မှတ်ကျောက်တင်ခံရတော့မဲ့ ဒီမိုခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ

9

 

ဒီအမှုကိစ္စဟာ လုံးဝ အကြမ်းဖက်မှုကြီးဖြစ်ပြီး၊ ဒီမိုကရေစီ လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သက်စွန့်ကြိုးပမ်းထမ်းရွက်နေတဲ့ သူရဲကောင်းများအနေနဲ့ ဒီအကြမ်းဖက်မှုကြီးကို ဒီမိုကရေစီနဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်တည်ကြရပါမယ်။ မိမိနဲ့ ဘာသာတူလို့ဆိုပြီး ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်အုပ်စုတွေဘက်ကနေ ရပ်မယ်ဆိုရင်တော့ သမိုင်းရဲ့ ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ရခိုင်ပြည်နယ်က အပြစ်မဲ့ လူသားများအား လူမျိုးတုန်းသတ်ဖြတ်မှုခံခဲ့ရတဲ့ အရေးတော်ပုံကြီးတုန်းက ပြတ်သားစွာ မရပ်တည်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့တဲ့ သူရဲကောင်းတွေဟာ အခု ဒီအကြမ်းဖက်မှုကြီးမှာ မည်သို့မည်ပုံ ရပ်တည်မယ်ဆိုတာကို မှတ်ကျောက်တင်ခြင်းခံရတော့မဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ရခိုင်ကိစ္စက စောဒနာတွေ ပေးနိုင်ပေမဲ့၊ အခု ကိစ္စကတော့ Pure Terrorism ပဲ ဖြစ်တာမို့ မည်သည့် အကြောင်းပြချက်မှ ပြပြီး လှည့်ပတ်နေလို့၊ လိမ်လည်ဖုန်းကွယ်နေလို့၊ ရူးချင်ယောင်ဆောင်နေလို့ မရတော့ပါဘူး။ တစ်ဖက်နိုင်ငံက ခိုးဝင်တာတို့၊ ကျူးကျော်တာတို့၊ ခိုင်မာတဲ့ နိုင်ငံသားဥပဒေမရှိတာတို့တွေနဲ့ အကြောင်းပြချက်တွေ ပေးလို့ မရတော့ပါဘူး။

 

1

 

ဒီမိုကရေစီကို ပီပီပြင်ပြင် ချစ်မြတ်နိုးသူတစ်ဦးဟာ တစ်ဦးတစ်ယောက်က ဒါမှမဟုတ် လူတစ်စုကနေပြီး မည်သည့် ဘာသာတရားကိုပဲဖြစ်ဖြစ်၊ မည်သည့်ဘာသာရေးအဆောက်အဦးကိုပဲဖြစ်ဖြစ်၊ မည်သည့်ဘာသာဝင်ကိုပဲဖြစ်ဖြစ်၊ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး ကျူးကျော် စော်ကားမယ်ဆိုရင် ကျူးကျော်စော်ကားတဲ့သူတွေကို ဘာသာပဲတူတူ၊ လူမျိုးပဲတူတူ၊ စကားပဲတူတူ၊ အသားအရောင်ပဲတူတူ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကန့်ကွက် ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာဟာ လူသားတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးမို့လို့ပါပဲ။ ဗမာအချင်းချင်း ကျူးကျော်စော်ကားတာကို အမျိုးသားရေးလို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။ ဒီနေ့ ဗမာပြည်မှာ နေထိုင်ကြတဲ့ မွတ်စလင်မ်တွေဟာ တိုင်းရင်းသား၊ နိုင်ငံသား မွတ်စလင်မ်တွေပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ အားလုံးရဲ့ ခေါင်းထဲမှာ အမြဲ မှတ်သားထားဖို့လိုပါတယ်။

 

မနေ့ (၁၇-၀၂-၂၀၁၃)က သာကေတမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြီးဟာ လူအများစုကိုးကွယ်တဲ့ ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်တွေကနေပြီးတော့ လူအနည်းစုကိုးကွယ်တဲ့ ဘာသာတရားတစ်ခုရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတစ်ခုကို မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုကြီး ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုမှာ ပါဝင်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေ အားလုံးကို နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေအရ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့အတွက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူရဲကောင်းတွေ၊ နိုင်ငံရေးပါတီတွေက တစ်ဦးချင်းအနေနဲ့၎င်း၊ ပါတီအနေနဲ့၎င်း အလျင်အမြန် တောင်းဆိုပေးဖို့ လိုအပ်ပါတယ်။ ဒီလို မတောင်းဆိုလို့ အကြမ်းဖက်သမားများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ သွေးနထင်ရောက်မှုကြောင့် အကယ်၍များ တစ်စုံတစ်ရာ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမယ်ဆိုရင် လူကြီးမင်းတို့လည်း တာဝန်ကင်းမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်တွေအနေနဲ့လည်း ၎င်းအကြမ်းဖက်မှုကြီးမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးရမှာ ဖြစ်ပါတယ်။ ယင်းသို့ ဥပဒေအရ အကြမ်းဖက်သမားများကို အရေးမယူမှုကြောင့် အကယ်၍ အကြမ်းဖက်သမားများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ သွေးနထင်ရောက်မှုကြောင့် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်ခဲ့ပါက လက်ရှိ အာဏာရ ဦးသိန်းစိန်အစိုးရရဲ့တာဝန်သာ ဖြစ်သွားပါလိမ့်မယ်။

 

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးကို မရောထွေးပဲ ပြတ်ပြတ်သားသား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ရပ်တည်နိုင်တဲ့ သူရဲကောင်းများဖြစ်ကြပါစေ။ အာမီးန်။

 

ချမ်းမြေ့

18-02-2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s