိုတဲ့ လမ်းညွှန်ချက်ကြောင့်ပဲ။ ကျနော်တို့ရဲ့ မြတ်တမန်တော်သခင်ကလည်း “ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ မုစ်လင်မ်လူထုကြီးဟာ ခန္ဓာကိုယ်တစ်ခုနဲ့ တူတယ်။ ခန္ဓာကိုယ်ရဲ့ မည်သည့် အစိတ်အပိုင်းမှာပဲဖြစ်ဖြစ် ဒုက္ခဝေဒနာတစ်ခုခု ခံစားရပြီဆိုရင် ခန္ဓာ ကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလဲ အထိုက်အလျောက်လိုက်ပြီး ခံစားရတယ်၊ နာကျင်ရတယ်’’လို့ သွန်သင်တော်မူခဲ့တယ်။ ဒါဟာ အကြောင်းအရင်းပဲ။

ကျနော်တို့ မုစ်လင်မ်တွေဟာ ကမ္ဘာပေါ်မှာ မည်သူနဲ့မှ မတူပါ။ “သည်းခံတတ်ကြ ပေမဲ့ အနင်းမခံတတ်ကြပါ။ အပြောမကောင်းပေမဲ့ သဘောကောင်းပါတယ်။ အဆင်းမလှပေမဲ့ အချင်းလှပါတယ်။” ဒီလိုပဲ မတရားမှုကို ပြင်းပြင်းထန်ထန် ရရာ လက်နက် စွဲကိုင်ပြီး တွန်းလှန်တတ်ကြပါတယ်။ ဒီလိုပဲ ဖိနှိပ်သူကို ထိထိရောက် ရောက် ချေမှုန်းတတ်ကြပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ မုစ်လင်မ်ဆိုတာ အပြစ်မဲ့ ပြည်သူတွေကို မသတ်ဖြတ်တတ်ကြပါ။ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်းကို ကျနော်တို့ရဲ့ ကျမ်းတော်မြတ်ကုရ်အာန်က ပြင်းပြင်းထန်ထန် ရှုံ့ချထားတယ်။ တား မြစ်ထားတယ်။ တစ်ချို့က ပြောကြတယ်။ တစ်ကမ္ဘာလုံးမှာ မုစ်လင်မ်တွေနဲ့ ချည်းပဲ ချနေကြတယ်တဲ့။ အဲဒီလူတွေ သေသေချာချာ မစဉ်းစားတတ်လို့ပါ။ ကျုပ် အလင်း ရအောင် နည်းနည်းလေး ဖွင့်ပေးမယ်။ အဖိနှိပ်ခံရလို့ တော်လှန်နေတဲ့ ကရှ်မီးရ် ဒေသက ပြည်သူတွေကို အကြမ်းဖက်သမားလို့ ခေါ်မှာလား။ အကြမ်းဖက်ခံရလို့ ခုခံကာကွယ်နေတဲ့ အီရတ်နိုင်ငံက ပြည်သူတွေကို အကြမ်းသမားလို့ ခေါ်မှာလား။ မိမိနိုင်ငံကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ ခေတ်သစ်နယ်ချဲ့ဝါဒီတွေကို အသက်ပေးပြီး တော်လှန်တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းနိုင်ငံက ပြည်သူတွေကို အကြမ်းဖက်သမားလို့ ခေါ်မှာလား။

