ကိုခင်မောင်ရီစိန်နှင့် စကားပြောခြင်း (၁)

convo490_0

ကိုခင်မောင်ရီစိန်နှင့် စကားပြောခြင်း (၁)

 

Ko Rohingya: Ko Khin Mg Ye Sein ရဲ့ ဒီမှတ်ချက်ကို ဖတ်ရတာ စိတ်မကောင်းဘူး။ အဲဒီအတွက် ဆွေးနွေးချင်တယ်။ ဒီမှတ်ချက်ကို ကိုခင်မောင်ရီစိန်ရဲ့ နှလုံးသားထဲက ရေးတယ်လို့ သတ်မှတ်လို့ပါ။ Ko Khin Mg Ye Sein wrote: ((ကြောက်နေပါတယ်၊ ဘာကို ကြောက်တာလဲလို့ မေးရင် မြန်မာနိုင်ငံမှာ မွတ်စလင်လူများစု ဖြစ်သွားမှာကိုလည်း ကြောက်တယ်၊ အစ္စလာမ် ရှရီယာ ဥပဒေကြီးနဲ့ အုပ်ချုပ်သော နိုင်ငံ ဖြစ်လာမှာကိုလည်း ကြောက်တယ်၊ ဘာသာပေါင်းစုံ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပျောက်ကွယ်သွားမှာလည်း စိုးရိမ်ပါတယ်၊ မိန်းမတွေကို အဝတ်ထောင်ထဲ တသက်လုံး လွတ်ရက်မရှိ ထည့်ထားပြီး ကျောက်ခဲနဲ့ ဝိုင်းထုသတ်တယ့် ယဉ်ကျေးမှုမျိုး ပေါ်ပေါက်လာမှာကိုလည်း တကယ် ကြောက်ပါတယ်၊ မြန်မာနိုင်ငံ မြို့ ကြီးတွေအားလုံး မောင်းတောလို ဖြစ်သွားမှာ အစိုးရိမ်ဆုံးပါပဲ။))

Khin Mg Ye Sein: ကိုချမ်းမြေ့ သဘောတူတယ်ဆိုရင် ဒီနေရာမှာ ဆက်ဆွေးနွေးကြရအောင်..

1

Ko Rohingya: ရပါတယ် ကိုခင်မောင်ရီစိန်။ ကျနော် အဲဒီ မှတ်ချက်ကို ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ ကျနော့ စိတ်ကူးထဲမှာ ဒီလို အတွေးမျိုးတစ်ခါမှ မ၀င်ဖူးဘူး။ ဒါပေမဲ့ ကျနော် လက်ခံထားတာ တစ်ခုရှိပါတယ်။ အဲဒါ တစ်ပါးသူရဲ့ ခံစားချက်ကို အသိအမှတ် မပြုတဲ့သူဟာ ကိုယ့်ရဲ့ခံစားချက်ကိုလည်း တစ်ပါးသူက အသိအမှတ် ပြုခြင်းခံလိမ့်မှာ မဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။

Ko Rohingya: ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ မွတ်စလင်မ် အများစု ဖြစ်လာနိုင်တယ်လို့ ကိုခင်မောင်ရီစိန် ထင်နေတာလဲ။ တစ်ချက်လောက် ရှင်းပြပါ။

Ko Rohingya: အခုလောလောဆယ်တော့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအရ ဗုဒ္ဓဘာသာဝင်တွေက မြန်မာနိုင်ငံမှာ သန်း (၃၀) အထက်ရှိပါတယ်။

Ko Rohingya: လက်ရှိ အာဏာရအစိုးရ၊ လက်နက်ကိုင်တပ်များ၊ တရားရေး၊ ဥပဒေရေး၊ ပညာရေးစတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေရေးရာတွေကို ဗုဒ္ဓဘာသာဝင်တွေ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ပါတယ်။

Khin Mg Ye Sein: မွတ်စလင်ဘာသာဝင်တိုးပွားနုန်းက သိတ်မြန်ပါတယ်၊ ကမ္ဘာမှာ သန်း ၂ ထောင် ကျော်သွားပြီလို့ ရေးထားတာ တွေ့ လိုက်ရပါတယ်။

Khin Mg Ye Sein: ကမ္ဘာပေါ်ရှိ လူဦးရေ၏ လေးပုံတစ်ပုံ၊ တနည်းအားဖြင့် လူလေးယောက်မှာ တစ်ယောက်က မွတ်စလင်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် သန်းသုံးဆယ်ဆိုတာ ဘင်္ဂလားဒေ့ခ်ျ သန်း ၂၀၀ နှင့် နိုင်းစာလျင် အင်မတန် သေးငယ်ပါတယ်။

Ko Rohingya: ကမ္ဘာအရေးထက် မြန်မာ့အရေးကို ပိုပြီး အလေးထားပြီး ကျနော်တို့ ဆွေးနွေးကြရအောင် ကိုခင်မောင်ရီစိန်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကို ကျနော်တို့ နှစ်ဦးစလုံး ချစ်ကြတာကြီးပါပဲ။ ကျနော်ဆို အခုထက်ထိ မြန်မာနိုင်ငံတော်သီချင်း ကြားရင် ကြက်သီးမွှေးညှင်းတွေ ထလာတုန်းပါပဲ။ အဲဒီတော့ ကျနော်တို့ မြန်မာပြည်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကမ္ဘာ့အရေးကိုပဲ ဆွေးနွေးကြရင် ကောင်းမယ်။

Ko Rohingya: ဟုတ်ကဲ့။ ကိုခင်မောင်ရီစိန်က ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်စလင်မ်တွေ မြန်မာပြည်ထဲကို ပြိုဆင်းလာမှာကို စိုးရိမ်တာလား။ အဲဒီလို စိုးရိမ်ရင် ကျနော်တို့မှာ နိုင်ငံတကာ အဆင့်မှီတဲ့၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီတဲ့ နိုင်ငံသား ဥပဒေတစ်ရပ် ပြဌာန်းရမယ်။

Ko Rohingya: အဲဒီဥပဒေကို အုပ်ချုပ်သူ အာဏာပိုင်က တိတိကျကျ ကိုင်တွယ်ရမယ်။ ဒါက ဘင်္ဂလားဒေ့ရှ်တစ်ခုတည်းတင် မဟုတ်ပါ။ ကျနော်တို့ အမိမြန်မာပြည်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းစတဲ့ နိုင်ငံတွေ အားလုံးအတွက် အကျုံးဝင်ပါတယ်။

Khin Mg Ye Sein: မှန်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်၊ Illegal immigrants တွေ တချိန်လုံး ဝင်နေတယ်၊ နိုင်ငံသားဖြစ်မှု ဥပဒေတွေ အသက်ဝင်ဖို့ လိုတယ်၊ သိတ်မှန်ပါတယ်၊ အထူးသဖြင့် ဘင်္ဂလားဒေ့ခ်ျ နှင့် တရုတ်နယ်စပ် က အရေးကြီးပါတယ်၊ စစ်တကောင်း ဘင်္ဂလီ နယ်ချဲ့ မှုက အသံထွက်ပေမယ့် တရုတ်တွေ မန္တလေး သိမ်းလိုက်တာကို လူမသိကြဖူး ။

Ko Rohingya: နောက်တစ်ချက်က ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရရင် ဒီနေ့ဖြစ်နေတဲ့ ရခိုင်ပြည်အရေးဆိုတာ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်တဲ့ သူတွေအရေး အလျဉ်း မဟုတ်ပါ။ ကျူးကျော်သူဆိုတဲ့ အသုံးအနှုန်းသုံးဖို့တော့ ဝေးလာဝေးပေါ့ဗျာ။ ခိုးဝင်သူ၊ ကျူးကျော်သူ မရှိကြောင်းကိုလည်း သမ္မတဦးသိန်းစိန်နဲ့ ဦးခင်ရီတို့ကိုယ်တိုင် သက်သေခံထားပြီးပြီ။ အခု ရခိုင်ပြည်မှာ ဖြစ်နေတာက စစ်အစိုးရ အဆက်ဆက် ဖျက်စီးခဲ့တဲ့ ဒဏ်တွေကို အပြစ်မဲ့ ပြည်သူတွေ ခံစားနေရတယ်လို့ပဲ ကျနော် မြင်ပါတယ်။ စစ်အစိုးရနဲ့ လက်ပါးစေ အစွန်းရောက်တစ်သိုက်က သူတို့ရဲ့ အာဏာ၊ ရာထူးနဲ့ စည်းစိမ်အတွက် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်ကို အရင်းအနှီးလုပ်တာပါပဲ။

