ဂျိုးမြစ်အား အမြီးလှန်ချိုးခြင်း

အခုလေးတင် ကွန်ပြူတာဖွင့်၊ ဖဘပေါ်တက်လိုက်တာနဲ့ လူမျိုးရေးအစွန်းရောက်၊ စစ်ခွေးအလိုတော်ရိ အကြမ်းဖက်သမားတစ်ဦးဖြစ်တဲ့ ဂျိုးမြစ် (တိရိစ္ဆာန်သာသာရှိတဲ့ သူမို့ အသံထွက်အမှန် ထွက်မထားပါ) ဆိုတဲ့ ငနဲတစ်ဦးက လှော်နေတဲ့ Note တစ်ခုကို တွေ့ပြီးဖတ်လိုက်မိတယ်။ ရိုဟင်ဂျာတွေကို အကြမ်းဖက်လက်နက်ကိုင်အင်အားစုအဖြစ် ဖန်တီးချင်နေတာကို သွားတွေ့ရတယ်။ အဲဒီ Note ကိုတော့ နောက်မှ ဝေဖန်မယ်။ အခု အဲဒီ Note ကိုဖတ်ပြီး၊ သူ့ဖဘစာမျက်နှာကို ရောက်သွားတော့ လွန်ခဲ့တဲ့ တစ်နာရီကမှ တင်ခဲ့တဲ့ ပို့စ်တစ်ခုကို အရင်းရှင်းပါ့မယ်။ အဲဒီပို့စ်မှာ ဂျိုးမြစ်ဆိုတဲ့ ငနဲက ဒီလို ရေးသားထားတယ်။

2

James Mint (http://www.facebook.com/james.mmt) wrote: ((“ဒါကြောင့် လွှတ်တော်ထဲမှာ ရှိတဲ့ လွှတ်တော်အမတ်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာစောင့်သိမယ်လို့ ကတိပြုထားတဲ့အတိုင်း မိမိနိုင်ငံအတွင်းကို ခိုးဝင် အခြေစိုက်လာမယ့် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရန်က ကာကွယ်ဖို့ အိန္ဒိယလို ဘင်္ဂါလီ နယ်စပ်မှ ခိုးဝင်လာသူတွေကို shoot-to-kill policy ကို ကျင့်သုံးရန် အဆိုပြုသင့်ပါတယ်….”))

ကောင်းပြီ။ ဒီအချက်ကို ဆွေးနွေးကြည့်ရအောင်။ မြန်မာနိုင်ငံထဲကို ခိုးဝင်လာမဲ့ သူမှန်ရင် ဘယ်သူ့ကိုမဆို သက်ဆိုင်ရာ ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမှာ အမှန်ပဲ။ ဒါပေမဲ့ ဟိုတစ်လောက မြန်မာပြည်နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလီမော့ဂ်တွေကို ဗုဒ္ဒဘာသာဝင်မို့ ရူးချင်ယောင်ဆောင်ပြီး၊ အစိုးရကတောင် လယ်က ဘယ်နှစ်ဧကပေးမယ်။ ဘာပေးမယ်ဆိုတာ ကြားလိုက်ပါလိမ့်မယ်။ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်တဲ့သူဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖြေရှင်းရမှာပဲ။ ဒါပေမဲ့ ပွဲချင်းပြီးသတ်ပစ်တဲ့ မူဝါဒကိုတော့ ကျင့်သုံးလို့ ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို ခိုးဝင်တဲ့သူတွေဟာ မြန်မာပြည်နဲ့ နွယ်နေတဲ့ သူတွေမို့လို့ပဲ။ ပွဲချင်းပြီးသတ်တဲ့ မူဝါဒလုပ်ဖို့ အကြံပေးတဲ့သူဟာ လူသတ်ဝါဒကို အားပေးတဲ့သူပဲ။ အကြမ်းဖက်သမားပဲ။ ဗုဒ္ဒဘာသာဝင် စစ်သွေးကြွပဲဖြစ်ဖြစ်၊ မွတ်စလင်မ် စစ်သွေးကြွပဲဖြစ်ဖြစ်၊ ခရစ်ယာန်စစ်သွေးကြွပဲဖြစ်ဖြစ်၊ ဟိန္ဒူစစ်သွေးကြွပဲဖြစ်ဖြစ် ဘယ်စစ်သွေးကြွကိုမဆို ချေမှုန်းပြစ်ရမှာပဲ။ ဒါပေမဲ့ မော့ဂ်ရခိုင်စစ်သွေးကြွတွေကို နိုင်ငံအတွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ပြုထားတာကရော ဘာကြောင့်လဲ။ ဗုဒ္ဒဘာသာဝင်တွေမို့လို့လား။ ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားရဘူး။

