မြန်မာ့စွယ်စုံကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသား

ဒီလို ခေါင်းစဉ်တပ်လိုက်လို့ တစ်ချို့က မကျေမနပ် ဖြစ်ကြလိမ့်မယ်။ တစ်ချို့က သိပ်နားမရှင်း ဖြစ်ကြလိမ့်မယ်။ တစ်ချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြလိမ့် မယ်။ တစ်ချို့က လှိုက်လှိုက်လှဲလှဲ ထောက်ခံကြလိမ့်မယ်။ မည်သူက မည်သို့ပင် ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ စာရေးသူ အနေနှင့် မည်သို့မျှ “မှု”မည် မဟုတ်ပါ။ လူတိုင်းဟာ မိမိယုံကြည်ချင်တာကို ယုံကြည်နိုင်ပါတယ်။ မိမိ ထင်မြင်ရာကို ပြောဆိုနိုင်ပါတယ်။ မိမိ အယူအဆတွေကို လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့် ရှိကြပါတယ်။ ဒါဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပါ။ လူ့အခွင့်အရေးပါ။ လူ့အခွင့်အရေးဆိုတာ “ဓာတုသိန်း စိန်”အစိုးရက ချီးမြှင့်ထားတာ မဟုတ်ပါ။ လူသားတိုင်း မွေးဖွားလာကတည်းက ပါရှိလာတဲ့ လူ့အခွင့်အရေးပါ။

201

မြန်မာ့စွယ်စုံကျမ်းဆိုတာကတော့ စာရှုသူများ နားလည်ပြီးသား ဖြစ်မယ်လို့ ထင်ပါ တယ်။ အဲဒီအတွက် အကျယ်မချဲ့နေတော့ပါ။ သို့သော် “မော်ကွန်းဝင်” ဆိုတဲ့ စကားလုံးလေးကိုတော့ နည်းနည်း အကျယ်ချဲ့ပြီး ရှင်းပြချင်ပါတယ်။ ‘မော်ကွန်း ၀င်’ဆိုတဲ့ မြန်မာစကားလုံးလေးဟာ ‘မော်ကွန်း’ဆိုတဲ့ စကားလုံးကနေ ဆင်းသက် လာတာပါ။ ‘မော်ကွန်း’ဆိုတဲ့ စကားလုံးကို အခြေပြုပြီး မြန်မာစာပေနဲ့ ဘာသာ စကားမှာ မော်ကွန်းတိုက်၊ မော်ကွန်းတင်၊ မော်ကွန်းဝင်၊ မော်ကွန်းထိန်း၊ မော်ကွန်း တိုင်၊ မော်ကွန်းထိုးစတဲ့ စကားလုံးတွေ ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ ‘မော်ကွန်း’ဆို တဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို စစ်အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ မြန်မာစာအဖွဲ့ဦးစီးဌာနက ပြုစု ရိုက်နှိပ်(2008/ န၀မအကြိမ်) ထုတ်ဝေခဲ့တဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ အခုလို ဖွင့်ဆိုထားပါ တယ်။

မော်ကွန်း /mo gun: / n record of significant event meant to last လို့ ဖွင့်တယ်။ အဓိပ္ပါယ်ကတော့ ‘မော်ကွန်း’ဆိုတာ နောက်ဆုံး(နေ့)အထိ တည်ရှိနေမဲ့ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ကြီးရဲ့ မှတ်တမ်းလို့ ရပါတယ်။

လွယ်လွယ်ကူကူ ဖွင့်ဆိုရရင် ထာဝရတည်တံ့နေမဲ့ ခမ်းနားတဲ့ အဖြစ်အပျက် မှတ်တမ်းပေါ့။ တက္ကသိုလ်အဆင့် ပညာသင်ကြားဖူးတဲ့သူတိုင်း ကြားဖူးနေတဲ့ စကားလုံးကတော့ ‘မော်ကွန်းထိန်း’ဆိုတဲ့ စကားလုံးပါ။ ‘မော်ကွန်းထိန်း’ဆိုတာက တက္ကသိုလ်မှာ ခန့်အပ်ထားတဲ့ မှတ်တမ်းတင်တဲ့သူကို ခေါ်တယ်။ အင်္ဂလိပ်လို ဆိုရင် registrar of a university ပေါ့ဗျာ။  ကောင်းပြီ။ ‘ရိုဟင်ဂျာတိုင်းရင်းသား’ ဟာ ဘယ်လို ကမ္ဘာ့မော်ကွန်းဝင်တဲ့ နာမည်တစ်ခု ဖြစ်လာရတာလဲ။ တနည်း အားဖြင့် ကမ္ဘာ့မှတ်တမ်းတင်တဲ့ နာမည်တစ်ခု ဖြစ်လာရတာပါလဲလို့ စာရှုသူက မေးခဲ့ရင်ဖြင့် ကျနော်က အခုလို ရိုးသားစွာနဲ့ ဖြေပါ့မယ်။