အဲဒီလိုသာ ခေါ်မယ်ဆိုရင်တော့ မြန်မာ့သမိုင်းမှာရှိခဲ့တဲ့ အဖိနှိပ်ခံရလို့ မတရားမှုကို တွန်းလှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို အကြမ်းဖက်သမား လို့ ခေါ်ရလိမ့်မယ်။ အကြမ်းဖက်ခံရလို့ နယ်ချဲ့အရင်းရှင်တွေကို ရရာလက်နက် စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်ခဲ့တဲ့ တောင်သူလယ်သမားခေါင်းဆောင် ဆရာစံကို အကြမ်းဖက်သမားလို့ ခေါ်ရလိမ့်မယ်။ မိမိနိုင်ငံကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့ တဲ့ နယ်ချဲ့အရင်းရှင်ကို ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်းအပေါင်းကို အကြမ်းဖက်သမားလို့ ခေါ်ရပါလိမ့်မယ်။ အခု ကျနော် တင်ပြခဲ့တဲ့ မြန်မာ့သမိုင်းမှာ ပါရှိတဲ့ သူရဲကောင်းအချို့ကို အကြမ်းဖက်သမားတွေ ပါလို့ မည်သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားက သတ်မှတ်ရက်သလဲ။ ဘယ်သူမှ မသတ်မှတ်ရက်ဘူး။ မည်သည့် သူတော်ကောင်း ပညာရှင်ကမျှ မသတ်မှတ်ရက် ဘူး။ အဲဒီတော့ တကမ္ဘာလုံးက တစ်ဖက် မုစ်လင်မ်တွေက တစ်ဖက် ဘာကြောင့် ဖြစ်နေရတာလဲ။ မုစ်လင်မ်တွေဟာ အကြမ်းဖက်ခြင်းခံရတဲ့သူတွေ ဖြစ်တယ်။ မုစ်လင်မ်တွေဟာ အကြမ်းဖက်ခြင်း မခံရရင်တောင် အကြမ်းဖက်ခြင်းခံရတဲ့သူတွေရဲ့ ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြီး၊ ရဲရဲတောက် တိုက်စစ်ဆင်တတ် ကြလို့ပဲ။ မုစ်လင်မ်တွေဟာ အဖိနှိပ်ခံတွေဖြစ်တယ်။ အဖိနှိပ်ခံတွေ မဖြစ်ခဲ့ရင် တောင် ဖိနှိပ်ခံရတဲ့သူတွေရဲ့ ဘက်ကနေပြီးတော့ ရပ်တည်ပြီး ဖိနှိပ်သူကို မကြောက်မရွံ့၊ သံမဏိစိတ်ဓာတ်အပြည့်နဲ့ တဟုန်ထိုး တိုက်စစ်ဆင်တတ်ကြလို့ပဲ။

ကောင်းပြီ။ စာရှုသူ ဖြေကြည့်ပါ။ အဖိနှိပ်ခံရလို့ ဖိနှိပ်တဲ့သူကို တွန်းလှန်တဲ့သူကို အကြမ်းဖက်သမားလို့ခေါ်ရင်၊ အနှိပ်စက်ခံရလို့၊ အကြမ်းဖက်ခံရလို့ အကြမ်းဖက် တဲ့သူကို ပြန်လည် ပုန်ကန်တာကို အကြမ်းဖက်သမားလို့ခေါ်ရင်၊ နိုင်ငံပိုင်နယ်မြေ ထဲကို လက်နက်အားကိုး၊ နျူးကလီးယား အားကိုးနဲ့ မတရားကျူးကျော်ဝင်ရောက် သိမ်းပိုက်၊ အခြေချနေထိုင်တဲ့ ခေတ်သစ်နယ်ချဲ့ဝါဒီတွေအား တော်လှန်တဲ့သူတွေ ကို အကြမ်းဖက်သမားလို့ ခေါ်ရင် တရားမျှတမှု ရှိပါ့မလား။ မှန်ကန်မှု ရှိပါ့မလား။ ယုတ္တိရှိပါ့မလား။ အသိဉာဏ်နဲ့ ကိုက်ညီပါ့မလား။ အကြမ်းဖက်သမားလို့ သူတို့ကို သတ်မှတ်မယ်ဆိုရင် ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းမှာ ရှိခဲ့တဲ့၊ ရှိနေတဲ့ အာဇာနည် သူရဲကောင်းတွေကို အကြမ်းဖက်သမားလို့ သတ်မှတ်ရတော့မယ်။ စဉ်းစဉ်းစားစား၊ ချင့်ချင့်ချိန်ချိန် ဝေဖန်သုံးသပ် အဖြေထုတ်ပါ။ အဂတိတရား လေးပါး၊ အစွဲအမျိုးမျိုး က ကင်းလွတ်ပြီး ဖွင့်ထားတဲ့ စိတ်နှလုံးနဲ့ သုံးသပ်ပါ။ ဖြေကြည့်ပါ။