အဲဒီပို့စ်ရဲ့အောက်မှာ Mohammed Naeem ဆိုတဲ့ မွတ်စလင်မ်လူငယ်တစ်ဦးက ဂျိုးမြစ်ဆိုတဲ့ ငနဲကို ဒီလို ထောက်ပြခဲ့တယ်။

3

“james mint ခင်ဗျား၊ အရမ်းကိုလွယ်တဲ့ကိစ္စပါ။ UN မှာ တိုင်ချက်ဖွင့်လိုက်ပါလား။ အချိန်ကုန် လက်ညောင်း သွေးပြည်ယိုအောင် အော်နေမဲ့အစား ဘင်္ဂလားဒေ့ရှ်ကို UN မှာ တိုင်ပြီး ရှင်းရမှာဗျ။ သတ္တိကြောင်တာလား၊ ဗြောင်လိမ် ဗြောင်စားလုပ်နေတာလား။”

အဲဒီလို ထောက်ပြလိုက်တော့ ဂျိုးမြစ်ဆိုတဲ့ငနဲ အသည်းခိုက်အောင် နာသွားပြီး၊ Mohammed Naeem ကို နောက်ဆုံးပြောခြင်းတို့၊ ဘာတို့ဆိုပြီး ကလေးကလား ထအော်ပါလေရောဗျာ။ ဆိုလိုတာကတော့ ခင်ဗျား ရှေ့ဆက်ရင် ဘလောက်လုပ်ပစ်မယ်ပေါ့ဗျာ။