ကျနော်တို့ မြန်မာနိုင်ငံကို မျက်မှောက်ကမ္ဘာရဲ့ အင်အားအကြီးဆုံး၊ တိုးတက်မှု ထွဋ်ခေါင်၊ ဒီမိုကရေစီ အရှိဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံ တော်သမ္မတတစ်ဦးဟာ လွန်ခဲ့တဲ့လ၊ တိတိကျကျ ပြောရရင် ၂၀၁၂ ခုနှစ်၊ နိုဝင် ဘာလ (၁၉) ရက်၊ တနင်္လာနေ့မှာ ရောက်ရှိလာခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ကနေ သမ္မတအဆင့်ရှိတဲ့ လူတစ်ဦး မြန်မာပြည်ကို လာခဲ့တာ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးပါပဲ။ သူ့ရဲ့ မိန့်ခွန်းထဲမှာတောင် အမေရိကန်သမ္မတကိုယ်တိုင် ထည့် ပြောခဲ့သေးတယ်။ ကျုပ်ဟာ ဒီမြန်မာနိုင်ငံကို ပထမဦးဆုံးလာရောက်ခဲ့တဲ့ အမေ ရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး သမ္မတတစ်ဦး ဖြစ်တယ်။ ကဲ- အလွန် အကျူး ရေးဖွဲ့ရမယ်ဆိုရင် ကမ္ဘာဦးအစကတည်းက မြန်မာနိုင်ငံကို ပထမဦးဆုံး ရောက်ရှိခဲ့ တဲ့ အမေရိကန်သမ္မတတစ်ဦးရဲ့ ခရီးစဉ် ဖြစ်တယ်။ အဲဒီတော့ ဒီခရီးစဉ်ဟာ သမိုင်းဝင် ခရီးစဉ် မဟုတ်ပါဘူးလို့ ဘယ်သူက ဘယ်ဆင်ခြေဆင်လက်တွေနဲ့ ငြင်းလို့ရနိုင်မှာလဲ။ အဲဒီ သမိုင်းဝင်ခရီးစဉ်ကြီးမှာ သမိုင်းဝင် မိန့်ခွန့်ရှည်ကြီး တစ်ခု ကို ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အသက်တမျှ ချစ်မြတ်နိုးတဲ့၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ ဘူမိနက်သန်ဖြစ်ခဲ့ တဲ့၊ တိုင်းပြည်ရဲ့ သူရဲကောင်း၊ အာဇာနည်၊ ပညာရှင် အမြောက်အများကို မွေး ထုတ်ပေးခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးမှာ ပေးခဲ့တယ်။ အဲဒီ သမိုင်းဝင် မိန့်ခွန်းရှည်ကြီးထဲမှာ ‘ရိုဟင်ဂျာ’ဆိုတဲ့ စကားလုံးကို တမင်တကာ ရွေးချယ်ပြီး သုံးနှုန်းခဲ့တယ်။ သမ္မတတစ်ဦးက ပေါက်လွတ်ပဲစား ပါးစပ်ထဲလာရာတွေ ပြောခဲ့ တယ်လို့ ဘယ်ပညာရှိသူတော်ကောင်းကမှ မှတ်ချက်ပြုမှာ မဟုတ်ဘူး။ စကားလုံး တိုင်းကို ပညာတတ်တိုင်းက ရွေးချယ် သုံးနှုန်းတတ်ကြတယ်။ အထူးသဖြင့် နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားတဲ့သူတွေဆို ပိုပြီးတော့ ရွေးချယ် တတ်ကြတယ်။ ကောင်းပြီ။ ဒါဆိုရင် အမေရိကန်သမ္မတအိုဘားမားဟာ ဘယ် အကြောင်းကြောင့် ‘ရိုဟင်ဂျာ’ဆိုတဲ့ စကားလုံးကို ရွေးချယ်သုံးနှုန်းခဲ့တာပါလဲ။ ဘာကြောင့် စစ်အာဏာရှင်ဟောင်းတွေအကြိုက်၊ ရူးချင်ယောင်ဆောင်နေတဲ့ ဓာတုကလျာကြီးနဲ့ တစ်ဘာသာ၊ တစ်လူမျိုး လူ့အခွင့်အရေးဝါဒီတွေရဲ့ ကြေညာ ချက်ပါ ရိုင်းစိုင်တဲ့၊ လူအခွင့်အရေးကို ချိုးဖောက်တဲ့ အသုံးနှုန်းဖြစ်တဲ့ ‘ဘင်္ဂလီ’ဆို တဲ့ စကားလုံးကို ၎င်းတို့အကြိုက် မသုံးစွဲခဲ့ရတာလဲ။