Khin Mg Ye Sein: ဒီနေရာမှာ ဦးသိန်းစိန်နဲ့ ဦးခင်ရီ ရဲ့ ရပ်တည်ချက် မမှန်ပါဖူး၊ ရှေ့ နောက် မညီပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် သဘောထားက အစကတည်းက ရှင်းရှင်းပြောခဲ့တယ်၊ ပြောင်းမသွားဖူး၊ ရခိုင်အရေးအခင်းကို နှစ်နိုင်ငံ နယ်စပ်ပြဿနာလို့  ဒေါ်စု အမြဲ ပြောပါတယ်၊ ဘင်္ဂလားဒေ့ခ်ျ အစိုးရ က ဒါကို လက်မခံပါဖူး၊ မြန်မာနိုင်ငံ၏ ပြည်တွငိးရေး သက်သက်လို့ ပုံချပါတယ်။

Ko Rohingya: တကယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အစစ်တွေကိုဆိုရင် ကျနော်တို့ရဲ့ အစ္စလာမ့်ညွှန်ကြားချက်အရ ကျနော်တို့မှာ သူတို့ကို မွတ်စလင်မ်မို့လို့ ဆိုပြီး ထောက်ခံပိုင်ခွင့် မရှိပါ။ ကျနော်တို့ဟာ အမိမြေကို အသက်ပေးပြီး၊ ကာကွယ်ရပါမယ်။ ကျူးကျော်သူဟာ ဘယ်သူပဲဖြစ်ဖြစ်၊ လက်နက်ဆွဲကိုင် တော်လှန်ပစ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့၊ ကိုခင်မောင်တို့ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒီနေ့ ရခိုင်ပြည်မှာ ရှိတဲ့ မွတ်စလင်မ်တွေဟာ ခိုးဝင်သူတွေမှ မဟုတ်တာ။ ကျူးကျော်သူတွေမှ မဟုတ်တာ။ မဟုတ်ကြောင်းကို ကျနော် ပြောတာ မဟုတ်ဘူးနော်။ ဦးသိန်းစိန်နဲ့ ဦးခင်ရီက ပြောထားတာ။ သူတို့ နှစ်ဦးစလုံးဟာ မွတ်စလင်မ်တွေ မဟုတ်ဘူး။ အဲဒီတော့ ခိုးဝင်လည်း၊ မဟုတ်။ ကျူးကျော်လည်း မဟုတ်ဘူးဆိုရင် မြန်မာ့နယ်နမိတ်အတွင်းက သူတွေပဲပေါ့။ ဒါက တစ်အချက်။ ကောင်းပြီ။ မြန်မာ့နယ်နမိတ်ထဲက သူတွေဆိုရင် သူတို့ကို အခု လက်ရှိ တည်ဆဲဥပဒေအရ၊ ကျနော်ဆိုလိုတာက ၁၉၈၂ ခုနှစ် ဥပဒေအရ ဘယ်လို စီရင်ကြမလဲ။

Khin Mg Ye Sein: ဘင်္ဂလားဒေ့ခ်ျ၏ state sponsored people smuggling လို့ ကျွန်တော် မြင်ပါတယ်။

Khin Mg Ye Sein: အားလုံးက ခိုးဝင်နေသူတွေလို့  မဆိုလိုပါ၊ သို့ သော် ခိုးဝင်နေသူတွေ မရှိလို့ မပြောနိုင်ပါ၊ မကြာခဏ ခိုးဝင်နေသူတွေ ဖဖ်းမိတယ့်သတင်းတွေ တွေ့ တွေ့ နေပါတယ်။

Khin Mg Ye Sein: ခိုးဝင်လာသူတွေ မဟုတ်ပဲ ပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာသူမှန်သမျှဟာ တူညီသော နိုင်ငံသား အခွင့်အရေးကို ရသင့်ပါတယ်၊ ဘာသာ၊လူမျိုး မခွဲခြားသင့်ပါဖူး။

Ko Rohingya: ((ဒီနေရာမှာ ဦးသိန်းစိန်နဲ့ ဦးခင်ရီ ရဲ့ ရပ်တည်ချက် မမှန်ပါဖူး၊ ရှေ့ နောက် မညီပါ၊)) ဒီနေရာမှာ ကျနော်တစ်ခု ပြောချင်ပါတယ်။ သူတို့ရဲ့ ရပ်တည်ချက်က အကုန်လုံး မမှန်ကန်ဘူး။ ဒါပေမဲ့ ခိုးဝင်၊ ကျူးကျော် မရှိပါဘူးလို့ သူတို့ ပြောခဲ့တာက ဘယ်လိုမှ ငြင်းလို့ မရတဲ့ အချိန် ငိုသံပါကြီးနဲ့ ဦးသိန်းစိန်ဆို ပြောခဲ့တာပါ။ ဦးသိန်းစိန်က မရှိသလောက်ဆိုပြီး သုံးနှုန်းသွားတယ်။ ဦးခင်ရီက စစ်ဆေးတုန်း ပုန်းနေတဲ့သူတွေ ရှိနိုင်တယ်ဆိုပြီး၊ ပြောခဲ့တယ်။ မကျေနပ်လို့ စစ်ဆေးချင်တဲ့သူတွေ ရှိတယ်ဆိုရင် လာပြီး စစ်ဆေးနိုင်တဲ့ အကြောင်းကိုလည်း စိန်ခေါ်ခဲ့တယ်။ ဗီဒီယို မှတ်တမ်းတွေ ရှိနေပါတယ်။ အဲဒီဗီဒီယို မှတ်တမ်း ဦးခင်ရီ ပြောတဲ့အချက်တစ်ချက်က အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လ၀က ၀န်ထမ်း သုံးပုံနှစ်ပုံက ရခိုင်လူမျိုးတွေဖြစ်တယ်ဆိုတဲ့ အချက်ပါ။ ကောင်းပြီ။ ကိုခင်မောင်ရီစိန် ပြောသလို ဆန့်ကျင်ဘက်ဖက်ကနေ တွေးပြီး ကျနော် ဆွေးနွေးမယ်။

Ko Rohingya: အကယ်၍ ဘင်္ဂလားဒေ့ရှ်ဖက်ကနေပြီး အလုံးအရင်းနဲ့ ကျူးကျော်တယ်၊ ခိုးဝင်တယ်ဆိုရင် ဒါဟာ နိုင်ငံတော် အချုပ်အခြာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီတော့ အလုံးအရင်းနဲ့ ကျူးကျော်တဲ့၊ ခိုးဝင်တဲ့သူတွေကို ချက်ချင်း ဖော်ထုတ်ရမယ်။ သူတို့ရဲ့ စာရင်းကို ချက်ချင်း မီဒီယာကနေတဆင့် ကမ္ဘာသိ၊ မြန်မာသိ ကြေညာရမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကို တရားဝင် အကြောင်းကြားရမယ်။ အကြောင်းကြားလို့မှ မထူးရင် လုံခြုံရေးကောင်စီတင်ပြီး ဒီကိစ္စကို တရားစွဲရမယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်ရဲ့ သံရုံးကို နှင်ထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံကျူးကျော်မှု ဖြစ်လို့ပါပဲ။

