ရခိုင်အကြမ်းဖက်သမားတွေရဲ့ စတေးခံလိုက်ရတဲ့ ရခိုင်သူလေး မသီတာထွေး

001

ဒီလို ခေါင်းစဉ်တပ်လိုက်လို့ မြန်မာစကားကို မိခင်ဘာသာစကားအဖြစ် နားလည်၊ ပြောဆိုသုံးစွဲပြီး၊ မြန်မာစကားနဲ့ စာပေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထား တဲ့ စာရှုသူတစ်ချို့က ပြောလိမ့်မယ်။ ဟာဗျာ- ခင်ဗျားကလဲ၊ မသီတာထွေးက မုဒိမ်းကျင့်ပြီး အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ‘စတေး’ခံလိုက်ရ တယ်လို့ ခေါင်းစဉ်ကြီးနဲ့တပ်ပြီး ဆောင်းပါး ရေးရတာလဲ။ ဟုတ်ကဲ့ပါ-စာရှုသူ။ မသီတာထွေး သေဆုံးခဲ့ခြင်းနဲ့ပတ်သက်ပြီး ‘စတေး’ဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့ သူက ရခိုင်လူမျိုးစစ်စစ် ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ U Nan Daw Ba Tha က သုံး စွဲခဲ့တဲ့ စကားလုံးပါ။

အဲဒီအတွက် ရုပ်သံမှတ်တမ်း အလွန်မတန် ခိုင်လုံတဲ့ အထောက်အထားကြီး ရှိနေ ပါတယ်။ ဓာတ်ပုံဆိုရင် ခင်ဗျားတို့ တမင်တကာ လုပ်ကြံဖန်တီးထားတယ်ဆိုပြီး ငြင်းနေကြပါအုံးမယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံ တော်ချိန် နေ့လည် (၁၂း၃၀) မှာ ကမ္ဘာကျော် နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ အလ်ဂျားဇီးရား သတင်းဌာနကနေ ထုတ်လွှင့်သွားခဲ့တဲ့ The Hidden Genocide (ဖုန်းကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီး) ဆိုတဲ့ ရုပ်သံမှတ်တမ်းမှာ ရခိုင် ဘုန်းကြီးက

“မသီတာထွေးကတော့ကာ သူတို့မှာ ဒီမုစ်လင်မ်တွေမှာကျကာ၊ ဘုန်းကြီးတို့ ရခိုင် လူမျိုးတွေကျကာ ဒီမသီတာထွေးက “စတေး” ပေးလိုက်ရတာပေါ့။ ဒါပေမဲ့ ဒီမုစ် လင်မ်တွေ ဘင်္ဂလီလူမျိုးတွေမှာကျကာ အစီအစဉ်က ရှိပြီးသား။”

ရှင်းတယ်နော်။ မသီတာထွေးဟာ ရခိုင်လူမျိုးတွေအတွက် စတေးပေးလိုက်ရတာပါ တဲ့။ စာမတတ်၊ ပေမတတ် လူတစ်ဦးက ပြောရင်တော့ စာဖွဲ့ပြီး ကျနော် ရေးနေမှာ မဟုတ်ဘူး။ အဲဒီ ရခိုင်ဘုန်းကြီးဟာ စစ်တွေမြို့မှာ အလွန်ထင်ရှားတဲ့ ဘုန်းကြီး တစ်ပါးနော်။ ဒီရခိုင်ဘုန်းကြီးနဲ့ပတ်သက်ပြီး ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မ ရှင်မှာ ပါဝင်ခဲ့ဖူးတဲ့ ကျနော်တို့ ဗမာမွတ်စလင်မ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဃာဇီ ဦးတင်မောင်သန်းက ယခုလို မှတ်ချက်တစ်ခုမှာ ရေးဖူးပါတယ်။