ရခိုင်ပြည်နယ်မှာ ရခိုင်-ရိုဟင်ဂျာအဓိကရုဏ်း (၀ါ) ရခိုင်-မုစ်လင်မ်အဓိကရုဏ်းဖြစ် တဲ့အချိန်ကစပြီး၊ မီဒီယာတွေမှာ နိုင်ငံရေးသမားအမည်ခံ အကြမ်းဖက်သမား (၀ါ) အကြမ်းဖက်အားပေး ၀ါဒီတွေက အစ္စရေးနိုင်ငံကို ဥပမာပေးပြီး၊ အတုယူပြီး ပြော ဆိုလာကြတာ ကြားနေ၊ မြင်နေ၊ တွေ့နေရတယ်။ ဒီလူတွေဟာ အစ္စရေးနဲ့ ပါလက် စတိုင်းရဲ့ အရေးကို ဘယ်လောက် သိလို့လဲ။ သူတို့ရဲ့ သမိုင်းကို ဘယ်လောက် နားလည်လို့လဲ။ ဒီလို ပြောရင် စာရေးသူကို ဘ၀င်မြင့်နေတယ်လို့ ထင်ကောင်းထင် လိမ့်မယ်။ ဘ၀မြင့်နေတာ မဟုတ်ပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ အရေးကို စစ်စစ် မှန်မှန် သုံးသပ်တတ်ဖို့ နေနေသာသာ၊ မြန်မာပြည်ရဲ့ အရေးကိုတောင် စစ်စစ် မှန် မှန် မသုံးသပ်တတ်တဲ့သူတွေက ဒုနဲ့ဒေး ရှိနေတာကို စာရှုသူတွေ့မှာပါ။ ဒါက ဘာ ကြောင့်လဲ။ ပုံပြင်ဆန်တဲ့ သမိုင်းတွေ သင်ခဲ့ရတယ်။ တိုင်းပြည်မသိရင် ဗာရာဏ သီ၊ မင်းနာမည် မသိရင် ဗာရာဏသီမင်း၊ ဘယ်တုန်းက ဖြစ်ပျက်ခဲ့တာလဲ မသိရင် ရှေးရှေးတုန်းက၊ တစ်ခါတုန်းက၊ စတဲ့ ပုံပြင်တွေနဲ့ လူလားမြောက်ခဲ့ကြတယ်။ အထောက်အထားမဲ့တဲ့ စာအုပ်တွေ အများကြီး ဖတ်ခဲ့ကြတယ်။ ဘယ်သူက ပြော လို့ ပြောမှန်းမသိဘူး။ ပြဌာန်းစာအုပ်တွေမှာတောင် မြန်မာစာရဲ့ ကဗျာကဏ္ဍမှာ ဆို ရင် အမည်မသိရှေးစာဆိုတဲ့။ အမည်တောင် မသိနိုင်တဲ့သူရဲ့ စာကို ဘာကြောင့် သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သင်နေရတာလဲ။ သူတို့ရဲ့ ကဗျာတွေ၊ စာတွေကလွဲ ပြီး၊ မြန်မာစာပေသမိုင်းမှာ အခြား ကဗျာတွေ၊ စာတွေ မရှိတော့ဘူးလား။ အင်း- ဆက်ပြောရင်တော့ ပေရှည်ပြီး၊ ဆောင်းပါးရဲ့ ပင်မလမ်းကြောင်း လွဲတော့မယ်။ ဒါကြောင့် ပြန်လှည့်မယ်။