Khin Mg Ye Sein: ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ခွင့်ကို တောင်းဆိုလာပြီဆိုရင် နောက်ကွယ်မှာ နိုင်ငံရေးရည်မှန်းချက်တွေ ပါလာပြီလို့ ပြောလို့ ရပါတယ်၊ ရိုဟင်ဂျာ ဆိုတယ့် ခေါင်းစဉ်အောက်မှာ အမြတ်ထွက်မယ့်သူတွေဟာ ဘယ်သူတွေလည်း၊ မောင်းတောက ဆင်းရဲဒုက္ခ ရောက်နေကြရရှာတယ့် ဘင်္ဂလီပြည်သူတွေလား၊ ဒါမှမဟုတ် ပြည်ပက လှုံဆော်သူတွေလား၊ စဉ်းစားဖို့ လိုပါတယ်၊ တကယ် ဆင်းရဲ ဒုက္ခရောက်၊ နိုင်ငံသား အခွင့်အရေး ဆုံးရှူံးနေရတယ့် ဘင်္ဂလီပြည်သူတွေဟာ သူတို့ ကို ရိုဟင်ဂျာလို့  တံဆိပ်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ၊ မထူးပါဖူး၊ သူတို့ ဘဝက နင်းပြားပါပဲ၊ မျောက်ပြဆန်တောင်းလုပ်ခံနေရတာပါပဲ။

Ko Rohingya: ဒါပေမဲ့ စစ်အစိုးရဟောင်းတွေ လုပ်မှ မလုပ်ရဲပဲ။ ဘာဖြစ်လို့လဲသိလား။ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာပြည်ကို ကျူးကျော်တာ မရှိပါ။ မြန်မာပြည်သားတွေပဲ ဘင်္ဂလားဒေ့ရှ်မှာ ကျူးကျော် နေထိုင်နေကြတာပါပဲ။ အကယ်၍ အမှန်တကယ် ဘင်္ဂလားဒေ့ရှ်ဘက်က ကျူးကျော်တယ်၊ ခိုးဝင်တယ်ဆိုရင် စစ်အစိုးရက ဖော်ထုတ်ဖို့ ဘာမှ မခဲယဉ်းဘူး။ သူတို့ဆီမှာ အားလုံး List ရှိပြီးသား။ စစ်စုံထောက်တွေ၊ နစကတွေ၊ ပြည်သူ့ရဲ၊ စစ်တပ်အစုံရှိနေတာပဲ။ ဖော်ထုတ်ချင်ရင် ချက်ချင်း ဖော်ထုတ်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်လိုသွားပြီး ဖော်ထုတ်မလဲ။ ဘင်္ဂလားဒေ့ရှ်ဘက်ကမှ အလုံးအရင်းနဲ့ ခိုးဝင်တာ၊ ကျူးကျော်တာ လုံးဝ မရှိတာ။ မရှိတဲ့အခါကျတော့ ဒီလူတွေ လက်လျှော့လိုက်ရတာပါ ကိုခင်မောင်ရီစိန်။ အကယ်၍ သူတို့ မှန်နေရင် ဘန်ကီမွန်းကိုတောင် နေ့ချင်းဆင့်ခေါ်ပြီး ရှင်းခိုင်းပါလိမ့်မယ်။ မယုံမရှိနဲ့နော်။

Khin Mg Ye Sein: (((အကယ်၍ ဘင်္ဂလားဒေ့ရှ်ဖက်ကနေပြီး အလုံးအရင်းနဲ့ ကျူးကျော်တယ်၊ ခိုးဝင်တယ်ဆိုရင် ဒါဟာ နိုင်ငံတော် အချုပ်အခြာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီတော့ အလုံးအရင်းနဲ့ ကျူးကျော်တဲ့၊ ခိုးဝင်တဲ့သူတွေကို ချက်ချင်း ဖော်ထုတ်ရမယ်။ သူတို့ရဲ့ စာရင်းကို ချက်ချင်း မီဒီယာကနေတဆင့် ကမ္ဘာသိ၊ မြန်မာသိ ကြေညာရမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကို တရားဝင် အကြောင်းကြားရမယ်။ အကြောင်းကြားလို့မှ မထူးရင် လုံခြုံရေးကောင်စီတင်ပြီး ဒီကိစ္စကို တရားစွဲရမယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်ရဲ့ သံရုံးကို နှင်ထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံကျူးကျော်မှု ဖြစ်လို့ပါပဲ။)))

သဘောတူပါတယ်၊ ဒါပေမယ့် အဖက်ဖက်က စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး ချွတ်ချုံကျနေတယ့် မြန်မာနိုင်ငံဟာ ကိုယ့်အိမ်တံခါး ကိုယ်လုံအောင် မထိန်းနိုင်ပါဖူး၊ နောက်တစ်ခုက ဘင်္ဂလားဒေ့ခ်ျအစိုးရဟာ သိတ်ပါးနပ်ပါတယ်၊ နိုင်ငံတကာ မျက်နှာပန်းလှအောင် ပြနိုင်တယ်၊ ဖောင်းပွနေတယ့် လူဦးရေ ပြဿနာကို လျှော့ချရာမှာ သူ့ အပြစ်မဖြစ်အောင် လုပ်နိုင်တယ်၊ မလေးရှား၊ယိုးဒယားကို ခိုးထွက်နေတယ့် ဘင်္ဂလီတွေကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို့  ကမ္ဘာသတင်းတွေက ရေးကြပါတယ်၊ တကယ်တမ်းကျတော့ ဘင်္ဂလားဒေ့ခ်ျဖက်က လူတွေပါ။

Ko Rohingya: ((ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ခွင့်ကို တောင်းဆိုလာပြီဆိုရင် နောက်ကွယ်မှာ နိုင်ငံရေးရည်မှန်းချက်တွေ ပါလာပြီလို့ ပြောလို့ ရပါတယ်၊)) ရိုဟင်ဂျာတိုင်းရင်းသား ဖြစ်၊ မဖြစ်ဆိုတာက ဥပဒေအတိုင်း ဆုံးဖြတ်ရမှာပါ ကိုခင်မောင်ရီစိန်။ ဥပဒေဆိုရာမှာ ၈၂ မြန်မာ နိုင်ငံသားဥပဒေကို ဆိုလိုတာပါ။ အဲဒီ ဥပဒေမှာ ပြဌာန်းထားတာက ၁၈၂၃ ခုနှစ် မတိုင်ခင် မြန်မာပြည်တွင် အခြေချ နေထိုင်ခဲ့သော လူမျိုးဆိုတဲ့ အချက်ပါရှိပါတယ်။ အဲဒီအချက်က ၁၉၄၈ မြန်မာနိုင်ငံသား ဥပဒေမှာလည်း ပါရှိနေတာကို ကျနော် လေ့လာသိရှိထားပါတယ်။ ကောင်းပြီ။ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာ့မြေမှာ ၁၈၂၃ ခုနှစ် မတိုင်ခင်က ရှိခဲ့တဲ့ လူမျိုး ဟုတ်၊ မဟုတ် သက်သေပြဖို့လိုလာပြီ။ ဒါက သမိုင်းနဲ့ ပတ်သက်တယ်။ အဲဒီတော့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နောက်ပြီး တစ်နိုင်ငံလုံးအရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သမိုင်း ဖြစ်လာပြီ။ အဲဒီလို သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဆန့်ကျင်ဖက်အုပ်စုနှစ်ဖက်က လူတွေ စားပွဲဝိုင်းထိုင်ပြီး၊ ဆွေးနွေးရမယ်။ ကျနော် ဆိုလိုတာက Conference တွေ၊ Workshop တွေ၊ Debate လို့ခေါ်တဲ့ စကားစစ်ထိုးပွဲတွေ၊ နောက်ပြီး နိုင်ငံတော်အဆင့် သမိုင်းပညာရှင်တွေ စုဖွဲ့မယ်၊ ပြီးရင် အဲဒီအဖွဲ့အစည်းထဲကို ပါဝင်ဖို့ ကမ္ဘာ့သမိုင်းပညာရှင်တွေကိုလည်း ဆန့်ကျင်ဘက် နှစ်ဖက်စလုံးက ဖိတ်ခေါ်မယ်။ ပြီးရင် ဒီရိုဟင်ဂျာသမိုင်းဟာ အစစ်အမှန်၊ လန်ကြုပ်လား။ သေသေချာချာ အထောက်အထား ခိုင်မာစွာနဲ့ သုတေသနလုပ်ခိုင်း ရမယ်။ ဒါတွေအားလုံးကို နေ့ချင်း၊ ညချင်း လုပ်ဖို့ တာဝန်ရှိတာ နိုင်ငံတော်အာဏာပိုင်တွေပဲ။

