ရခိုင်မှတ်တမ်းက ပြောတဲ့ ရိုဟင်ဂျာတိုင်းရင်းသား

ရိုဟင်ဂျာလူမျိုးဟာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ခါးခါးသီးသီး ငြင်းပယ်နေတဲ့သူတွေ၊ စစ်အာ ဏာရှင်တွေနဲ့ ပေါင်းပြီး ရခိုင်ပြည်နယ်နဲ့ ယင်းပြည်နယ်အတွင်း မှီတင်းနေထိုင်နေခဲ့ကြတဲ့ ပြည်သူ တွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက်၊ မုဒိမ်းကျင့်စတဲ့ လူမဆန်တဲ့ လူမျိုးတုန်း သတ်ဖြတ် မှုဆိုင်ရာ ရာဇ၀တ်မှုကြီး(Genocide)ကို ကျူးလွန်နေကြတဲ့ RNDP, ALD စတဲ့ပါတီက ရခိုင်ခေါင်း ဆောင်တွေနဲ့ ၎င်းတို့ရဲ့ နောက်လိုက် အလိုတော်ရိတွေရယ်၊ ရခိုင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ၊ ရခိုင် လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ကျုပ်တို့ရဲ့ အမိ မြန်မာနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနေကြတဲ့သူ တွေရယ်၊ သမိုင်းစစ်၊ သမိုင်းမှန်ကို သွေဖည်ငြင်းဆန် လက်မခံပဲ လိမ်လည်လုပ်ကြံဖန်တီးထားတဲ့ သမိုင်းတွေကို ရေးသားနေတဲ့သူတွေရယ်၊ ယင်းသမိုင်းလိမ် ဆရာကြီးများကို ဦးထိပ်ပန်ဆင်ပြီး ဆည်းကပ်နေကြတဲ့သူတွေရယ် ဖတ်ဖို့အတွက် ဒီမှတ်တမ်းကို ပြန်လည် စာစီပြီး တင်ပေးလိုက် ပါတယ်။ ဒီမှတ်တမ်းဟာ နှစ်ပေါင်း (၂၄) နှစ် ရှိခဲ့ပါပြီ။ ရခိုင်ပြည်နယ်အား ‘ကိုယ့်ကျွန်ဘ၀’က လွတ်မြောက်ဖို့ လက်နက်စွဲကိုင်တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားတွေရဲ့ မှတ်တမ်း ဖြစ်တယ်။ ပါတီသုံးခုမှာ ၂ ခုက ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပါတီများဖြစ်ပြီး၊ တစ်ပါတီကတော့ ရိုဟင် ဂျာလူမျိုး၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ပါတီဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၄) နှစ်နီးပါးက မှတ် တမ်းဟာ ယခုမျက်မှောက်ခေတ်ရဲ့ သမိုင်းမှတ်တမ်းဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ အဖြစ်အပျက်ဟာ မနက်ဖြန်ရဲ့ သမိုင်းမို့ပါ။ နှစ်ပေါင်း (၂၄) နှစ်နီးပါးဆိုတဲ့ အချိန်ကာလဟာ နည်း သောကာလ မဟုတ်ပါ။ အကယ်၍ ၁၉၈၉ ခုနှစ် မွေးခဲ့တဲ့ လူသားတစ်ဦးဟာ အချိန်နဲ့အခါနဲ့ ပညာ သင်ယူခဲ့မယ်ဆိုရင်၊ အခု မြန်မာပြည်ရဲ့ မအောင်မရှိ ငါ့တပည့်ဆိုတဲ့ ပညာရေးစနစ်နဲ့ဆိုရင် ဘွဲ့တစ်ခုကို ရပြီး ဖြစ်နေပါပြီ။ ဘွဲ့ရယုံမျှမက တစ်ချို့ဆိုလျှင် အိမ်ထောင်ပြု၍ သားသမီးငယ်များ ပင် ရနေလောက်ပါပြီ။

သမိုင်းစစ်၊ သမိုင်းမှန်ဟူသည် ဖျောက်ဖြက်ပစ်၍ ရကောင်းသောအရာ မဟုတ်ပါ။ ရှေ့ကဖုန်းလျှင် နောက်က ပေါ်ပေလိမ့်မည်။ ဒါကြောင့် ရခိုင်လူမျိုးများအပါအ၀င် မြန်မာပြည်သူလူထုကြီးအနေနဲ့ စစ်အာဏာရှင်များနဲ့ ပေါင်းပြီး၊ တိုင်းပြည်နဲ့ ပြည်သူကို ပက်ပက်စက်စက် ရစရာမရှိအောင် ဖျက်စီး နေကြသော RNDP ပါတီနဲ့ ALP ပါတီမှ မျက်ကန်းမျိုးချစ် ဒေါက်တာအေးမောင်အပါအ၀င် တိုင်း ဖျက်၊ ပြည်ဖျက်၊ မျိုးပျက်၊ သာသနာပျက်များရဲ့ မိုးလုံးပြည့်မုသားဝါဒကို လက်ခံယုံကြည်ခြင်း မရှိပဲ ထိုတိုင်းဖျက်၊ ပြည်ဖျက်၊ မျိုးပျက်၊ သာသနာပျက်များကို ခုခံတော်လှန် သုတ်သင်ချေမှုန်း ကြရမှာ ဖြစ်ပါတယ်။ အကယ်၍ စာရှုသူဟာ လူသားဆန်တဲ့ လူရည်မွန်တစ်ဦးဖြစ်ပြီး၊ အမှန် တရားနဲ့ တရားမျှတမှုကို စစ်စစ်မှန်မှန် ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့။

မြန်မာပြည်သူလူထုတစ်ရပ်လုံး လူဝတ်ကြောင် စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့ အလိုတော်ရိ လူယုတ်မာများရဲ့ လှည့်စားခြင်း၊ ယုတ်မာခြင်း၊ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်း၊ နှိပ်စက်ခြင်း အမျိုးမျိုးမှ ကင်းဝေးကြပါစေ။ အာမီးန်။

ချမ်းမြေ့

12-01-2013

11

မျက်စိမကောင်းတဲ့သူတွေ မြင်နိုင်အောင်လို့ စာပြန်စီပြီး အောက်မှာ ဖော်ပြပေးထားပါတယ်။

001 002

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s