01

ကောင်းပြီ။ Mohammed Naeem ရဲ့ ရေးသားချက်ကို ဆန်းစစ်လေ့လာကြည်ရအောင်။ သူ ထောက်ပြတဲ့ အချက်က နိုင်ငံတကာဥပဒေနဲ့ ဖြေရှင်းဖို့ ထောက်ပြချင်း ဖြစ်တယ်။ မြန်မာနိုင်ငံဟာ United Nations ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဘင်္ဂဒေ့ရှ်နိုင်ငံဟာလည်း United Nations ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စစ်စစ်တွေက ရိုဟင်ဂျာအမည်ခံပြီး၊ ကျူးကျော်ဝင်ရောက်နေတယ်ဆိုရင် UN Security Council မှာ တိုင်ကြားနိုင်တယ်။ နိုင်ငံတကာ ဥပဒေအရ တရားစွဲလို့ရတယ်။ ဒီအချက်က နိုင်ငံတကာ ဥပဒေရဲ့ အခြေခံသဘောတရားကို လေ့လာဖူးသူတိုင်း သိနိုင်တာပဲ။ အဲဒီတော့ အမှန်တကယ် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်နေတယ်ဆိုရင် နိုင်ငံတကာဥပဒေအရ ထိထိရောက်ရောက် ဖြေရှင်းလို့ ရနေတာပဲ။ ဒါပေမဲ့ ဂျိုးမြစ်တို့လို စစ်ခွေးတွေကိုယ်တိုင် သိနေတာကတော့ ၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အရေးတော်ပုံကြီးဟာ ကျူးကျော်ဝင်ရောက်မှု အလျဉ်း မဟုတ်ဘူး။ မော့ဂ်ရခိုင် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုသက်သက် ဖြစ်တယ်။ အစီအစဉ်တကျ အကွက်ချပြီး၊ ဆင်နွှဲခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီး ဖြစ်တယ်။ အဲဒီတော့ ဘယ်လိုလုပ် နိုင်ငံတကာဥပဒေနဲ့ ဒီကိစ္စကို ဖြေရှင်းလို့ရမှာလဲ။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ ရှိခဲ့တာကို ဘယ်သူမှ ငြင်းလို့မရဘူး။ ပြည်သူ့အစိုးရဖြစ်တဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရလက်ထက်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီးဖြစ်တဲ့ တိုင်းရင်းသား လူမျိုးအုပ်စုတစ်ခုဖြစ်ကြောင်းကို ဘယ်သူမှ ငြင်းလို့မရဘူး။ ပါလီမာန်ဒီမိုကရေစီခေတ်ဆိုတာ တိုင်းရင်းသားပြဿနာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ ခေတ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီပေါမင်းအထိ ပဒေသရာဇ်ခေတ်တစ်လျှောက်လုံးမှာ လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ မရှိခဲ့ဘူး။ တိုင်းရင်းသားဆိုပြီး အသိအမှတ်ပြုခဲ့တဲ့ စနစ် မရှိခဲ့ဘူး။ နယ်ချဲ့အင်္ဂလိပ်ရဲ့ နှစ်ပေါင်းရာကျော်တဲ့ ခောတ်ကာလတစ်လျှောက်လုံးမှာလဲ မရှိခဲ့ဘူး။ တိုင်းရင်းသားပြဿနာ၊ ဖယ်ဒရယ်ပြည်ထောင်စု ပြဿနာဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးများရဲ့ တိုင်းရင်းသားဖြစ်ခြင်းဟာ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး တိုင်းရင်းသားပြဿနာ ပေါ်ပေါက်ခဲ့တဲ့ ကာလမှာ အသိအမှတ်ပြုခြင်းမို့ အလွန် ခိုင်မာတယ်။ ဘယ်သူမှ ငြင်းလို့မရဘူး။ အသိအမှတ်ပြုခဲ့တဲ့ အစိုးရကလည်း ပြည်သူ့အစိုးရဖြစ်တယ်။ စစ်အစိုးရ၊ သားသတ်သမား အစိုးရအလျဉ်း မဟုတ်ပါ။ စစ်အာဏာရှင် သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်း အာဏာသိမ်းပြီး၊ လက်နက်အားကိုးနဲ့ ဒင်းလုပ်ချင်တာတွေ လုပ်ခဲ့တယ်။ အဲဒီ ဒဏ်တွေကို ဒီနေ့ ရခိုင်ပြည်နယ်က အပြစ်မဲ့ မွတ်စလင်မ်တွေခံစားနေရတာ ဖြစ်တယ်။ မော့ဂ်ရခိုင်တွေထဲက ကောင်းမွန်တဲ့ လူသားတွေ ခံစားနေရခြင်း ဖြစ်တယ်။