Khin Mg Ye Sein: ဒီနေရာမှာ ရိုဟင်ဂျာဟာ တိုင်းရင်းသား ဟုတ် မဟုတ်ဆိုတာထက် ရိုဟင်ဂျာ ခေါင်းစဉ်အောက်မှာ ဘယ်သူတွေက နိုင်ငံရေးအမြတ်ထုတ်နေသလဲဆိုတာကို ဆွေးနွေးချင်ပါတယ်။

Ko Rohingya: ((ဒါပေမယ့် အဖက်ဖက်က စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး ချွတ်ချုံကျနေတယ့် မြန်မာနိုင်ငံဟာ ကိုယ့်အိမ်တံခါး ကိုယ်လုံအောင် မထိန်းနိုင်ပါဖူး၊)) ကိုခင်မောင်ရီစိန်ရေ ကျနော် အဲဒီအချက်ကိုတော့ ရခိုင်တွေရဲ့ လန်ကြုပ်ဇာတ်လို့ပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ဟာ အလွန် ထောက်လှမ်းရေးကောင်းတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာကျော်ကြားပြီးသားပါပဲ။ လူမပြောနဲ့ ကိုခင်မောင်ရီစိန်ရေ။ ကြွက်ဝင်ရင်တောင် နေ့ချင်းဖမ်းလို့ရပါတယ်။

Ko Rohingya: ((ဒီနေရာမှာ ရိုဟင်ဂျာဟာ တိုင်းရင်းသား ဟုတ် မဟုတ်ဆိုတာထက် ရိုဟင်ဂျာ ခေါင်းစဉ်အောက်မှာ ဘယ်သူတွေက နိုင်ငံရေးအမြတ်ထုတ်နေသလဲဆိုတာကို ဆွေးနွေးချင်ပါတယ်။)) ကိုခင်မောင်ရီစိန်ဆိုလိုချင်တာက ပြည်ပရောက်အဖွဲ့အစည်းတွေကို ပြောတာလား။ ကျနော် ကိုခင်မောင်ရီစိန်ကို တစ်ခု ပြောပြမယ်။ ပြည်ပမှာ ရှိတဲ့သူတွေထဲက ပြည်တွင်းရေးကို ဆောင်ရွက်နေတဲ့သူတွေဟာ သူတို့ရဲ့ နိုင်ငံရေး “ပိုး”ကြောင့်ပါ။ မယုံရင် ကိုခင်မောင်ရီစိန်တို့ ဘာသာဝင် နိုင်ငံရေးသမားတွေ အများကြီး ရှိတာပဲ။ သူတို့ကို မေးကြည့်ပါ။ ဟေ့လူတွေ- ခင်ဗျားတို့ ဘယ်လောက်အထောက်အပံ့တွေရနေလို့ နိုင်ငံရေး လုပ်နေတာလဲ။ သူတို့ ပြန်ဖြေမှာကတော့ အထောက်အပံ့ရဖို့နေနေသာသာ သူတို့ရဲ့ မိန်းမတွေက ကျိန်စာတိုက်နေတဲ့အသံပဲ ကြားရပါလိမ့်မယ်။ အမှန်တကယ်ဆို ပြည်ပမှာ ရောက်ပြီး အခြေချနေထိုင်နေတဲ့သူတွေဆိုတာက အားလုံးက သူ့ဟာနဲ့သူ နေနိုင်၊ စားနိုင်၊ ရပ်တည်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့က လူသားတွေရဲ့ အကျိုးကို ဆောင်ရွက်ချင်ကြတယ်။ လူတွေနဲ့ ဝေးပြီး မနေနိုင်ကြပါ။ ကိုခင်မောင်ရီစိန် သိပါလိမ့်မယ်။ အခု ကိုခင်မောင်ရီစိန် အခုလို လုပ်နေတာ ဘယ်သူက ဘယ်နှစ်ကျပ်ပေးလို့လဲ။ ဘယ်သူမှ ပေးမှာ မဟုတ်ဘူး ကျနော် သေသေချာချာ သိပါတယ်။ ဒါပေမဲ့ ပရနဲ့ကြီးပြင်းခဲ့တဲ့၊ လူလုပ်ခဲ့တဲ့သူတွေဟာ ပရအလုပ် လုပ်ကို လုပ်ရမှ နေသာထိုင်သာရှိတယ်။ အတ္တ သိပ်ပြီး မရှိကြဘူး။ အထူးသဖြင့် နိုင်ငံရေးသမားတွေ၊ စာပေပညာရှင် စတဲ့ သူတွေမှာ ဒီလို ပရစိတ်ဓာတ်က တနည်းအားဖြင့် ပိုးက ရိုးတွင်း ချင်ဆီအထိ ၀င်ပြီးသားပါပဲ။

Khin Mg Ye Sein: အပေါ်မှာ ပြောခဲ့သလို မောင်းတောဒေသမှာ မွေးဖွား ကြီးပြင်းလာပြီး နိုင်ငံသား အခွင့်အရေးဆုံးရှူံးနေတယ့် မြန်မာနိုင်ငံသားများကို တန်းတူ အခွင့်အရေးများရဖို့ တောင်းဆို ကြိုးစားကြမယ်ဆိုရင် လုပ်သင့်ပါတယ်၊ ရလည်းရသင့်ပါတယ်၊ ဒါပေမယ့် ဘင်္ဂလီက ဘလီင်္ဂပဲပေါ့၊ ရိုဟင်ဂျာ ဖြစ်စရာ မလိုပါဖူး။ ရိုဟင်ဂျာ စတေးတပ်ကို တောင်းဆိုနေတာဟာ သူတို့ အတွက် မဟုတ်ပါဖူး၊ ဘင်္ဂလားဒေ့ခ်ျရဲ့  အစိုးရ တရားဝင် လူမှောင်ခို လုပ်ငန်းကို ထောက်ခံနေတာနဲ့ အတူတူပါပဲ၊ ရိုဟင်ဂျာ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားတွေ refugee လျှောက်ပြီး အနောက်နိုင်ငံတွေမှာ နေထိုင်ခွင့် ရကြတာ ကိုချမ်းမြေ့ သိမှာပေါ့၊ Australia လဲ ပါမှာပဲ၊ မောင်းတောက ဒုက္ခသည်အစစ်တွေ ဘယ်သူများ နိုင်ငံခြား ရောက်ပါသလဲ။

Ko Rohingya: နောက်တစ်ခု ပြောပါ့မယ် ကိုခင်မောင်ရီစိန်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးဟာ အရမ်းကို အခွင့်အရေးတွေ ရှိပါတယ်။ (၁) သူတို့ အစိုးရကိုယ်တိုင်က သူတို့ နိုင်ငံသားတွေကို တိုးတက်ပြီးတဲ့ တိုင်းပြည်တွေမှာ သွားပြီးတော့ အလုပ်လုပ်ဖို့အတွက် ကူညီတယ်။ ငွေရေးကြေးရေးက အစပေါ့။ သူတို့နိုင်ငံသားတွေကလည်း ဗမာပြည်ကို စိတ်ထဲမှာတောင် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမသာ၊ ကိုယ်အသုဘဖြစ်နေလို့ပါ။ သူတို့က အနည်းဆုံး မလေးလောက်ကို စိတ်ဝင်စားကြတယ်။ (၂) သူတို့က ရောက်တဲ့ နိုင်ငံကြီးတွေမှာ နိုင်ငံသားခံယူကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နိုင်ငံရဲ့ ဥပဒေအရ နှစ်နိုင်ငံ Citizenship ကိုင်လို့ရတယ်။ ဘယ်နိုင်ငံသားပဲခံယူခံယူ သူတို့ရဲ့ မိခင်တိုင်းပြည်ရဲ့ နိုင်ငံသားကို စွန့်လွှတ်ဖို့ မလိုအပ်ပါ။

Khin Mg Ye Sein: (((ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ဟာ အလွန် ထောက်လှမ်းရေးကောင်းတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာကျော်ကြားပြီးသားပါပဲ။ လူမပြောနဲ့ ကိုခင်မောင်ရီစိန်ရေ။ ကြွက်ဝင်ရင်တောင် နေ့ချင်းဖမ်းလို့ရပါတယ်။)))

