RNDP ပါတီနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ

ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှနေ၍ RNDP ပါတီအား ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲအား တက်ရောက်၍ ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် RNDP ပါတီ ဌာနချုပ်၏ အီမေးလ် (rndp.sittway@gmail.com)မှတဆင့် တရားဝင် ဖိတ်ကြားလွှာ ပေးပို့ပြီးဖြစ်ပါကြောင်းနှင့် ယင်း ဖိတ်ကြားလွှာကို ပြည်သူတစ်ရပ်လုံး သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

သို့

ဒေါက်တာအေးမောင်

ဥက္ကဌ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ဌာနချုပ်)
အမှတ်- မဘ/၂၂၄၊ မင်းဘာကြီးလမ်း၊
ဘောက်သီးစုရပ်ကွက်၊ စစ်တွေမြို့၊
ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ။
Email: rndp.sittway@gmail.com

အကြောင်းအရာ ။ ။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။

လူကြီးမင်းတို့၏ RNDP ပါတီအနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏အရှိတရားကို လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတို့ကို အခြေခံ၍ ရိုဟင်ဂျာလူမျိုး၏ သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် လူကြီးမင်းတို့၏ RNDP ပါတီအနေနှင့် ရိုဟင်ဂျာလူမျိုး များသည် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စု တစ်စုဖြစ်ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကို လည်း လေ့လာသိရှိရပါသည်။ သို့ပါ၍ လူကြီးမင်းတို့၏ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဌဖြစ်သူ ဒေါက် တာအေးမောင်အပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်း ရင်းသား လူမျိုးတစ်မျိုးဖြစ်ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာစင်မြင့်တွင်မဆို တာဝန်ယူ ကျင်းပပေးသွားပေမည်။

အကယ်၍ လူကြီးမင်းတို့ကိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းတို့၏ ပါတီမှ ရခိုင်သမိုင်းပညာရှင် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်၍ တက်ရောက် ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာ လူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကို International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ပါ၍ လူကြီးမင်းတို့သည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတို့၏ ယုံကြည်ယူဆချက်ဖြစ်သည့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအုပ်စု တစ်စု မဖြစ်ကြောင်းကို လူကြီးမင်းတို့မှ အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေး မည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

ကျွန်ုပ်တို့၏ ဤဖိတ်ကြားချက်အား လူကြီးမင်းတို့အနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိ သည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တို့ထံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တို့၏ အီးမေးလ်များသို့ အကြောင်းပြန်ကြားစေ လိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များ အစည်းအရုံး

သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historcial Debate) အား
တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
================================

၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုး တစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရန်။

၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင် အမာပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား”ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။

၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံ သားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူ ပြုစေရန်။

၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။

၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖိတ်ကြားလွှာ အစ-အဆုံး ဖတ်ချင်သူများအတွက်လင့်ခ်များ

http://www.scribd.com/doc/120118990/BMY-Statement-3-2013-pdf

https://docs.google.com/file/d/0B4fThqDxAlBUQVhGcWc4bUR6LTg

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s