အဲဒီတော့ ကျနော်တို့ မုစ်လင်မ်တွေဟာ ကမ္ဘာပေါ်မှာ မည်သို့သော သူတွေနဲ့မှ မတူပါဘူး။ ဖိနှိပ်သူကို ပြတ်ပြတ်သားသား တွန်းလှန်တတ်တယ်။ အကြမ်းဖက်သူ ကို ပြတ်ပြတ်သားသား ချေမှုန်းတတ်တယ်။ နယ်ချဲ့သူကို ရဲရဲဝံ့ဝံ့ သူရဲကောင်းဆန် ဆန် တိုက်ခိုက်တတ်တယ်။ မဟတ္တမဂန္ဓီရဲ့ အကြမ်းမဖက်အနုနည်းကြောင့် အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေး ရခဲ့တယ်လို့ ထင်ရင် သမိုင်းကို နားမလည်သလို ဖြစ်သွား လိမ့်မယ်။ အကြမ်းမဖက် အနုနည်းဆိုတာက နားထောင်လို့ နားဝင်ချိုပေမဲ့ အချိန် တိုင်းမှာ အသုံးမ၀င်ဘူး။ နေရာတိုင်းမှာ အသုံးမ၀င်ဘူး။ ကမ္ဘာ့သမိုင်းကိုပဲကြည့် ကြည့်၊ မြန်မာသမိုင်းကိုပဲကြည့်ကြည့် ဖိနှိပ်သူက အဖိနှိပ်ခံကို အသာတကြည်နဲ့ ချစ်လို့၊ သနားလို့၊ မေတ္တာကရုဏာရှိလို့၊ ကောင်းစားစေချင်လို့၊ ကိုယ်ချင်းစာတရား ထားလို့ ဆိုပြီး၊ လွတ်လပ်ရေး ပေးခဲ့တာ မရှိခဲ့ဘူး။ အဲဒီလိုတာ အသာတကြည်ပေး ခဲ့ရင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေဖြစ်ပြီး၊ အပြစ်မဲ့လူသားတွေရဲ့ အသက် တွေ သန်းပေါင်းများစွာ သေကြေစရာ အကြောင်းမရှိဘူး။ တပ်မတော်ဖွဲ့ဖို့ ဂျပန် ပြည်ကို အသက်နဲ့ရင်းပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲကောင်းတစ်စု သွားရောက် ပြီး၊ စစ်သင်တန်းတက်စရာ အကြောင်းမရှိဘူး။ ဆရာစံတို့လို အာဇာနည် သူရဲ ကောင်းတွေရဲ့ သွေးတွေ မြေခစရာ အကြောင်းမရှိဘူး။ ကျောင်းသားခေါင်းဆောင် အာဇာနည်သူရဲကောင်း ကိုတင်မောင်ဦးလို စစ်အာဏာရှင်တွေရဲ့ ကြိုးစင်မှာ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့စရာ အကြောင်း မရှိ ဘူး။