တိုတိုပြောရရင်တော့ဗျာ အဲဒီလို လူအုပ်စုကြီးတစ်ခုကို နှိပ်ကွပ်ပြီး၊ ရုတ်ရင်းကြမ်း တမ်းစွာ၊ သမိုင်းရဲ့ အရှိတရားကို မျက်ကွယ်ပြုလို့ ‘ဘင်္ဂလီ’လို့ ခေါ်နေတာဟာ ကမ္ဘာ့ဇာတ်ခုံမှာ ‘အဆင့်’ မရှိတဲ့ အပြုအမူမို့ပါပဲ။ ကိုယ်ကျင့်တရား ဖောက်ဖျက် တတ်သူတစ်ဦးရဲ့ အပြုအမူမို့ပါပဲ။ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ အပြုအမူမို့ပါပဲ။ ဒီမိုကရေစီစံနှုန်းတွေကို ရိုက်ချိုးလိုက်တဲ့ အပြုအမူမို့ပါပဲ။ တစ်ချို့က ဘာသာပြန် တော့  ‘ရိုဟင်ဂျာ’ကို ‘ရိုဟင်ဂျာ’လို့ပဲ ပြန်ကြပါလေရော။ ဒါဆို စာရှုသူက မေးမယ်။ အိုဗျာ- ခင်ဗျားကလဲ၊ ‘ရိုဟင်ဂျာ’ကို ‘ရိုဟင်ဂျာ’လို့ ဘာသာမပြန်လို့ ဘယ်လို ဘာသာပြန်ရမှာတုန်း။ ကြည့်လဲလုပ်စမ်းပါအုံးဗျာလို့ မေးခဲ့ရင်ဖြင့် ကျနော်က ဒါဆိုရင်ဗျာ ‘Myanmar’လို့ပဲဖြစ်ဖြစ်၊ ‘Burma’လို့ပဲဖြစ်ဖြစ် အင်္ဂလိပ်သုံးနှုန်းထားတဲ့ စကားလုံးကို ဘာသာပြန်ရင် ဘာကြောင့် ‘မြန်မာနိုင်ငံ’၊  ‘ဗမာနိုင်ငံ’လို့ ပြန်ရတာ လဲ။ မူရင်းမှာ နိုင်ငံဆိုတာ မပါဘူးလေ။

ဒါပေမဲ့ ဒီလိုပြန်တာကို (နိုင်ငံတကာ အဆင့်မှီ နိုင်ငံကြီးတစ်ခုကနေပြီးတော့ ကျောင်းပြီးထားတဲ့) ပါရဂူဘွဲ့ရ မည်သည့် ဘာသာဗေဒနဲ့ ဘာသာပြန်ပညာရှင်ကမှ မှားတယ်လို့ ငြင်းလို့မရဘူး။ ဘာကြောင့် လဲသိလား။ မြန်မာဆိုတာ၊ ဗမာဆိုတာ ဓာတုသိန်းစိန်ရဲ့ အမေပေးပြီး အဖေမတော် လိုက်ရတဲ့လူရဲ့ နာမည်မှ မဟုတ်တာ။ နိုင်ငံတစ်ခုရဲ့ နာမည်လေ။ ဒီလိုပဲ ‘ရိုဟင်ဂျာ’ကို ‘ရိုဟင်ဂျာ’လို့ ပြန်တာကို မှားတယ် လို့ မပြောနိုင်ပေမဲ့ မရိုးသားစွာ ရည်ရွယ်ချက် ရှိရှိနဲ့ ‘လူမျိုး’ (၀ါ) ‘တိုင်းရင်းသား’ ဆို တာကို ‘ချန်လှပ်’ပြီး ဘာသာပြန် ဆိုခဲ့ကြတယ်။ ‘ရိုဟင်ဂျာ’ဆိုတာ ဓာတုသိန်းစိန်ရဲ့ ဂျီးတော်ရဲ့ နာမည်မှ မဟုတ်တာ။ လူမျိုးစုတစ်စုရဲ့ နာမည်လေ။