“အထက်ပုံပါ သင်္ဃန်းခြုံပုဂ္ဂိုလ် (U Nan Daw Ba Tha) မှာ ရခိုင်အစွန်းရောက် အကြမ်းဖက်တပ်ပေါင်းစုကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ စစ်တွေမြို့ပေါ်တွင် အ ခြေစိုက်သည့် ရဟန်းပျိုအဖွဲ့ (ခေါ်) ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အမည်ခံလျှက် ရခိုင်ပြည်နယ်တွင် စင်ပြိုင်အစိုးရသဖွယ် ဆောင်ရွက်နေသည့် အဖွဲ့ အစည်း၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါသည်။ ယခင်က လူကောင်း၊ ယခု ဖော် လံဖားဖြစ်နေသူ ဒေါက်တာဇာဂနာ ပို၍ သိပါသည်။ ကျွန်တော်ပြောတာ ဟုတ်၊ မဟုတ် သူ့ကို အင်တာဗျူးစေလိုပါသည်။”

ကောင်းပြီ။ ရခိုင်လူမျိုးတွေက မသီတာထွေးကို ‘စတေး’ပေးလိုက်ရတယ်ဆိုတော့ မသီတာထွေးဟာ ရခိုင်လူမျိုးတွေရဲ့ ‘စတေး’ခြင်းကို ခံလိုက်ရတယ်ဆိုတာ သူ့ရဲ့ စကားထဲမှာပဲ ပေါ်နေတယ်။ ‘စတေး’ဆိုတဲ့ မြန်မာစကားလုံးကိုရဲ့ အဓိပ္ပါယ်ကို ပထမဦးဆုံး လေ့လာကြည့်ကြရအောင်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ဦးစီးဦးဆောင်ပြီး ပြုစုရေးသား ၂၀၀၈ ခုနှစ်၊ သြဂုတ်လမှာ ထုတ်ဝေ ခဲ့တဲ့ မြန်မာအဘိဓာန်ရဲ့ စာမျက်နှာ -၉၂ မှာ ‘စတေး’ရဲ့ အဓိပ္ပါယ်ကို ယခုလို ဖော်ပြထားပါတယ်။

စတေး / ဇဒေး / ကြိ- ၁၊ ရှေးအခါက မြို့တည်ခြင်း၊ ကန်၊ ဆည်မြောင်း တူးဖော် ခြင်း စသည့် ကိစ္စတို့တွင် လုပ်ငန်းပြီးဆုံး အောင်မြင်ရေးအတွက် နတ်ပသသည်။             ၂၊ [ဥပစာ] (ယုံကြည်ချက်အတွက်) အဆုံးရှုံးခံဆောင်ရွက်သည်။ [ သ၊ ဂါန္တိ]။

နတ်တွေကို ပူဇော်ပသတဲ့ ဓလေ့ဟာ ရှေးခေတ်တုန်းကတင် မဟုတ်ပါဘူး။ ယခု ခေတ်မှာလဲ ရှိနေပါတယ်။ နတ်တွေ၊ ဒေ၀တာတွေက ‘မ’စဖို့အတွက် ကြက်တွေ၊ ဘဲတွေ၊ နွားတွေ၊ ဆိတ်တွေနဲ့ ပူဇော်လေ့ရှိကြတယ်။ ပသလေ့ရှိကြတယ်။ တစ်ချို့ စီမံကိန်းတွေ ဥပမာ တံတားဆောက်တာတို့ ဘာတို့ဆိုရင် အစိုးရက လူကို သတ်ပြီး အဲဒီမှာရှိတဲ့ နတ်တွေကို ပူဇော်ပသတဲ့ ဓလေ့က အခုထက်ထိ ရှိနေပါ တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်တွေတုန်းကဆိုရင် ဘုရင်တွေက အပြစ်မဲ့ လူသားတွေကို သတ်ဖြတ်ပြီး၊ နတ်ပူဇော်ခဲ့ကြတဲ့ ဓလေ့တွေ ရှိခဲ့ကြပါတယ်။ ယုံကြည်ချက်တွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက်၊ စစ်ပွဲတွေ အနိုင်ရရှိဖို့အတွက် အပြစ်မဲ့လူသားတွေကို သတ်ဖြတ်ပြီး၊ တနည်းအားဖြင့် ‘စတေး’ ခဲ့ကြပါတယ်။ ဒီစကားလုံးဟာ သက္ကတ (Sanskrit) ဘာသာစကားကနေ ယူထား တဲ့ စကားလုံးပါ။

