ကာယကံရှင်များက လိုလားတောင်းဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မည်ဟုဆို

11

 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးစီးကျင်းပသော (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့ခဲ့တဲ့ ရုပ်သံမိန့်ခွန်းတွင် ပြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

“ကျွန်မတို့ အခု အင်မတန်မှ ငြိမ်းချမ်းရေးကို လိုအပ်နေတဲ့ အချိန်မှာ လူတိုင်းလူတိုင်းဟာ ကိုယ်တစ်ဦးတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားရမှာပါ။ ကျမကို ဆိုလို့ရှိရင် အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလားဆိုပြီးတော့ မေးကြမြန်းကြ ဝေဖန်ကြတဲ့သူတွေ ရှိတယ်ပေါ့လေ။ ကျမအမြဲပြောတယ်။ ကျမ ပါဝင်ချင်တယ်။ အချိန်မရွေး ကျမကို လိုလားလို့ရှိရင် ကျမ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာ ကျမတရားဝင် ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ဒီတော့ ဘာဖြစ်လို့မပါလဲဆိုတာ တကယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှ ဖြစ်နိုင်မှာပါ။ ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင်းဆိုမှု မရှိပဲနဲ့ ၀င်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေးရမယ်ဆိုတာ ဒါကိုယ့်ကိုယ်ကို အထင်ကြီးရာပဲ ရောက်ပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ကျမကို လိုလားတယ်၊ ကျမကို လုပ်ပေးစေချင်တယ်ဆိုရင်တော့ အချိန်မရွေး လုပ်ပေးပါ့မယ်ဆိုတာ တရားဝင် ဒီနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျမ ပြောပါရစေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျမကို ပါဝင်ဖို့ ကာယကံရှင်များက လိုလားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင် ကျမ ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူးဆိုတာတော့ ပြောပါရစေ။ အဲတော့ ကျမတို့ အခုအချိန်မှာ ငြိမ်းချမ်းရေး မရသေးလို့ဆိုပြီးတော့ စိတ်ပျက်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့ ကျမတို့ နိုင်ငံသူ၊ နိုင်သားတွေကိုတော့ တစ်ခု ကျမ အားပေးစကားလေး ပြောချင်ပါတယ်။ စောစောက ကျမ ပြောခဲ့တဲ့ မျှဝေခံစားမှု။ မျှဝေခံစားမှုဆိုတာဟာ ကျမတို့နိုင်ငံမှာ တိုးတက်လာပြီလို့ ကျမ မြင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ ရခိုင်ပြည်နယ် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှာ မနေတဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ပတ်သက်မှုမရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား အတော်များများဟာ အာရုံစူးစိုက်ပြီးတော့၊ ပူပင်သောကတွေ ဖြစ်ပြီးတော့၊ ကောင်းတဲ့ဘက်ကို သွားစေချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အဲတော့ ပူပင်နေယုံတင်မကဘူး၊ စိုးရိမ်နေယုံတင်မကဘူး၊ ထိထိရောက်ရောက် ကူညီတဲ့ အုပ်စုလေးတွေ၊ အဖွဲ့အစည်းလေးတွေလည်း ပေါ်လာပါတယ်။ ဥပမာဆိုလို့ရှိရင် ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့၊ တစ်ချို့ အနုပညာရှင်တွေက လှုပ်ရှားတာ၊ ကြိုးပမ်းတာ၊ ဒီလိုကိစ္စတွေဟာ ကျမတို့ နိုင်ငံမှာ မျှဝေခံစားချင်တဲ့ စိတ်ဓာတ်ကတော့ တဖြည်းတဖြည်းနဲ့ အားသန်လာတယ်လို့ ကျမက ဒီလိုပဲ မြင်ပါတယ်။ လုံလောက်တဲ့ အတိုင်းအတာတစ်ခုအထိ မရောက်သေးဘူးဆိုပေမဲ့ ကျမအတွက် မျှော်လင့်ချက်ရနိုင်တဲ့ အတိုင်းအတာတော့ ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဆိုလို့ရှိရင် အနာဂတ်ပြည်ထောင်စုကြီးကို စိတ်ထားခိုင်ခိုင်မာမာနဲ့ တက်တက်ကြွကြွ ကျမတို့ မျှော်ကိုးပြီးတော့ အတူစုပေါင်းစုစည်းပြီးတော့ တိုင်းပြည်ကြီးတစ်ခု၊ ဒီမိုကရေစီနိုင်ငံကြီးတစ်ခု ထူထောင်ကြမယ်။ စုပေါင်းပြီးတော့ မျှဝေခံစားရမဲ့ ကိစ္စမှန်သမျှကို အတူ မျှဝေခံစားကြမယ်လို့ သံဓိဌာန်ချကြစို့လို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။”

 

Ref: http://www.youtube.com/watch?v=PoM78pyuANg

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s