ဒီစကားကို ကိုချမ်းမြေ့ တကယ် ယုံကြည်ချက်နဲ့ ပြောတယ်လို့ ကျွန်တော်မထင်ပါဖူး။

Ko Rohingya: ((ရိုဟင်ဂျာ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားတွေ refugee လျှောက်ပြီး အနောက်နိုင်ငံတွေမှာ နေထိုင်ခွင့် ရကြတာ ကိုချမ်းမြေ့ သိမှာပေါ့၊ Australia လဲ ပါမှာပဲ၊)) ဒီကိစ္စကို ကျနော် နည်းနည်းလေးရှင်းပြမယ်။ ဒီနိုင်ငံဆိုပါတော့ဗျာ။

Khin Mg Ye Sein: ဟုတ်တယ်၊ ဘင်္ဂလားဒေ့ခ်ျအစိုးရက သူတို့ နိုင်ငံသားတွေ ပြည်ပအလုပ်ထွက်လုပ်ဖို့ အရမ်းအားပေးတယ်၊ ပြည်ပမှာ သူတို့ နှိုင်ငံသားတွေ ဘာလိုလဲ၊ အကုန်လုပ်ပေးတယ်၊ ပတ်စ်ပို့ စ် သက်တမ်းတိုးမလား၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင်လုပ်ပေးတယ်၊ နိုင်ငံတကာမှာ ရောက်နေတယ့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားတွေ အိမ်ကို ငွေလွှဲရင် ပြည်တွင်းကို တိုက်ရိုက် ငွေလွှဲနိုင်အောင် နိုင်ငံခြားငွေစာရင်း ဖွင့်လို့ ရတယ်၊ အဲဒီနည်းနဲ့ နိုင်ငံခြားငွေ အများကြီးရတယ်၊ အဲဒါကြောင့် ဘင်္ဂလားနေည်းဒေ့ခ်ျ အစိုးရကို အင်မတန် ပါးနပ်တယ်လို့ ပြောခဲ့တာပေါ့၊ မြန်မာအစိုးရက ပြောင်းပြန်၊ နိုင်ငံခြားမှာ မြန်မာနိုင်ငံသားတစ်ယောက် အကူအညီလိုပြီဆိုရင် မျက်နှလွှဲခဲပစ်၊ အခွန်ကောက်ဖို့ ပဲ နားလည်တယ်။

Ko Rohingya: Australia မှာ ရိုဟင်ဂျာလူမျိုးအဖြစ် နေထိုင်ခွင့်ရောက်ချင်ရင် ဒီအတိုင်း လွယ်လွယ်လေးနဲ့ သွားပြီး ရှောက်လို့မရပါ။ ဒီနိုင်ငံမှာ Federal Government ကနေတိုက်ရိုက်ကိုင်တဲ့ ၀န်ကြီးဌာနထဲမှာ လ၀က ပါပါတယ်။ သူတို့ရဲ့ ၀န်ကြီးဌာနကနေ အသိအမှတ်ပြုထားတဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့စုစည်းထားတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းတွေထဲက အဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ထောက်ခံချက်ယူရပါတယ်။ အဲဒီလို ထောက်ခံချက်ကို သွားယူတဲ့အခါမှာ အသင်းက တာဝန်ရှိသူက သူတို့ရဲ့ မိခင်ဘာသာစကားကို စစ်ဆေးရပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ မွေးရပ်ဌာနေ၊ ဆွေးမျိုးသားချင်း စတဲ့ စတဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အဲဒီအချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ ရိုဟင်ဂျာလူမျိုး ဟုတ်၊ မဟုတ်ဆိုတာ သိရှိနိုင်ပြီး၊ မှန်တယ်ဆိုရင် ထောက်ခံချက်ပေးရပါတယ်။ မမှန်ဘူးဆိုရင် မမှန်ကန်တဲ့ အကြောင်းကို လ၀ကကို ချက်ချင်း အကြောင်းကြားရပါတယ်။ တကယ်လို့ အသင်းက လိမ်လည်ခဲ့မယ်ဆိုရင်လည်း မကြာပါဘူး ပေါ်တာပါပဲ။ ပေါ်ခဲ့ပြီဆိုရင် ဒီနိုင်ငံကြီးတွေမှာက ဥပဒေက အရမ်း ကြီးစိုးတဲ့အတွက် ထိထိရောက်ရောက် အရေးယူပါတယ်။ အသင်းတို့၊ အဖွဲ့အစည်းတို့၊ အစည်းအရုံးတို့ကိုလည်း ချက်ချင်း ဖျက်သိမ်းပစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိလူတွေလည်း အမှုရင်ဆိုင်ရပါတယ်။ အဲဒီအတွက် ဒီနိုင်ငံမျိုးမှာ ရိုဟင်ဂျာလူမျိုးမဟုတ်ပါပဲနဲ့ ရိုဟင်ဂျာလူမျိုးပါလို့ လိမ်လည်ဖို့အတွက် အရမ်း အရမ်းကို ခဲယဉ်းပါတယ်။ နောက်ပြီးတော့ သူတို့ ထောက်ခံလိုက်ယုံနဲ့လည်း မပြီးသေးပါဘူး။ လ၀က၀န်ကြီးဌာနမှာ အဆင့်ဆင့် ဖြတ်သန်းရပါသေးတယ်။ လ၀က၀န်ကြီးဌာနကနေတဆင့် Commonwealth နိုင်ငံတွေမှာ ရှိတဲ့ ၀န်ကြီးဌာနတွေကို လိုအပ်ရင် လိုအပ်သလို ဆက်သွယ်ပြီး၊ အကူအညီ တောင်းခံပါတယ်။

Ko Rohingya: ရိုဟင်ဂျာလူမျိုးဆိုရင် ဘင်္ဂလားဒေ့ရှ်နေထိုင်ဖူးခဲ့တယ်ဆိုတာနဲ့ ကျနော်ထင်ပါတယ်။ ဒီက အစိုးရကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဆီမှာ သက်ဆိုင်ရာလူရဲ့ ရာဇ၀င်ကို တောင်းယူပါလိမ့်မယ်။ တောင်းယူဖို့လည်း အရမ်းကို လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Australia နိုင်ငံရော၊ Bangladesh နိုင်ငံနှစ်ခုစလုံးက Commonwealth Countries Lists ထဲမှာ ပါဝင်နေလို့ပါပဲ။

Khin Mg Ye Sein: ပညာတတ်၊ချမ်းသာတယ့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားတွေက မြန်မာနိုင်ငံလာဖို့ စိတ်မဝင်စားပါဖူး၊ ရိုဟင်ဂျာ နာမည်နဲ့ Refugee လျှောက်ပြီး အနောက်နိုင်ငံတွေ သွားမှာပေါ့၊ ကော့ဗားဇား ဖက်မှာ ရှိတယ့် ဒုက္ခသည်စခန်းမှာ အကြံအဖန် ဒုက္ခသည်တွေ အများကြီးပဲ၊ မောင်းတောကို ခြေတောင် မချဖူးပဲ၊ ရခိုင်စကား၊ မြန်မာစကား တလုံးမှ မတတ်ပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပါဆိုပြီး UN လက်မှတ်ကိုင်စောင့်နေတယ့် တစ်ပုံချည့်ပဲ၊ ရခိုင်အရေးအခင်း ရုတ်ရုတ်သဲသဲ ဖြစ်လေ သူတို့ ကြိုက်လေ…

Ko Rohingya: ဒါကြောင့် ရိုဟင်ဂျာလူမျိုးမဟုတ်ပဲနဲ့ Australia မှာ ရိုဟင်ဂျာလူမျိုးအဖြစ် ဖန်တီးပြီး၊ ခိုလှုံခွင့်လျှောက်ထားဖို့ဆိုတာ လုံးဝ၊ လုံးဝ မဖြစ်နိုင်ဘူး ကိုခင်မောင်ရီစိန်။