ရခိုင်ဘုန်းကြီးကနေပြီး ဘုန်းကြီးတို့ ရခိုင်လူမျိုးတွေကျကာ ဒီမသီတာထွေးက “စတေး” ပေးလိုက်ရတာပေါ့လို့ ပြောခဲ့တဲ့ စကားကို မြန်မာအဘိဓာန်ရဲ့ အဖွင့် အတိုင်း မကွယ်မကောက် ဖြောင့်ဖြောင့်တန်းတန်း ရေးရမယ်ဆိုရင် မသီတာထွေး ကို ဘုန်းကြီးတို့ ရခိုင်လူမျိုးတွေအတွက် ဘုန်းကြီးတို့ ရခိုင်လူမျိုးတွေကိုယ်တိုင် သတ်ဖြတ်ပြီး၊ ဘုန်းကြီးတို့ရဲ့ ယုံကြည်ချက်ဖြစ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ယုံကြည်ချက်အတွက် အပြစ်မဲ့ ရခိုင်သူလေး မသီ တာထွေးကို အဆုံးရှုံးခံဆောင်ရွက်ခဲ့တာပါဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုနိုင်မှာ ဖြစ်တယ်။ ဒီဖွင့်ဆိုချက်မှန်ကန်ကြောင်းကို အထောက်အကူပြုတဲ့ အချက်အလက်တွေလည်း အများကြီးရှိနေပါတယ်။ မသီတာထွေးဟာ မုဒိမ်းကျင့်ခြင်း မခံခဲ့ရဘူးဆိုတဲ့အချက် ကို ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးက ပါရဂူဘွဲ့ရရှိထားပြီး၊ ကမ္ဘာကျော်တက္ကသိုလ်ကြီး တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗုဒ္ဓဘာသာဝင် ဒေါက်တာဇာနည်မှ ဆောင်းပါး တစ်ခုတွင် ရေးသားခဲ့တာကတော့-

“ကွဲပြားစွာတွေ့ရှိချက်များအရ မသီတာထွေး အသတ်ခံရသော ကိုယ်ခန္ဓာတွင် မုဒိမ်းမှု ကျူးလွန်ထားခြင်း တစ်စုံတစ်ရာ မရှိကြောင်းနဲ့  မုဒိမ်းမှုမြောက်ကြောင်း  အတင်းအဓမ္မ လက်မှတ် ထိုးခိုင်းခြင်းသာဖြစ်ကြောင်း အစိုးရ မှု့ခင်းဆရာဝန်က  ကျွန်တော့် သုတေသနပြု သူများထဲမှ တစ်ဦးကို ပြောကြားခဲ့ပါသည်။

မြန်မာ့ ပြန်ကြားရေးဝန်ကြီးဌာနသည် ဘာကြောင့် တရားခံသုံးယောက်ကို မွတ်စ် လင်မ်များဟု မဟုတ်မမှန် ရေးသားဖော်ပြပြီး အမှန်တကယ်တမ်းတွင် တရားခံ ထက်ထက်ဆိုသူမှာ ဗုဒ္ဓဘာသာဖြစ်နေသည်ကို ဘာကြောင့်မဖော်ပြခဲ့တာပါလဲ။

နောက်ထပ်ပြီးတော့လည်း မသီတာထွေးသည် အသတ်မခံရခင်နဲ့ပစ္စည်းများ လု ယက် မခံရခင်မှာ မုဒိမ်းကျင့်ခံရပါတယ်လို့ ထင်ထင်ရှားရှား မှားယွင်းစွာ ဖော်ပြခဲ့ တဲ့ ဒီမှားယွင်းသော ဆေးစစ်ချက်ကိုလည်း ဘာကြောင့် ဖော်ပြရတာလဲ။

