ဒေါ်အောင်ဆန်းစုကြည်ကို ကျူးကျော်စော်ကားတဲ့ Thway Thit Sar ခေါ် စစ်အာဏာရှင်လက်ပါးစေတစ်ဦးအား ချေမှုန်းခြင်း

Thway Thit Sar (http://www.facebook.com/SitThwayThitSar)ခေါ် စစ်အာဏာရှင်တွေရဲ့ အိမ်မွေးခြံပေါက်လက်ပါးစေတစ်ယောက်က ပို့စ်တစ်ခုတင်ပြီး မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်းဆန်းရဲ့ တစ်ဦးတည်းသော ချစ်သမီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပက်ပက်စက်စက် အောက်ပါအတိုင်း စော်ကားထားပါတယ်။

 

1

 

အနှီ Thway Thist Sar ဆိုတဲ့ ငနဲဟာ ရခိုင်-တရုတ်ကပြားတစ်ဦး ဖြစ်ဟန်တူပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ဘိုးအေကြီး တရုတ်ကပြား သားသတ်သမား စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးပြီး၊ ဗမာပြည်ကြီးကို စစ်ကျွန်သဘောက်ဘ၀ကနေ ရုန်းမထွက်နိုင်အောင် နည်းလမ်းအမျိုးမျိုး ကြံဆောင်နေခြင်း ဖြစ်ဟန်တူပါတယ်။

 

 

Thway Thit Sar ဆိုတဲ့ စစ်ခွေးများရဲ့ လက်ပါးစေတစ်ယောက်က သူရေးတဲ့ အကြောင်းအရာနဲ့မဆိုင်တဲ့ ဓာတ်ပုံကိုတင်ပြီးတော့ ဖွတာ ဥပဒေကြီးစိုးတဲ့ နိုင်ငံမှာဆိုရင် လူ့ဂုဏ်သိက္ခာကို ကျူးကျော်စော်ကားမှု၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုကို အခြေခံပြီး လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုနဲ့ အရေးယူခံရနိုင်တယ်။ ဒီငနဲက ဘယ်နိုင်ငံမှာ နေတဲ့ ငနဲလဲတော့ မသိဘူး။ ကြည့်ရတာ ဥပဒေမဲ့တဲ့နိုင်ငံ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံတစ်ခုခုမှာနေပုံ ရပါတယ်။ အမျိုးသားခေါင်းဆောင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားအောင်လုပ်တယ်ဆိုတာ သာမာန် ပြစ်မှုမျိုးမဟုတ်ပါ။ ဒီလိုပါပဲ ဘာသာမတူ၊ အယူကွဲပြား၊ လူမျိုးနဲ့ဘာသာစကားခြားနားတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို စော်ကားမော်ကား ပြုခြင်းဟာလည်း သာမာန် ပြစ်မှု မဟုတ်ပါဘူး။

 