ဒီသူရဲကောင်းတွေ၊ အာဇာနည်တွေဟာ အကြမ်းဖက်ဝါဒကို နှစ်ခြိုက်လို့ တော်လှန် ရေးလုပ်ခဲ့ကြတာ မဟုတ်ဘူး။ အနုနည်းကို သုံးလို့မရလို့ မလွှဲမရှောင်သာ အကြမ်း နည်းကို သုံးခဲ့ကြရတာ ဖြစ်တယ်။ အကြမ်းမဖက် အနုနည်းနဲ့ သွားနေလို့ကတော့ ဘယ်တော့မှ စစ်အာဏာရှင် မြန်မာပြည်မှာ အမြစ်ပြတ်မှာ မဟုတ်ဘူးလို့ ဗုဒ္ဓ ဘာသာဝင် မြန်မာနိုင်ငံသားတွေကို အကြံပြုချင်တယ်။ စစ်အာဏာရှင်တွေကို အမြစ်ကနေပြီး သုတ်သင်ရှင်းလင်းနိုင်ဖို့က လစ်ဗျားကို နှစ်ပေါင်းများစွာ လက်ဝါး ကြီးအုပ်ဂုတ်သွေးစုတ်ပြီး၊ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ ကဒါဖီကို တော်လှန် ခဲ့သလို တော်လှန်မှပဲ ရမယ်။ ဒီလိုပြောလို့ ကွန်မြူနစ်ခေတ်ကလို တောခိုဖို့ ပြော နေတာ မဟုတ်ဘူး။ လူထုတိုက်ပွဲတွေကို ရဲရဲဝံ့ဝံ့ ဆင်နွှဲကြရမယ်။ ဆန္ဒတွေပြရ မယ်။ ဒီလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒတွေပြလို့မှ အကြမ်းဖက်ဖြိုခွင်းလာမယ်ဆိုရင် လက် နက်ကို လက်နက်ချင်း ယှဉ်ပြီး တိုက်ရလိမ့်မယ်။ ယခုခေတ်က ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက်၊ အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက်ဆို နောက်ဆုံးပေါ် လက်နက်တွေ ထုတ်ပေးနိုင်တဲ့ နိုင်ငံကြီးတွေ အဆင်သင့် ရှိနေ တယ်။ နောက်ဆုံးပေါ်နည်းပညာတွေ အခမဲ့သင်ပေးနိုင်တဲ့ နိုင်ငံကြီးတွေ အများ ကြီး ရှိနေတယ်။ ကောင်းကင်ယံကနေပြီးတော့ နောက်ဆုံးပေါ် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးတွေကို ဖွဲနဲ့ပက်သက်လို ကျဲပေးနိုင်တဲ့ နိုင်ငံကြီးတွေ အများကြီး ရှိ နေတယ်။