မုဒိမ်းမှုဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်းတွင် ဖြစ်နေကျဖြစ်သော အလွန်ဆိုးဝါး သော ရာဇ၀တ်မှု ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ရာဇ၀တ်မှုအားလုံး ထဲမှာ ဒီမုဒိမ်းမှုဆိုတာ အဆိုးဝါးဆုံးသော ရာဇ၀တ်မှုပါ။ မုဒိမ်းမှု ကျူးလွန်သူသည် အမြဲတမ်း အပြစ်တင်ခံနေရပေသည်။ (မုဒိမ်းမှုနှင့်)တစ်ခါထောင်ကျပြီဆိုသည်နှင့် အခြားထောင်သားများက  ထိုမုဒိမ်းမှုကျူးလွန်သူအား  အမြဲတမ်းရန်ရှာ အနိုင်ကျင့် နေပေတော့သည်။

၎င်းအပြင် “မွတ်စ်လင်မ် အမျိုးသားသုံးဦးမှ ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးအား မုဒိမ်း ကျင့်ခြင်း” ဆိုသော ခေါင်းစဉ်ဖြင့် သေချာစွာ စုံစမ်းထားခြင်းမရှိသော သတင်းအား  အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့်  ဇွန်လ (၄)ရက်နေ့ထုတ် သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေငြာလိုက်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ နောက်ကွယ် တွင် ဘာအကျိုးအမြတ်များ ရှိမည်နည်း။

ပို၍ ဆက်စပ် လေ့လာလိုက်သောအခါ တရားခံထက်ထက်တစ်ယောက် သူ့၏ အမှုစစ်မည့်ရက်ကို စောင့်ဆိုင်းနေစဉ်အတွင်း အချုပ်ခန်း၌ ကိုယ့်ကိုယ်ကို အဆုံး စီရင် သတ်သေသွားပါသည်ဟု မြန်မာအာဏာပိုင်များက ကြေငြာခဲ့ပါသည်။ မြန် မာနိုင်ငံ အကျဉ်းထောင်များနဲ့ အချုပ်ခန်းများသည် လူတစ်ယောက် ကိုယ့်ကိုယ် ကိုယ် သတ်သေရလောက်အောင် အနေအထားတွေ မရှိပါဘူး။ ဟိုးအရင် နိုင်ငံရေး အမှုနဲ့ ထောင်ကျဖူးတဲ့ ထောင်သား ထောင်ပေါင်းများစွာတို့က ထောင်သံတိုင် နောက်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ထွက် ဆိုပေးကြပါလိမ့်မည်။

သမ္မတသိန်းစိန် အစိုးရသည် ရိုဟင်ဂျာ-ရခိုင်အရေးအခင်း စုံစမ်းစစ်ဆေးရေးအ တွင်း ကျော်ကြားသော  နိုင်ငံရေးနှင့် အသိပညာရှင် အတတ်ပညာရှင်များပါဝင် သော ကော်မရှင်အဖွဲ့ ဖွဲ့ပေးပြီး သုံးရက်အကြာတွင် ထက်ထက်၏ အမျိုးသမီး အလောင်းအား ရေတွင်းထဲ၌ တွေ့ရှိရလေသည်။ သူမသည် ရေတွင်းထဲသို့ မတော် တဆ ပြုတ်ကျပြီး ရေနစ်ခဲ့လေသလား ဒါမှမဟုတ် အခြား လိမ်လည်မှုတစ်ခုခုများ ရှိလေမလား။”

ဒါကတော့ ဗုဒ္ဓဘာသာဝင် ဒေါက်တာဇာနည်ရဲ့ ဆောင်းပါးပါ သုံးသပ်ချက် မေးခွန်း တွေပါပဲ။ ဒေါက်တာဇာနည်ရဲ့ ဆောင်းပါးအရဆိုရင် ‘စတေး’ခံရတဲ့သူ နောက်ထပ် တစ်ယောက်တောင် ထပ်တိုးလာနေပါသေးတယ်။ သူကတော့ မုဒိမ်းကျင့် လူသတ် တရားခံအဖြစ် စွတ်စွဲခံခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ထက်ထက်ရဲ့ ဇနီးပါ။ သူမကိုလည်း ရခိုင်ဘုန်းကြီးများက ရခိုင်လူမျိုး အကြမ်းဖက်သမားတွေအတွက် ‘စတေး’ခဲ့ကြ တယ် ထင်ပါတယ်။