Thway Thit Sar ((ကုလားကို ရည်းစားဦးတော် အင်္ဂလိပ်ကို လင်တော်ပြီး ကဗြားလေးတွေ မွေးခဲ့ကာ အမျိုးဖျက်ခဲ့တာကိုတောင် အားမရသေးဘူး… )) ဒါကို ဖွတယ်ဆိုကတည်းက ခင်ဗျားဟာ စစ်ခွေးရဲ့ အိမ်မွေးခြံပေါက် လက်ပါးစေတစ်ယောက်ဆိုတာ သိသာထင်ရှားနေတယ်။ လူတစ်ဦးဟာ သူ နှစ်သက်တဲ့ လူတစ်ဦးနဲ့ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားနိုင်တာပဲ။ ဒီလို လက်ထပ်ထိမ်းမြားခြင်းဟာ ခင်ဗျားတို့ရဲ့ ဘာသာအယူဝါဒက တားမြစ်ထားလို့လား။ တားမြစ်ထားတယ်ဆိုရင်လည်း ဒီလိုမျိုး လူမျိုးရေးကို အခြေခံပြီး လှုံ့ဆော်ခြင်းမျိုး လုံးဝ မဖြစ်သင့်ဘူး။ လူမျိုးရေးကို အခြေခံပြီး၊ လက်ထပ်ထိမ်းမြားခြင်းကို ပိတ်ပင်တာဟာ လူသားမျိုးနွယ် အချင်းချင်းရဲ့ကြားထဲမှာ အမုန်းတရားတွေပေါ်ပေါက်အောင် လှုံ့ဆော်တာပဲ။ လူသားအချင်းချင်း လူမျိုးရေးကို အခြေခံပြီး အတန်းအစားခွဲခြားတာပဲ ဒီလို ခွဲခြားခြင်းဟာ ဒီမိုကရေစီလမ်းစဉ်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်တယ်ဆိုတာ မောင်ရင် သိရဲ့လား။ သိမှာလဲ မဟုတ်ပါဘူး။ မောင်ရင့်ကြည့်ရတာ ပေးတာယူ၊ ကျွေးတာစား၊ ခံမပြောနဲ့၊ ရာထူးပြုတ်သွားမယ်၊ မော်စကို ရောက်သွားမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်နဲ့ လူလားမြောက်လာပုံရပါတယ်။

 

Thway Thit Sar @ ((သမ္မတဖြစ်ထိုက် မဖြစ်ထိုက် ကိုယ့်အခြေ အနေကိုယ် သိရဲ့ သားနဲ့… ဇွတ်အတင်း အရွဲ့ တိုက် အာဏာရူးပြီး )) အမျိုးသားခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးကို ဒီလို အထောက်အထားမဲ့ စွတ်စွဲခြင်းဟာ မောင်ရင့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေပါတယ်။ သမ္မတဖြစ်ထိုက်၊ မဖြစ်ထိုက်ဆိုတာ မောင်ရင်တို့လို စစ်ခွေးတွေ၊ အစွန်းေ၇ာက်တွေက ပြဌာန်းလို့ရတာမှ မဟုတ်တာ။ သမာသမတ်ရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက သတ်မှတ်ပြဌာန်းရတာ။ ပြည်သူလူထုတစ်ရပ်လုံးကို မောင်ရင်တို့ စစ်ခွေးတွေ မဲဗုံးထောင်ပြီး ဆန္ဒခံယူပွဲလုပ်ကြည့်လိုက်ပါလား။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ထိုက်သူ တစ်ဦးဟုတ်၊ မဟုတ်ကို သိချင်တယ်ဆိုရင်ပေါ့။ မောင်ရင်တင်မဟုတ်ဘူး။ ဦးသိန်းစိန်ကစပြီး မောင်ရင်တို့ရဲ့ ၀တ်စုံပြောင်း အစိုးရတစ်ရပ်လုံးကို စိန်ခေါ်တာ။ သဘောပေါက်တယ်နော်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသော သမီးလှရတနာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံးက အုံးအုံးကြွက်ကြွက် တစ်ခဲနက်ထောက်ခံကြတာကို မောင်ရင်တို့ တွေ့ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာပြည်သူကို မောင်ရင်တို့လို စစ်ခွေးတွေ သွေးဘယ်လို ခွဲခွဲ မကွဲခဲ့ဘူးဆိုတာ ကြားဖြတ်ရွေးကောက်ပွဲတုန်းက သက်သေခံခဲ့ပြီးပြီ။ မောင်ရင်တို့ စစ်ခွေးခေါင်းဆောင်တွေ နိုင်ငံတကာ အလည်မှာ အဆင့်ရှိရှိ ရပ်တည်လို့ရလို့လား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အခု နိုင်ငံတကာစားပွဲဝိုင်းမှာ ၀င်ပြီး ထိုင်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ရင်တောင် မစော်ကားသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူလူထု (လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံ)ရဲ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းနေရာ ယူထားတယ်ဆိုတာ မမေ့နဲ့။ ကမ္ဘာ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲနေရာယူထားတယ်ဆိုတာ မမေ့နဲ့။