လူမျိုးစုတစ်စု၊ တိုင်းရင်းသားတစ်စုရဲ့ နာမည်ကို အင်္ဂလိပ်လို သုံးနှုန်းလိုက်တဲ့ အတိုင်း ရိုးသားတဲ့ ပညာတတ်သူတော်ကောင်းတွေဟာ ဘာသာပြန်လေ့ မရှိကြ ပါဘူး။ ဥပမာဗျာ – Karen has been persecuted by Military Regime ဆိုပါ တော့ဗျာ။ အဲဒါကို ကရင်ဟာ စစ်အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်၊ နှိပ်စက်ခြင်း တွေကို ခံနေရပါတယ်လို့ ပြန်လိုက်ရင် ရှုပ်ကုန်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာ့လူ့ဘောင်မှာ ကိုကရင်ဆိုတဲ့ နာမည်ရှိတဲ့သူတွေ ရှိနေတယ်။ အဲဒီတော့ ကရင်ဆိုတာ ဘယ်က ကရင်လဲ။ တောင်ပေါ်ကရင်လား၊ မြေပြန့်ကရင် လား။ ပန်းတိမ်ဆရာ ကိုကရင်လား။ ဆရာဝန်ကြီး ဦးကရင်လား။ ဒါဟာ ဘာကြောင့်လဲဆိုတော့ မြန်မာပြန်တယ်ဆိုတာ မြန်မာဆန်ဆန် ပြန်ရမယ်။ မြန်မာ စာပေရဲ့ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာပေရဲ့ ယဉ်ကျေးမှု မတူဘူး။ ဒီလိုပဲ မြန်မာ ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား ယဉ်ကျေးမှုခြင်း မတူဘူး။ အသုံးအနှုန်း တွေ မတူဘူး။ အကယ်၍ ကရင်လူမျိုးများဟာ (၀ါ) ကရင်တိုင်းရင်းသားများဟာ စစ်အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်၊ နှိပ်စက်ခြင်းတွေကို ခံနေရပါတယ်လို့ ဘာသာပြန်လိုက်ရင်တော့ ဘယ်လိုမှ ၀ိရောဓိတွေ ဖြစ်လာစရာ အကြောင်း မရှိ တော့ဘူး။ ဒါကြောင့် ဘာသာပြန်တဲ့အခါမှာ ရိုးသားရမယ်။ အရှိတရားကို မျက်ကွယ်ပြုလို့ မရဘူး။ ချစ်လို့၊ မုန်းလို့ အမှန်တရားကို မငြင်းပယ်ရဘူး။ လူသတ် သမားတွေ၊ အကြမ်းဖက်သမားတွေကို မီဒီယာနဲ့ အားမပေးရဘူး။ အချုပ်အားဖြင့် ‘ရိုဟင်ဂျာ’ကို ‘ရိုဟင်ဂျာ’လို့ ဘာသာပြန်တာဟာ မမှားပေမဲ့ မရိုးသားတဲ့၊ ရည်ရွယ် ချက်ရှိရှိ လူမျိုး (၀ါ) လူမျိုးစု (၀ါ) တိုင်းရင်းသားဆိုတာကို ချန်လှန်ခဲ့ကြတယ်လို့ သုံးသပ်တယ်။