ဒီလို နိုင်ငံကြီးတွေရဲ့ အကူအညီကိုလည်း ရနိုင်သမျှ ယူပြီး၊ စစ်အာဏာရှင်တွေကို တိုက်ခိုက်ကြရလိမ့်မယ်။ ပထမအဆင့် ငြိမ်းချမ်းစွာနဲ့ လူထုတိုက်ပွဲ ဆင်နွှဲရမယ်။ ငြိမ်းချမ်းစွာနဲ့မှ မရရင် လက်နက်ကိုင်သင့် ကိုင်ပြီးတော့ အာဏာရှင်ကို ပြတ်ပြတ် သားသားချေမှုန်းရမယ်။ ဒီလို မချေမှုန်းသမျှတော့ ဓာတုကလျာကော်မရှင်လေး ဖွဲ့ လိုက်တာကို ကျေနပ်လိုက်၊ သဘောတူလိုက်လို့ကတော့ ဘာမှ မဖြစ်လာယုံမက ထပ်ပြီးတော့ နှိပ်ကွပ်ခံကြရအုံးမယ်။ အခုထက်ထိ လက်ပန်းတောင်းတောင် စီမံ ကိန်းသပိတ်စခန်းက ဒဏ်ရာရသွားတဲ့ သံဃာတော်တွေ၊ ပြည်သူတွေကို နိုင်ငံ တကာအရပ်ရပ်မှာ ရှိတဲ့ မည်သည့် မြန်မာအဖွဲ့အစည်းကမျှ နိုင်ငံခြားကို ခေါ်ယူ ပြီး၊ ဆေးကုသပေးမယ်၊ Sponsor ပေးမယ်ဆိုတဲ့ သတင်းကို မကြားသေးဘူး။ ဘာ တွေ လုပ်နေကြသလဲတော့ မသိဘူး။ လုပ်ရမှာက ဒဏ်ရာရသံဃာတော်တွေကို နိုင်ငံကြီးတွေ ဥပမာ-ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမဏီစတဲ့ နိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံရေးအသင်းတစ်သင်းကနေ Sponsor ပေးပြီး၊ ကုန်ကျစရိတ် အကုန်ခံပြီး ခေါ်ထုတ်သင့်တယ်။ ပြီးရင် သူတို့ရဲ့ ဒဏ်ရာ တွေဟာ ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခြင်းခံခဲ့ရတာ ဟုတ်၊ မဟုတ် ဆေးစစ် မယ်။ ဟုတ်တယ်ဆိုရင် နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ ဒီလို ဓာတုလက်နက် သုံးပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ အပြစ်မဲ့ သံဃာတော်တွေနဲ့ အပြစ်မဲ့ ပြည် သူတွေကို ဖြိုခွင်းချေမှုန်းခဲ့တာဟာ နိုင်ငံဥပဒေအရ ဘယ်လို ရှိလဲ။ နိုင်ငံတကာ စစ် ရာဇ၀တ်ခုံရုံးကို တင်လို့ရမလား။ ရမယ်ဆိုရင် တင်ယုံပဲ။ အဲဒီလို တစ်ဖက်မှာ လုပ် ရင်းနဲ့ နောက်တစ်ဖက်မှာ ဒဏ်ရာရသံဃာတော်တွေ၊ ပြည်သူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ ပညာရှင်တွေ ပေးတွေ့ ပေးရမယ်။ ဒီလိုလုပ်မယ်ဆိုရင် ဓာတုသိန်းစိန်အစိုးရက ကြောက်ပြီး ဓာတုလက်နက်ဗုံးနဲ့ ချေမှုန်းခြင်းခံရလို့ ဒဏ် ရာရထားတဲ့ ပြည်သူတွေ၊ သံဃာတော်တွေကို Passport ထုတ်မပေးတာတို့၊ ပြည် ပထွက်ခွာခွင့် ပိတ်ပင်တာတို့ လုပ်လာလိမ့်မယ်။ အဲဒီလို လုပ်လာရင်လဲ လူထုအား ကို သုံးပြီး၊ မီဒီယာဌာနတွေရဲ့ အကူအညီနဲ့ နိုင်ငံတကာ အလေးထားတဲ့ အမှု ကိစ္စတစ်ခုဖြစ်လာအောင် ကြိုးစားရလိမ့်မယ်။