ကျုပ်တို့ရဲ့ Burmese Muslim Youths For Human Rights And Justice ဆိုတဲ့ အစည်းအရုံးကနေပြီး၊ ရခိုင်အကြမ်းဖက်ခေါင်းဆောင် တိ-ကုအေးမောင်နဲ့ ၎င်းပါတီထံကို ရိုဟင်ဂျာသမိုင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေမှုတွေ ရပ်တန့်ဖို့အတွက် စကားစစ်ထိုးပွဲတစ်ရပ်ကို ကျင်းပပေးမယ်။ ခင်ဗျားတို့လာပါ။ ထိုင်ပါ။ အထောက်အထားတွေနဲ့ ဆွေးနွေးပါ။ ဒီအစွန်းရောက် ရခိုင်အကြမ်းဖက်သမားတွေဖြစ်တဲ့ တိ-ကုအေးမောင်တို့လိုလူတွေမှာ လာရဲတဲ့ သတ္တိမရှိဘူး။ အမှန်တရားကို မရင်ဆိုရဲဘူး။ ဘာဖြစ်လို့လဲ။ မမှန်ကန်တဲ့သူဆိုတာ လူမှန်တွေရဲ့ အရှေ့မှာ ဘယ်တော့မှ မတ်တပ်မရပ်ရဲဘူး။ ရိုဟင်ဂျာသမိုင်းစစ်၊ သမိုင်းမှန် ပေါ်ပေါက်သွားမှာကို အရမ်း စိုးရိမ်နေတယ်။ သမိုင်းဆိုတာ ဗုံးခွဲပြီး၊ ဖြောက်ဖျက်ပစ်လို့ ရတာမှ မဟုတ်တာ။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး သမိုင်းဆရာတွေကို သတ်ဖြတ်ခဲ့တဲ့၊ စာရေးဆရာတွေကို သုတ်သင် ရှင်းလင်းခဲ့တဲ့ သားသတ်သမား ဗိုလ်နေ၀င်းရဲ့ သမိုင်းမှန်တွေကိုတောင် အသက်နဲ့ရင်းပြီး၊ ဘ၀နဲ့ရင်းပြီး၊ စာထက်အက္ခရာတင်ခဲ့တဲ့ ကလောင်ရှင် သူရဲကောင်းတွေ ရှိနေခဲ့ပြီးသား။

burmas-muslims-terrorists-or-terrorised

Andrew

အခု ဂျိုးမြစ်ဆိုတဲ့ ငနဲနဲ့ အပေါင်းအပါ စစ်ခွေးတစ်သိုက်၊ အစွန်းရောက်တစ်သိုက်က သူတို့ရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ချင်နေတယ်။ ခင်ဗျားတို့ နုပါသေးတယ်။ ဗမာပြည်က မွတ်စလင်မ်တွေဟာ ခင်ဗျားတို့ စွတ်စွဲသလို အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုတာ လန်ကြုပ်ဇာတ်လမ်းဖြစ်တယ်ဆိုတဲ့အချက်ကို ကမ္ဘာကျော်တက္ကသိုလ်တွေရဲ့ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးဌာနတွေက ရေးသားပြုစုခဲ့တဲ့ စာတမ်းတွေက သက်သေခံပြီးသား ဖြစ်တယ်။ သိချင်ရင် Dr Andrew Selth ရေးခဲ့တဲ့ Burma’s Mulisms: Terrorists Or Terrorised? ဆိုတဲ့ သုတေသနာစာတမ်းလေးကို ရှာဖတ်ကြည့်ပါ။ အဲဒီထဲမှာ ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတပ်မတော်ဖြစ်တဲ့ RSO အကြောင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလေ့လာ တင်ပြထားတယ်။ ဂျိုးမြစ်ဆိုတဲ့ စစ်ခွေးလက်ပါးစေလို လူတွေသိထားဖို့ကတော့ မြန်မာ့မြေက ရိုဟင်ဂျာတွေကို ဘယ်တော့မှ ခင်ဗျားတို့ ဖယ်ထုတ်ပစ်လို့ ဘယ်နည်းနဲ့မှ ရမှာ မဟုတ်ဘူးဆိုတာပဲ။ ဟိုလှည့်၊ ဒီလှည့်၊ ဟိုပတ်ဒီပတ်၊ ပြည်သူကို လက်တစ်လုံးခြားလှည့်ပြီး၊ အာဏာတည်မြဲရေးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဆက်ပြီး ချိုးနေလည်း ခင်ဗျားတို့ရဲ့ သမိုင်းကို ခင်ဗျားတို့ ကိုယ်တိုင် ဖျက်စီးနေခြင်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

မြန်မာ ပြည်သူလူထုတစ်ရပ်လုံး စစ်ခွေးများနှင့် ၎င်းတို့ရဲ့ လက်ပါးစေအကြမ်းဖက်သမားများရဲ့ အကြမ်းဖက်မှုဟူသမျှမှ ကင်းဝေကြပါစေ။ အာမီးန်။

ချမ်းမြေ့

12-02-2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s