Ko Rohingya: ((ပညာတတ်၊ချမ်းသာတယ့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားတွေက မြန်မာနိုင်ငံလာဖို့ စိတ်မဝင်စားပါဖူး၊ ရိုဟင်ဂျာ နာမည်နဲ့ Refugee လျှောက်ပြီး အနောက်နိုင်ငံတွေ သွားမှာပေါ့၊ ကော့ဗားဇား ဖက်မှာ ရှိတယ့် ဒုက္ခသည်စခန်းမှာ အကြံအဖန် ဒုက္ခသည်တွေ အများကြီးပဲ၊ မောင်းတောကို ခြေတောင် မချဖူးပဲ၊ ရခိုင်စကား၊ မြန်မာစကား တလုံးမှ မတတ်ပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပါဆိုပြီး UN လက်မှတ်ကိုင်စောင့်နေတယ့် တစ်ပုံချည့်ပဲ၊ ရခိုင်အရေးအခင်း ရုတ်ရုတ်သဲသဲ ဖြစ်လေ သူတို့ ကြိုက်လေ…)) ဒါတွေက မရှိနိုင်ဘူးလို့တော့ ကျနော် လုံးဝ မပြောနိုင်ပါဘူး။ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုခင်မောင်ရီစိန်သိတဲ့အတိုင်းပဲ မဟုတ်လား။ လူဆိုတာ လောဘသားကောင်လေဗျာ။ အဲဒီလိုလူတွေ ရှိနိုင်တာပဲ။ ဒီကိစ္စရှင်းဖို့က ကျနော်တို့ မြန်မာပြည်က ကျနော်တို့ နိုင်ငံသားတွေကို ပြတ်ပြတ်သားသား အကာအကွယ် ပေးနိုင်တယ်ဆိုရင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ နိုင်ငံရေးစနစ်က ခိုင်ခိုင်မာမာရှိတယ်ဆိုရင် ကရင်တွေ ထိုင်းမှာ နေစရာမလိုပါဘူး။ ကချင်တွေ တရုတ်ပြည်မှာ ဒုက္ခသည်အဖြစ် နေစရာ မလိုပါဘူး။ ဒီလိုပါပဲ ရိုဟင်ဂျာတွေလည်း ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ် နေစရာ မလိုပါဘူး။

Ko Rohingya: ထိုင်းမှာဆိုရင် ဗမာစကားလုံးဝ မပြောတတ်တော့၊ ဗမာပြည်ကို ခြေမချဖူးတဲ့ ကျနော်တို့ အမိဗမာနိုင်ငံရဲ့ မျိုးဆက်သစ်တွေ သိန်းနဲ့ချီ၊ သန်းနဲ့ ချီပြီး ရှိနေပါတယ်။ ဒီလိုပါပဲ တရုတ်- ကချင်ပြည်နယ်စပ်မှာဆိုရင်လည်း ဗမာပြည်ကို ခြေမချဖူးတဲ့ ကျနော်တို့ အမိဗမာနိုင်ငံရဲ့ မျိုးဆက်သစ်တွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီလိုပါပဲ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-မြန်မာ နယ်စပ်မှာလည်း ဗမာပြည်ကို ခြေမချဖူးတဲ့ ကျနော်တို့ အမိဗမာနိုင်ငံရဲ့ မျိုးဆက်သစ်တွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။

Ko Rohingya: ဒါတွေဟာ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ မဟုတ်ပါဘူး ကိုခင်မောင်ရီစိန်။ လက်တွေ့ဘ၀တွေပါ။ သူတို့ရဲ့ဘ၀တွေဟာ အရမ်းကို ကြောက်ရွံ့ထိန့်လန့်စရာကောင်းပါတယ်။ သူတို့မှာ အသက်လုံခြုံမှုဆိုတာ မရှိပါဘူး။

Khin Mg Ye Sein: မြန်မာနိုင်ငံဖက်ကို ခိုးဝင်တယ်ဆိုတယ့် ဘင်္ဂလီတွေဟာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ အောက်ဆုံးအလွှာက ဆင်းရဲ မွဲတေတယ့် လူတန်းစားတွေပါ၊ သေမထူး၊ နေမထူး ဘဝတွေပေါ့၊ ဘင်္ဂလားဒေ့ခ်ျဖက်က အချိန်ပြည့် ခိုးဝင်ဖို့ လွယ်ပေမယ့် မောင်းတောဖက်က ဘင်္ဂလီတွေ ဘင်္ဂလားဒေ့ခ်ျဘက်ကို ခိုးဝင်ဖို့ ဆိုတာ မလွယ်ဖူး၊ တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ထားတယ်၊ လူမျိုးတူ၊ဘာသာတူမို့ လို့ ညှာမယ် မထင်ပါနဲ့ ၊ ဒါကို မောင်းတောမှာ ရှိတယ့် ဘင်္ဂလီတွေကလည်း စိတ်နာတယ်၊ အမြဲ နှိပ်စက်ခံနေရတော့…သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်၊ မောင်းတောက ဘင်္ဂလီ ရွာလူကြီးတစ်ယောက်ကပြောတာ၊ ဘင်္ဂလားဒေ့ခ်ျက လူတွေ ခိုးဝင်လာရင် ခင်ဗျားတို တောင် ဘာမှ လုပ်စရာ မလိုဖူး၊ ကျွန်တော်တို့ ကိုယ်တိုင်သတ်ပြီး ရေထဲ မျှောပစ်လိုက်မယ် လို့ သူပြောပါတယ်။

Ko Rohingya: ဘ၀လုံခြုံမှုဆိုတာ မရှိပါဘူး။ အနာဂတ်ဆိုတာ မရှိပါဘူး။ ကျန်းမာရေး အစောင့်အရှောက်တွေလည်း မရှိပါဘူး။ သူတို့ဘ၀မှာ ဘာတစ်ခုမှ ကောင်းတာ မရှိပါဘူး ကိုခင်မောင်ရီစိန်။ သိချင်ရင် တစ်ချက်လောက် သွားပြီးတော့ လေ့လာကြည့်ပါ။

Ko Rohingya: ((မာင်းတောက ဘင်္ဂလီ ရွာလူကြီးတစ်ယောက်ကပြောတာ၊ ဘင်္ဂလားဒေ့ခ်ျက လူတွေ ခိုးဝင်လာရင် ခင်ဗျားတို တောင် ဘာမှ လုပ်စရာ မလိုဖူး၊ ကျွန်တော်တို့ ကိုယ်တိုင်သတ်ပြီး ရေထဲ မျှောပစ်လိုက်မယ် လို့ သူပြောပါတယ်။)) ကဲ-အဲဒါပဲ ကြည့်တော့ ကိုခင်မောင်ရီစိန်ရေ။ ရခိုင်ပြည်နယ်က မွတ်စလင်မ်တွေဟာ ဘယ်လောက် အမိမြေကို ချစ်သလဲဆိုတာပါ။ ဘင်္ဂလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် ခေါ်ချင်သလိုခေါ်ပါ။ ဒါပေမဲ့ ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်၊ မဟုတ်ဆိုတဲ့အချက်ကို သမိုင်းကြောင်းဆိုင်ရာ၊ ဥပဒေကြောင်းဆိုင်ရာအရ အတည်မပြုနိုင်သမျှကာလပတ်လုံးတော့ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ လုံးဝ လုံးဝ ငြင်းလို့ မရသလို၊ ရိုဟင်ဂျာဆိုတာ ရှိပါတယ်လို့လဲ တသမတ်တည်း ပြောလို့ မရပါဘူး။ နှစ်ဖက်စလုံးကို နားထောင်ကြည့်ပေါ့ဗျာ။ ဆန့်ကျင်ဘက် စကားတွေ နှစ်ဖက်စလုံးကို နားထောင်။ နှလုံးသားနဲ့ မဆုံးဖြတ်နဲ့။ အသိဉာဏ်ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကိုခင်မောင်ရီစိန်ရဲ့ ရေးသားချက်ပါစကားအရ ရခိုင်ပြည်နယ်က ဒီမွတ်စလင်မ်အကြီးအကဲဟာ သူ့အမိမြေကို အရမ်းချစ်တယ်ဆိုတာကတော့ သေချာပါတယ်။

Khin Mg Ye Sein: လက်ခံပါတယ်၊ လူသားအချင်းချင်း စာနာ ထောက်ထားသင့်ပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ရေစီးကြောင်းထဲ ပါဝင်သွားဖို့ အရေးကြီးပါတယ်၊ မောင်းတောမှာ နေပြီး စိတ်က ဘင်္ဂလားမှာ မဖြစ်သင့်ဖူး၊ ဒေါ်စု လက်ထက်ရောက်ရင်တော့