 

Thway Thit Sar @ ((ဇွတ်အတင်း အရွဲ့ တိုက် အာဏာရူးပြီး ကုလားတွေ ဆီက ထောက်ပံ့မှုတွေ… )) ဒီအချက်ကလည်း အထောက်အထားမဲ့ စွတ်စွဲချက်ပါပဲ။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဘယ်မွတ်စလင်မ်တွေဆီကနေပြီး ဘယ်လို အထောက်အပံ့တွေ ယူခဲ့တာလဲ။ ကြည့်ရတာ Thway Thit Sar ဆိုတဲ့ ငနဲဟာ တရုတ်+ရခိုင်ကပြားလား၊ အစွန်းရောက် ရခိုင်လားတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့တွဲနေတဲ့ Qing Mya (http://www.facebook.com/QingMinya2) တို့၊ ဆူးလှည်း(http://www.facebook.com/ko.maungsoe.5)တို့ဆိုတာကတော့ တရုတ်ကပြားတွေပဲ။ တရုတ်ကပြား သားသတ်သမားဗိုလ်နေ၀င်းရဲ့ နှိပ်စက်မှုကြောင့် ဗမာပြည်ကြီး စစ်ကျွန်သဘောက်ဘ၀ကို ရောက်ခဲ့ရတာ အခုထက်ထိ မထွက်နိုင်သေးဘူး။ အခု ရခိုင်ပြည်က လူမျိုးတုန်းသတ်ဖြတ်မှုမှာလည်း တရုတ်ကပြားတွေ ၀င်ပြီး မွှေနေတုန်းပဲ။ ဒီကောင်တွေ ကြည့်ရတာ ရခိုင်ပြည်နယ်က၊ မြန်မာပြည်ထဲက၊ တရုတ်စီမံကိန်းတွေအတွက် လှုပ်ရှားပေးတာ ဖြစ်ရမယ်။ လက်ပန်းတောင်းတောင်မှာ သံဃာတော်တွေရဲ့ သွေးတွေ မြေခခဲ့ရတာလည်း တရုတ်ကြောင့်ပဲ။ မြန်မာပြည်ရဲ့ အထက်ပိုင်းကိုလည်း စီးပွားရေးအရ ပေါက်ဖော်ကြီးက မြိုထားပြီးပြီ။ ကြည့်နေပါ။ မကြာပါဘူး။ ဒုတိယ စင်္ကာပူလို တရုတ်ခွဲထွက်နိုင်ငံ ပေါ်လာပါလိမ့်မယ်။

 