ကျနော်တို့ မုစ်လင်မ်တွေကတော့ အရမ်း ပြတ်သားတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု မှာ ပါဝင်ခဲ့တဲ့သူတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံတင်ဖို့ အမေရိကန်နိုင်ငံရောက် မြန်မာ့ မုစ်လင်မ်တွေ၊ အဖွဲ့အစည်းတွေက လှုပ်ရှားနေတာ တော်တော်လေး ခရီး ရောက်နေကြပြီ။ ဒီနေရာမှာ မုစ်လင်မ်လူထုကြီးကို ပြောချင်တာလေးတွေ ပေါ်လာ တယ်။ ဒီကိစ္စဟာ ကျနော်တို့ မုစ်လင်မ်လူထုကြီးရဲ့ အသက်တမျှ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် မြန်မာ့ မုစ်လင်မ်လူထုကြီးအနေနဲ့ ငွေအား၊ လူအား၊ ဉာဏအားတွေနဲ့ ပူးပေါင်းပါဝင်ကြရမှာ ဖြစ်တယ်။ အခုနှစ်မှာ အလ္လာဟ့်လမ်းမှာ အသုံးပြုမဲ့ ငွေတွေကို ဒီအမှုကိစ္စကြီး ဆောင်ရွက်ဖို့အတွက် တစ်ဝက်လောက် သုံး စေချင်တယ်။ ဒီအမှုကိစ္စကြီးကို ဆောင်ရွက်နေတဲ့သူတွေကလဲ ‘မအာ’နေပဲ၊ ပွင့် လင်းမြင်သာမှုအပြည့်နဲ့ ဆောင်ရွက်သင့်တယ်။ ဒီအမှုကိစ္စကြီးကို ဆောင်ရွက်ဖို့ အတွက် ကော်မတီဖြစ်ဖြစ်၊ အသင်းဖြစ်ဖြစ်၊ သီးသန့် ရှိသင့်တယ်။ အဲဒီ အသင်းက နေပြီးတော့ ဒီကိစ္စအတွက် နိုင်ငံတကာအရပ်ရပ်မှာရှိတဲ့ မြန်မာ့မုစ်လင်မ်လူထု အတွင်းက ထင်ရှားကျော်ကြားတဲ့၊ လူထုအပေါ်မှာ သြဇာရှိတဲ့သူတွေနဲ့ ဆက်သွယ် ရမယ်။ ပညာရှင်တွေနဲ့ ဆက်သွယ်ရမယ်။ သူခိုးလိုလို၊ ဂျပိုးလိုလို၊ အုံပုန်းလုပ်နေ လို့ မရဘူး။ လျှို့ဝှက်ပြီး လုပ်နေလို့ မရဘူး။ မုစ်လင်မ်လူထုထဲက ယုံကြည်စိတ်ချ ရတဲ့ နိုင်ငံတကာအရပ်ရပ်က ဦးစီးခေါင်းဆောင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေး နွေးရမယ်။ ပြည်သူလူထု သိသင့်သိထိုက်တဲ့ ယေဘူယျအချက်တွေကိုလည်း ကြေ ညာချက်တွေ ထုတ်ပြန်ပြီး၊ အသိပေးသင့်တယ်။ ဘယ်အဆင့်ရောက်နေပြီ။ ဘယ် လို အခြေအနေ တွေဖြစ်နေပြီ။ ဘယ်လို အခက်အခဲတွေ ရှိနေတယ်။ ဒီလို သိမှ နိုင်ငံအရပ်ရပ်မှာ ရှိကြတဲ့ ပညာရှင်တွေ၊ ဥစ္စာပစ္စည်းရှိတဲ့သူတွေ၊ နိုင်ငံရေးသမား တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးနယ်ပယ်က ခေါင်းဆောင်တွေက ၎င်းတို့တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကူညီနိုင်မယ်။ အင်ရှာအလ္လာဟ် ကူညီ လည်း ကူညီပါလိမ့် မယ်။ ဒီလို မဟုတ်ပဲနဲ့ “ငါသိ၊ ငါတတ်၊ ငါသာလျှင် ဆရာကြီး ဖြစ်တယ်”ဆိုတဲ့ ဘ၀င်နဲ့ သွားနေလို့ကတော့ ဘာမှ ဖြစ်လာဖို့ မရှိဘူး။ လေတစ် လုံး မိုးတစ်လုံး ပြောပြီး၊ လူရယ်စရာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ ဒီကိစ္စကို ဆောင်ရွက်နေတဲ့ သူတွေနဲ့ သတိချပ်စေချင်တယ်။ မြန်မာစကားမှာ ရှိတယ်။ ပြော လိုက်တော့ ရွှေမန်းတင်မောင်၊ ကလိုက်တော့ ချိုမိုင်မိုင်လို မဖြစ်ဖို့ အရေးကြီး တယ်။ အင်ရှာအလ္လာဟ်၊ “မြန်မာ့မုစ်လင်မ်လူထု ဘာလုပ်သင့်သလဲ” ခေါင်းစဉ်နဲ့ ထပ်ပြီးတော့ မုစ်လင်မ်လူထုကြီးရဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေကို ပြည်သူ့ရှေ့ မှောက် ပွင်းလင်းမြင်သာစွာ ချပြသွားမယ်လို့ ဆန္ဒပြုရင်း…..

ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။

ချမ်းမြေ့

7/12/2012

PDF ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ

https://docs.google.com/open?id=0B4fThqDxAlBUM2VMZGJVWXU3SUU

http://www.scribd.com/doc/115894745/Dartu-Thein-Sein-pdf

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s