နိုင်ငံသား ဖြစ်မှု ဥပဒေတွေ ပိုအသက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်၊ နယ်စပ် ကျူးကျော်ဝင်ရောက်မှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ရမယ်၊ စစ်တကောင်းဘင်္ဂလီမှ မဟုတ်ပါဖူး၊ ယိုးဒယား ဗုဒ္ဓဘာသာ၊ တရုတ် ဗုဒ္ဓဘာသာတွေ ကျူးကျော်မလာဖို့ အရေးကြီးပါတယ်။

Ko Rohingya: ((လက်ခံပါတယ်၊ လူသားအချင်းချင်း စာနာ ထောက်ထားသင့်ပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ရေစီးကြောင်းထဲ ပါဝင်သွားဖို့ အရေးကြီးပါတယ်၊ မောင်းတောမှာ နေပြီး စိတ်က ဘင်္ဂလားမှာ မဖြစ်သင့်ဖူး၊)) အဲဒါပြောတာပေါ့ ကိုခင်မောင်ရီစိန်ရယ်။ ကျနော်တို့ ကိုခင်မောင်ရီစိန်တို့က သွားပြီးတော့ ဘင်္ဂလီ၊ ဘင်္ဂလီဆိုပြီးခေါ်နေရင် သူတို့က ဘင်္ဂလီစိတ်တွေ ပိုဝင်ကုန်မှာပေါ့ဗျာ။ အမှန်တကယ် ဘင်္ဂလီဆိုတဲ့ စကားလုံးကား Bengal ဆိုတဲ့ ဒေသကို အစွဲပြုပြီး ပေါ်လာတာပါ။ Bengal ဒေသမှာ နေတဲ့သူကို ဘင်္ဂလီလို့ အူရ်ဒူနဲ့ အာရဗီမှာ ခေါ်တယ်။ ဘင်္ဂလားဒေ့ရှ်ဘာသာစကားတော့ ကျနော် မတတ်လို့ မသိပါ။ ရန်ကုန်မှာနေတဲ့သူကို အာရဗ်တွေ၊ အိန္ဒိယတွေက ဟိုးအရင်တုန်းက ရန်ဂွန်နီလို့ ခေါ်ကြ၊ ရေးကြတယ်။ အရင်တုန်းက ရန်ကုန်ကို Rangoon လို့ ခေါ်တယ် မဟုတ်လားဗျာ။ Rangoon ကနေ Rangooni ဖြစ်လာတော့တာပါပဲ။

Khin Mg Ye Sein: ကိုချမ်းမြေ့ အနေနဲ့ ရိုဟင်ဂျာ ကမ်ပိန်း ကို ကိုယ့်ယုံကြည်ချက်နဲ့ လုပ်ချင်လည်း လုပ်ပါ၊ တိုင်းရင်းသား ဟုတ် မဟုတ် အငြင်းမပွားလိုဖူး၊ ဒါပေမယ့် ကိုယ်လုပ်တယ့် လုပ်ရပ်ဟာ ရခိုင်ပြည်နယ် မြန်မာနိုင်ငံထဲက ပဲ့ပါသွားနိုင်သလားဆိုတာကိုတော့ စဉ်းစားစေချင်ပါတယ်၊ မြန်မာနိုင်ငံကို ချစ်တယ်၊သံယောဇဉ်ရှိတယ်ဆိုရင်ပေါ့လေ ။

Ko Rohingya: ပဲ့ပါသွားဖို့ မရှိပါဘူး ကိုခင်မောင်ရီစိန်။ သူတို့တွေက သူတို့ရဲ့ ပျောက်ဆုံးသွားခဲ့တဲ့ မြန်မာ့တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေကြတာ မဟုတ်လားဗျာ။ အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်တိုင်းရင်းသားဖြစ်ဖို့ ကြိုးစားနေတာဆိုရင်တော့ ကျနော်တို့က လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ သူတို့တွေကလည်း ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ပါဘူး။

Khin Mg Ye Sein: တရုတ်က သူတို့ ကိုယ်သူတို့ တရုတ်လို့ ပဲ ပြောပါတယ် ကိုချမ်းမြေ့ ၊ မြန်မာနိုင်ငံမှာ ဘယ်လောက် အနေကြာကြာ ၊ ဘာလူမျိုးလဲ မေးရင် တရုတ်၊ ဒါမှမဟုတ် မြန်မာတရုတ်လို့ ပဲ ပြောပါတယ် ။

Ko Rohingya: ဒီလိုပါပဲ ဘင်္ဂလားဒေ့ရှ်နဲ့ တွဲနေဖို့ သူတို့က တောင်းဆိုရင်လည်း ကျနော်တို့ မွတ်စလင်မ်လူထုတစ်ရပ်လုံးက လက်မခံပါဘူး ကိုခင်မောင်ရီစိန်။ သူတို့ကလည်း ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပါဘူး။

Ko Rohingya: ကိုခင်မောင်ရီစိန် တရုတ်ကိုတော့ လျှော့မတွက်ပါနဲ့။ ဒီနိုင်ငံကြီးမှာတောင် တရုတ်ရန်ကို ကာကွယ်ဖို့ အမေရိကန် ရေတပ်ကို ငှားထားရပါတယ်။ ကိုခင်မောင်ရီစိန် အဲဒီကိစ္စသိပါသလား။

Khin Mg Ye Sein: ကျွန်တော့် အမြင်ကတော့ ကိုချမ်းမြေ့ ..ရိုဟင်ဂျာလို့ တခွန်းပြောလိုက်တိုင်း ရခိုင်အနောက်ဖက် တံတိုင်းကြီးကို တူနဲ့ တစ်ချက်ထုလိုက်သလို ခံစားရပါတယ်၊ ဒါကြောင့် ကိုချမ်းမြေ့ သုံးထားတယ့် ပရိုဖိုင်း နာမည်ကို တစ်ခါမှ မခေါ်ပါ ။

Ko Rohingya: အဲဒါက အကြောက်လွန်ကဲတာပါ ကိုခင်မောင်ရီစိန်။ ကျနော် ပြောပြမယ်။ ကျနော်ဆိုရင် အဲဒီ ရခိုင်ပြည်နယ်က လူတွေကို ဟိုးအရင်တုန်းကရော၊ အခုရော မဖွံ့ဖြိုးသေးတဲ့ လူတွေလို့ပဲ မြင်တယ်။ သနားစရာကောင်းပါတယ်ဗျာ။ သူတို့က လောကကြီးဆိုတာ ဘာလဲ ကောင်းကောင်းသိတာ မဟုတ်ဘူး။ ဟိုလူပြောနားယောင်၊ ဒီလူပြောနားယောင်။ ယောင်ခြောက်ဆယ်နဲ့ အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိ ဖြစ်နေကြတဲ့သူတွေပါ။

Ko Rohingya: ကျနော် အမျိုးပျောက်မှာ စိုးကြောက်စရာဆိုတဲ့ စာအုပ်ကို အကြိမ်များစွာ ဖတ်ဖြစ်ပါတယ်။ ဖတ်လေ၊ ဖတ်လေ တွေ့ရှိလာလေကတော့ အမျိုးပျောက်မှာ စိုးကြောက်တာ မဟုတ်ပါဘူး။ ဘာသာပျောက်မှာကို စိုးကြောက်တာပါ ကိုခင်မောင်ရီစိန်။ ဒါပေမဲ့ သူတို့က အမျိုးဆိုပြီး ချော်လဲရောထိုင် လုပ်လိုက်တာပါ။

Ko Rohingya: အဲဒီစာအုပ်မှာ ပါတဲ့ အမှားတွေကဗျာ များမှများပါပဲ။ ကျနော် ယခု ခွဲခြမ်းစိတ်ဖြာလေ့လာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်က တော်တော်လေး ပျံ့နှံ့ခဲ့ပြီ။ အဲဒီတော့ ပျံ့နှံ့နေတဲ့ အမုန်းတရားတွေကို အပြုံးစကားတွေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ဖြိုခွင်းဖို့ပါပဲ။