ရခိုင်လူမျိုးတွေကနေပြီး ရခိုင်လူမျိုးတွေအကျိုးစီးပွားအတွက်၊ သက်ဦးဆံပိုင် ပဒေ သရာဇ် ရခိုင်ဘုရင့်နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် တွေအတွက် ရခိုင်သူလေး မသီတာထွေးကို စတေးခဲ့ကြတယ်၊ တနည်းအားဖြင့် ရခိုင်အကြမ်းဖက်သမားတွေက မသီတာထွေးကို သူတို့ကိုယ်တိုင် သတ်ဖြတ်ပြီး၊ မုဒိမ်းလူသတ်မှုအဖြစ်ဖန်တီးကာ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုပွဲတော် ကြီးကို ဆင်နွှဲခဲ့တယ်ဆိုတဲ့အချက်ကို စာရှုသူအနေနဲ့ သုံးသပ်နိုင်ပြီလို့ ထင်ပါ တယ်။ ဒီထက်ပိုပြီး အတွင်းကျကျ ထပ်ပြီးတင်ပြရရင် စာတမ်းတစ်စောင် ဖြစ်လာ နိုင်ပါတယ်။

အချုပ်အားဖြင့် မသီတာထွေးသည် မုဒိမ်းကျင့်ခြင်း မခံခဲ့ရသလို၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မုစ်လင်မ်များက သတ်ဖြတ်ခြင်းခံရတယ်ဆိုတာလည်း လုံးဝ မဟုတ်ပါ။ ရခိုင် ဘုန်းကြီး၏ သက်သေခံချက်အရ ရခိုင်လူမျိုးများက ရခိုင်သူလေး မသီတာထွေး အား ‘စတေး’ခဲ့ခြင်း၊ သတ်ဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း တင်ပြရင်း…….

လူသတ်သမား စစ်အာဏာရှင်ဟောင်းများနှင့် ရခိုင်အကြမ်းဖက်သမား၏ လှည့်စား မှုခံရခြင်းမှ ကင်းဝေးကြပါစေ။

ချမ်းမြေ့

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်။

ကိုးကား

******

မြန်မာအဘိဓာန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာန၊ ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း ၊ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ စာမျက်နှာ -၉၂။

ရိုဟင်ဂျာတို့အပေါ် လူမျိုးရေး အကြမ်းဖက်မှုအား မြန်မာအစိုးရမှ အကွက်ချ စီစဉ်ခဲ့လေသလား၊ မောင်ဇာနည်၊ မူရင်း DVB မှ ဆောင်းပါး၊ M-Media ဘာသာပြန်ဆို၊ ထုတ်လွှင့်-အောက်တိုဘာ၊ ၅ ၊ ၂၀၁၂။

http://www.m-mediagroup.com/news/6799

သပြေချောင်းကျေးရွာသူ မသီတာထွေးအသတ်ခံ၇မှုဖြစ်ရပ်အမှန်၊ ပေးစာ၊ ကျောက်နီမော်ရွာသားတစ်ဦး၊ RB Blog, ထုတ်လွှင့်- သြဂုတ်လ (၂၆) ရက်၊ ၂၀၁၂။

http://burmese.rohingyablogger.com/2012/08/blog-post_373.html

 

အထူးကျေးဇူးတင်လွှာ

****************

ဤဆောင်းပါးတွင် ပါရှိသော ‘စတေး’၏ အဓိပ္ပါယ်အား မြန်မာအဘိဓာန်တွင် ရှာဖွေပေးခဲ့ကြသော သူငယ်ချင်းများအားလုံးအား ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s