((ကုလားတွေ ဘက်က နာပြပြီး ကုလားကို ကုလားလို့ မခေါ်ရဘူး ခေါ်ရင်မိဘမဆုံးမထားလို့ ဆရာမဆုံးမထားလို့ လို့ ပြောတဲ့ သူကပြော…)) ဒီအချက်ကလည်း မဖွံ့ဖြိုးမတိုးတက်သေးတဲ့ လူတွေကို ဖွံ့ဖြိုးတိုးတက်ပြီးတဲ့၊ နိုင်ငံတကာအဆင့်မှီတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုံးမသွန်သင်ခြင်းပဲ။ ကုလားလို့ ခေါ်တာ မကြိုက်တဲ့ သန်းပေါင်း ဆယ်ချီနေတဲ့ လူထုကြီးကို လေးစားရမှာပဲ။ ကုလားဆိုတဲ့ စကားလုံးဟာ မရိုင်းစိုင်းဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေထဲက တစ်မျိုးမှ မပါတဲ့၊ ၁၀၀% အိန္ဒိယသွေးဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကိုကျတော့ ဘာကြောင့် ကုလားကြီးလို့ မရေးရတာလဲ။ မခေါ်ရတာလဲ။ ဒီအချက်ကနေပြီး ကုလားဆိုတာ ယနေ့ခေတ်ကာလရဲ့ အသုံးအနှုန်း ရိုင်းစိုင်းတယ်ဆိုတဲ့ အနက်ကို ပေးကြောင်း သက်သေခံနေတာ မဟုတ်ဘူးလား။ အဲဒီပုဂ္ဂိုလ်ကြီးကို မောင်ရင်တို့ ကုလားကြီးလို့ ခေါ်ရက်လား၊ ရေးရက်လား။ မခေါ်ရက်ဘူး၊ မရေးရက်ဘူးဆိုရင် ဘာကြောင့် မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေရဲ့ သွေးအနည်းနဲ့ အများဆိုသလို ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုကြတော့မှ ကုလား၊ ကုလားဆိုပြီး မိုးမွှန်အောင် ရေးနေရတာလဲ။ ပြောနေရတာလဲ။ မြန်မာ့စာပေရဲ့ ဖခင်ကြီးဖြစ်တဲ့၊ မြစေတီကျောက်စာကို ရေးသားခဲ့တဲ့ Raja Kumar (ရာဇကုမာရ်) မင်းသားကို ကုလားကြီးရာဇကုမာရ်လို့ ရေးရက်လား။ ခေါ်ရက်လား။ လူစိတ်ရှိရင် လူလို သိပါ။ လူလိုတွေးပါ။ လူလို ရေးပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမဘယ်တော့မှ ကုလားလို့ မခေါ်ဘူးဆိုတဲ့ စကားအပြည့်အစုံကို ဒီနေရာမှ ပြန်ပြီးတော့ ဖော်ပြပေးလိုက်မယ်။

 

မေး။ ။ ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။ မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။

 

ဖြေ ။ ။ အဲဒီဟာ တော်တော်ကို ဟုတ်တယ်။ ဒါမိဘတွေက မသင်တာပဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားမှာ။ ဥပမာဆိုရင် ကုလားပေါ့နော်။ ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။ ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။ နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။ နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။ အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိယင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။

 

Thway Thit Sar တို့လို ကောင်တွေက ရခိုင်တောင် ရခိုင်စစ်စစ် မဟုတ်ဘူး။ အခု ရခိုင်ကို ချစ်ပါတယ်ဆိုတဲ့ ရခိုင်တွေ သွေးဖော်စစ်လိုက် ရခိုင်စစ်စစ် မဟုတ်ဘူး။ အေးချမ်းဆိုတဲ့ သမိုင်းလိမ်ဆရာ မုသားဝါဒီကိုကြည့် ရခိုင်စစ်စစ် မဟုတ်ဘူး။ ဘရူဝါနဲ့ သွေးစပ်ထားတဲ့ ရခိုင်။

 

ဒီကပြား မော့ဂ်ရခိုင်တွေက သူတို့ကိုယ်သူတို့ မော့ဂ်ရခိုင်ပုံစံဖမ်းပြီး၊ အမျိုးကို ချစ်ပြနေတာ။ အမှန်တကယ်က အမျိုးချစ်လို့ မဟုတ်ဘူး။ အမျိုးကို နှစ်နေတာ။ အပြစ်မဲ့ ပြည်သူတွေ သေကြကြေကြအောင် သွေးထိုးလှုံ့ဆော်နေတာ။

 

ဒီလို မော့ဂ်ရခိုင်တွေဟာ ဘိုးတော်မင်းတရားနဲ့ပဲ ကိုက်တယ်။ ဘိုးတော်မင်းတရားက မော့ဂ်ရခိုင်တွေရဲ့ ကလိမ်ကကျစ် အောက်တန်းကျတဲ့၊ တိုင်းဖျက်ပြည်ဖျက် စိတ်ဓာတ်ကို သိလို့ ဘယ်လို ဗြင်းခဲ့တယ်ဆိုတာကို သမိုင်းမှာ ပြန်ဖတ်ကြည့်ပါ။

 

ချမ်းမြေ့

၁၆-၀၂-၂၀၁၂

REF: http://www.facebook.com/photo.php?fbid=375600989213997&set=a.107342539373178.12444.100002922972197&type=1

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s