Khin Mg Ye Sein: တစ်ခုပဲ မေးချင်တယ်၊ ရိုဟင်ဂျာ ဆိုတယ့် တိုင်းရင်းသားတွေ ရခိုင်ဒေသမှာ ရခိုင်တွေနဲ့ အတူ ရှေးနှစ်ပေါင်းများစွာထဲက ရှိခဲ့ကြတယ်ဆိုရင် ရိုဟင်ဂျာဟာ ရခိုင်ဖက်မှာပဲ ရှိပြီးတော့ ဘင်္ဂလားဒေ့ခ်ျဖက်မှာ ဘာလို့ မရှိတာလဲ၊ ရခိုင်တွေကျတော့ နှစ်ဖက်စလုံးမှာ ဘာလို့ ရှိနေတာလဲ၊ မြန်မာနဲ့ အိန္ဒိယ နယ်နိမိတ်ခွဲတော့ ရခိုင်ဒေသ နှစ်ခြမ်းကွဲပြီး ဒေသခံတိုင်းရင်းသားတွေလည်း နှစ်ဖက်စလုံးမှာ ရောက်သွားကြတယ်၊ မျို၊ သက်၊ ခန္တီး၊ ဒိုင်းနက်၊ မရမန်ကြီး ၊ ရခိုင် တိုင်းရင်းသားအားလုံး နေထိုင်ကြတာ ဘင်္ဂလားဒေ့ခ်ျ အစိုးရလည်း အသိအမှတ်ပြုတယ်၊ ရိုဟင်ဂျာက ဘာဖြစ်လို့ ရခိုင်ဖက်ချမ်းမှာပဲ ကျန်နေရတာလဲ။ နဂိုကတဲက မရှိခဲ့လို့ ဆိုတာ ရှင်းနေတာပဲလေ။

Ko Rohingya: ဘာသာမတူတဲ့ သူတွေ အထူးသဖြင့် မွတ်စလင်မ် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ)နဲ့ ဗုဒ္ဒဘာသာဝင် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) Inter marriage ကိစ္စကို ကျနော် ယခု ဆွေးနွေးပေးမယ်။

Khin Mg Ye Sein: ဟုတ်ကဲ့ ကိုချမ်းမြေ့ ၊ အမြင်ဖလှယ်ရတာ အကျိုးရှိပါတယ်၊ Aussie မှာတော့ ဘယ်အချိန်ရှိပြီလည်းမသိဖူး၊ မနက် စောစောထရမှာမို့ လို့ ဒီညတော့ ခွင့်ပြုပါအုံး၊ နောက်နေ့ ဆက်ကြတာပေါ့၊ ကျန်းမာ ချမ်းသာပါစေဗျာ ။ ဂွတ်နိုက် ။

Ko Rohingya: ((တစ်ခုပဲ မေးချင်တယ်၊ ရိုဟင်ဂျာ ဆိုတယ့် တိုင်းရင်းသားတွေ ရခိုင်ဒေသမှာ ရခိုင်တွေနဲ့ အတူ ရှေးနှစ်ပေါင်းများစွာထဲက ရှိခဲ့ကြတယ်ဆိုရင် ရိုဟင်ဂျာဟာ ရခိုင်ဖက်မှာပဲ ရှိပြီးတော့ ဘင်္ဂလားဒေ့ခ်ျဖက်မှာ ဘာလို့ မရှိတာလဲ၊ ရခိုင်တွေကျတော့ နှစ်ဖက်စလုံးမှာ ဘာလို့ ရှိနေတာလဲ၊ မြန်မာနဲ့ အိန္ဒိယ နယ်နိမိတ်ခွဲတော့ ရခိုင်ဒေသ နှစ်ခြမ်းကွဲပြီး ဒေသခံတိုင်းရင်းသားတွေလည်း နှစ်ဖက်စလုံးမှာ ရောက်သွားကြတယ်၊ မျို၊ သက်၊ ခန္တီး၊ ဒိုင်းနက်၊ မရမန်ကြီး ၊ ရခိုင် တိုင်းရင်းသားအားလုံး နေထိုင်ကြတာ ဘင်္ဂလားဒေ့ခ်ျ အစိုးရလည်း အသိအမှတ်ပြုတယ်၊ ရိုဟင်ဂျာက ဘာဖြစ်လို့ ရခိုင်ဖက်ချမ်းမှာပဲ ကျန်နေရတာလဲ ။ နဂိုကတဲက မရှိခဲ့လို့ ဆိုတာ ရှင်းနေတာပဲလေ)) ကိုခင်မောင်ရီစိန်ရေ ဒီကိစ္စက သမိုင်းကြောင်းဆိုင်ရာ အရှုပ်တော်ပုံနဲ့ စစ်အာဏာရှင်တွေရဲ့ ဥပဒေကို မလှိမ့်တစ်ပတ်လုပ်တဲ့ အရှုပ်တော်ပုံ၊ သမိုင်းစစ်၊ သမိုင်းမှန်တွေကို ဖြောက်ဖျက်ပစ်တဲ့ အရှုပ်တော်ပုံ စတဲ့ စတဲ့ အရှုပ်တော်ပုံတွေရဲ့ အကျိုးရလဒ်ပါ။ ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာ တကယ်ရှိခဲ့၊ မရှိခဲ့၊ တိုင်းရင်းသားဖြစ်ခဲ့ဖူး၊ မဖြစ်ခဲ့ဖူးခဲ့ဆိုတာက ကျနော် အထက်မှာတင်ပြခဲ့သလိုပါပဲ။ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နောက်ပြီး တစ်နိုင်ငံလုံးအရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သမိုင်း ဖြစ်လာပြီ။ အဲဒီလို သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဆန့်ကျင်ဖက်အုပ်စုနှစ်ဖက်က လူတွေ စားပွဲဝိုင်းထိုင်ပြီး၊ ဆွေးနွေးရမယ်။ ကျနော် ဆိုလိုတာက Conference တွေ၊ Workshop တွေ၊ Debate လို့ခေါ်တဲ့ စကားစစ်ထိုးပွဲတွေ၊ နောက်ပြီး နိုင်ငံတော်အဆင့် သမိုင်းပညာရှင်တွေ စုဖွဲ့မယ်၊ ပြီးရင် အဲဒီအဖွဲ့အစည်းထဲကို ပါဝင်ဖို့ ကမ္ဘာ့သမိုင်းပညာရှင်တွေကိုလည်း ဆန့်ကျင်ဘက် နှစ်ဖက်စလုံးက ဖိတ်ခေါ်မယ်။ ပြီးရင် ဒီရိုဟင်ဂျာသမိုင်းဟာ အစစ်အမှန်၊ လန်ကြုပ်လား။ သေသေချာချာ အထောက်အထား ခိုင်မာစွာနဲ့ သုတေသနလုပ်ခိုင်း ရမယ်။ ဒါတွေအားလုံးကို နေ့ချင်း၊ ညချင်း လုပ်ဖို့ တာဝန်ရှိတာ နိုင်ငံတော်အာဏာပိုင်တွေပဲ။

Ko Rohingya: ကောင်းပါပြီဗျာ။ နောက်နေ့ကျတော့ ဘာသာမတူတဲ့ သူတွေ အထူးသဖြင့် မွတ်စလင်မ် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ)နဲ့ ဗုဒ္ဒဘာသာဝင် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) Inter marriage ကိစ္စကို ကျနော် ယခု ဆွေးနွေးပေးပါ့မယ်။

Ko Rohingya: အဲဒီအချက်ကလည်း ဘာသာပျောက်မှာ စိုးကြောက်တဲ့သူတွေအတွက် အရမ်းကို အရေးကြီးတဲ့ အချက်မို့ပါ။ အနာသိရင် ဆေးရှိပါတယ် ကိုခင်မောင်ရီစိန်။ ကောင်းသောညပါဗျာ။ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

အားလုံးကို ကျေးဇူးပါ။

ချမ်းမြေ့

14-02-2013

မှတ်ချက် ။    ။ စိတ်ပါဝင်စားသူ သူငယ်ချင်း မိတ်ဆွေများ ဖတ်ရှုရလွယ်ကူအောင် ပို့စ်အဖြစ် တင်ပေးလိုက်ခြင်း ဖြစ်ကြောင်းပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s