ကောင်းပြီ။ အထက်က ရေးခဲ့တဲ့အကြောင်းကို ရှေ့ဆက်မယ်။ အဲဒီလို အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတတစ်ဦးရဲ့ သမိုင်းဝင်ခရီးစဉ်ဟာ ကမ္ဘာ့သမိုင်းမှာ တင်ခြင်း ခံရမယ်။ မြန်မာ့သမိုင်းမှာလဲ တင်ခြင်း ခံရပါလိမ့်မယ်။ အဲဒီလို သမိုးဝင်ခရီးစဉ်ကို မော်ကွန်းတင်တဲ့အခါ ‘ရိုဟင်ဂျာလူမျိုး’ (၀ါ) ‘ရိုဟင်ဂျာလူမျိုးစု’ (၀ါ) ‘ရိုဟင်ဂျာ တိုင်းရင်းသား’လို့ တင်ကြပါလိမ့်မယ်။ အဲဒီတော့ ကမ္ဘာ့သမိုင်းမှာ မော်ကွန်းတင် ခြင်းခံရမဲ့ ‘ရိုဟင်ဂျာတိုင်းရင်းသား’ဆိုတဲ့ နာမည်ကို ကမ္ဘာ့မော်ကွန်းဝင်နာမည်လို့ ခေါ်တယ်။ ဒါကြောင့် ကျနော့အနေနဲ့ “ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသား” လို့ သုံးနှုန်းလိုက်ရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ စာရှုသူက ခင်ဗျားကလဲဗျာ၊ သူပြောခဲ့တဲ့အထဲမှာ တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းဖြစ်တဲ့ Ethnic ဆိုတဲ့ အသုံးအနှုန်းမပါပဲနဲ့ ခင်ဗျားက ဘာကြောင့် တိုင်းရင်းသားလို့ ဆိုနေရတာလဲ။ သမ္မတကိုယ်တိုင်က ရခိုင်လူမျိုး အကြမ်းဖက် သမားတွေကိုကြတော့ ‘Ethnic Rakhine’ ဆိုပြီး ပွင့်ပွင့်လင်းလင်း သုံးနှုန်းသွား တယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့ ရိုဟင်ဂျာလူမျိုးလို့ သုံးနှုန်းရင် မလုံလောက်ဘူး လားလို့ မေးခွန်းထုတ်ကောင်း ထုတ်ပါလိမ့်မယ်။ အဲဒီလို မေးခွန်းမျိုး မေးခဲ့ရင်ဖြင့် ကျနော်က စာရှုသူရဲ့ အမေးကို လေးစားရိုးသားစွာနဲ့ ဖြေမှာကတော့ “ကမ္ဘာ့ မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသား”လို့ မဖော်ပြခင် “မြန်မာ့စွယ်စုံကျမ်းလာ” ဆိုတဲ့ စကားစု တစ်စုကို ရေးသားဖော်ပြထားပါသေးတယ်။ သားသတ်သမား စစ်အာဏာရှင်ဟောင်း တရုတ်ကပြား ဗိုလ်နေ၀င်းရဲ့လက်ထက်၊ ၁၉၆၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်းရဲ့ အတွဲ-၉၊ စာမျက်နှာ ၉၀ မှာ ရိုဟင်ဂျာလူမျိုး တွေရဲ့ အကြောင်းကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒီလင့်ခ်လေးကို နှိပ်ပြီးတော့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) တစ်အုပ်လုံးကို ဒေါင်းလုပ်လုပ်ကာ ပယ်ပယ်နယ်နယ်၊ ရေရေလည်လည်၊ ခရေစေ့တွင်းကျ၊ နှိုက်နှိုက်ချွတ်ချွတ်၊ ဓမ္မဓိဌာန်ကျကျ လေ့လာနိုင်ကြပါတယ်။

https://docs.google.com/file/d/0Bwl_hA7bJaAeZDkwYTBlYTctMjUwMi00ODQ2LTljYTgtODIwOGYxOTRmZjU1/edit?pli=1

 

အဲဒီတော့ မြန်မာ့စွယ်စုံကျမ်းမှာ အတည်ပြု ရေးသားဖော်ထုတ်ခဲ့တဲ့အတိုင်း ၎င်းရဲ့ အာဘော်ကို လိုက်၍ “ရိုဟင်ဂျာတိုင်းရင်းသား”ဟု သုံးစွဲခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်၍ တရုတ်စွယ်စုံကျမ်းမှာ ပါတယ်ဆိုရင်တော့ ကျနော့အနေနဲ့ သုံးစွဲမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်စွယ်စုံကျမ်းဟာ မြန်မာပြည်က နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိလို့ပါပဲ။

နိဂုံးချုပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မြတ်နိုးခုံမင်၊ ချစ်ခင် တွယ်တာကြသော သူတော်ကောင်းများအား တိုက်တွန်း နှိုးဆော်လိုတာကတော့ဖြင့် “မြန်မာ့စွယ်စုံကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာ တိုင်းရင်းသား” ဆိုတဲ့ အသုံးအနှုန်းကို လူကြီးမင်းတို့ စာရေးတိုင်း၊ ပြောဆိုတိုင်းမှာ ရဲရဲဝံ့ဝံ့၊ ခန့်ခန့်ညားညား၊ ရိုးရိုးသားသား သုံးစွဲကြပါ။ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင် မုစ်လင်မ်များအနေနဲ့ “မြန်မာ့ စွယ်စုံကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသား”ဆိုတဲ့ စကားစုကို များများ ရေးကြပါ။ များများ ပြောကြပါ။ များများ သုံးစွဲကြပါလို့ မေတ္တာရပ်ခံရင်း….

ကိုယ်၊ စိတ်၊ ၀ိညာဉ်သုံးပါးစလုံး ငြိမ်းချမ်းသာယာကြပါစေ။
ချမ်းမြေ့

07/12/2012

PDF ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ

https://docs.google.com/open?id=0B4fThqDxAlBUOHJ5UE42bFN0dEU

http://www.scribd.com/doc/115876177/The-Name-in-the-World-Historical-Record-and-Burmese-Encyclopedia-Rohingya-pdf

//

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s