Tag Archive | တရုတ်ကပြား

ဒေါ်အောင်ဆန်းစုကြည်ကို ကျူးကျော်စော်ကားတဲ့ Thway Thit Sar ခေါ် စစ်အာဏာရှင်လက်ပါးစေတစ်ဦးအား ချေမှုန်းခြင်း

Thway Thit Sar (http://www.facebook.com/SitThwayThitSar)ခေါ် စစ်အာဏာရှင်တွေရဲ့ အိမ်မွေးခြံပေါက်လက်ပါးစေတစ်ယောက်က ပို့စ်တစ်ခုတင်ပြီး မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်းဆန်းရဲ့ တစ်ဦးတည်းသော ချစ်သမီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပက်ပက်စက်စက် အောက်ပါအတိုင်း စော်ကားထားပါတယ်။

 

1

 

အနှီ Thway Thist Sar ဆိုတဲ့ ငနဲဟာ ရခိုင်-တရုတ်ကပြားတစ်ဦး ဖြစ်ဟန်တူပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ဘိုးအေကြီး တရုတ်ကပြား သားသတ်သမား စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်နာကျင့်သုံးပြီး၊ ဗမာပြည်ကြီးကို စစ်ကျွန်သဘောက်ဘ၀ကနေ ရုန်းမထွက်နိုင်အောင် နည်းလမ်းအမျိုးမျိုး ကြံဆောင်နေခြင်း ဖြစ်ဟန်တူပါတယ်။

 

 

Thway Thit Sar ဆိုတဲ့ စစ်ခွေးများရဲ့ လက်ပါးစေတစ်ယောက်က သူရေးတဲ့ အကြောင်းအရာနဲ့မဆိုင်တဲ့ ဓာတ်ပုံကိုတင်ပြီးတော့ ဖွတာ ဥပဒေကြီးစိုးတဲ့ နိုင်ငံမှာဆိုရင် လူ့ဂုဏ်သိက္ခာကို ကျူးကျော်စော်ကားမှု၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုကို အခြေခံပြီး လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုနဲ့ အရေးယူခံရနိုင်တယ်။ ဒီငနဲက ဘယ်နိုင်ငံမှာ နေတဲ့ ငနဲလဲတော့ မသိဘူး။ ကြည့်ရတာ ဥပဒေမဲ့တဲ့နိုင်ငံ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံတစ်ခုခုမှာနေပုံ ရပါတယ်။ အမျိုးသားခေါင်းဆောင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားအောင်လုပ်တယ်ဆိုတာ သာမာန် ပြစ်မှုမျိုးမဟုတ်ပါ။ ဒီလိုပါပဲ ဘာသာမတူ၊ အယူကွဲပြား၊ လူမျိုးနဲ့ဘာသာစကားခြားနားတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို စော်ကားမော်ကား ပြုခြင်းဟာလည်း သာမာန် ပြစ်မှု မဟုတ်ပါဘူး။

 

Thway Thit Sar ((ကုလားကို ရည်းစားဦးတော် အင်္ဂလိပ်ကို လင်တော်ပြီး ကဗြားလေးတွေ မွေးခဲ့ကာ အမျိုးဖျက်ခဲ့တာကိုတောင် အားမရသေးဘူး… )) ဒါကို ဖွတယ်ဆိုကတည်းက ခင်ဗျားဟာ စစ်ခွေးရဲ့ အိမ်မွေးခြံပေါက် လက်ပါးစေတစ်ယောက်ဆိုတာ သိသာထင်ရှားနေတယ်။ လူတစ်ဦးဟာ သူ နှစ်သက်တဲ့ လူတစ်ဦးနဲ့ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားနိုင်တာပဲ။ ဒီလို လက်ထပ်ထိမ်းမြားခြင်းဟာ ခင်ဗျားတို့ရဲ့ ဘာသာအယူဝါဒက တားမြစ်ထားလို့လား။ တားမြစ်ထားတယ်ဆိုရင်လည်း ဒီလိုမျိုး လူမျိုးရေးကို အခြေခံပြီး လှုံ့ဆော်ခြင်းမျိုး လုံးဝ မဖြစ်သင့်ဘူး။ လူမျိုးရေးကို အခြေခံပြီး၊ လက်ထပ်ထိမ်းမြားခြင်းကို ပိတ်ပင်တာဟာ လူသားမျိုးနွယ် အချင်းချင်းရဲ့ကြားထဲမှာ အမုန်းတရားတွေပေါ်ပေါက်အောင် လှုံ့ဆော်တာပဲ။ လူသားအချင်းချင်း လူမျိုးရေးကို အခြေခံပြီး အတန်းအစားခွဲခြားတာပဲ ဒီလို ခွဲခြားခြင်းဟာ ဒီမိုကရေစီလမ်းစဉ်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်တယ်ဆိုတာ မောင်ရင် သိရဲ့လား။ သိမှာလဲ မဟုတ်ပါဘူး။ မောင်ရင့်ကြည့်ရတာ ပေးတာယူ၊ ကျွေးတာစား၊ ခံမပြောနဲ့၊ ရာထူးပြုတ်သွားမယ်၊ မော်စကို ရောက်သွားမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်နဲ့ လူလားမြောက်လာပုံရပါတယ်။

 

Thway Thit Sar @ ((သမ္မတဖြစ်ထိုက် မဖြစ်ထိုက် ကိုယ့်အခြေ အနေကိုယ် သိရဲ့ သားနဲ့… ဇွတ်အတင်း အရွဲ့ တိုက် အာဏာရူးပြီး )) အမျိုးသားခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးကို ဒီလို အထောက်အထားမဲ့ စွတ်စွဲခြင်းဟာ မောင်ရင့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေပါတယ်။ သမ္မတဖြစ်ထိုက်၊ မဖြစ်ထိုက်ဆိုတာ မောင်ရင်တို့လို စစ်ခွေးတွေ၊ အစွန်းေ၇ာက်တွေက ပြဌာန်းလို့ရတာမှ မဟုတ်တာ။ သမာသမတ်ရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက သတ်မှတ်ပြဌာန်းရတာ။ ပြည်သူလူထုတစ်ရပ်လုံးကို မောင်ရင်တို့ စစ်ခွေးတွေ မဲဗုံးထောင်ပြီး ဆန္ဒခံယူပွဲလုပ်ကြည့်လိုက်ပါလား။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ထိုက်သူ တစ်ဦးဟုတ်၊ မဟုတ်ကို သိချင်တယ်ဆိုရင်ပေါ့။ မောင်ရင်တင်မဟုတ်ဘူး။ ဦးသိန်းစိန်ကစပြီး မောင်ရင်တို့ရဲ့ ၀တ်စုံပြောင်း အစိုးရတစ်ရပ်လုံးကို စိန်ခေါ်တာ။ သဘောပေါက်တယ်နော်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသော သမီးလှရတနာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံးက အုံးအုံးကြွက်ကြွက် တစ်ခဲနက်ထောက်ခံကြတာကို မောင်ရင်တို့ တွေ့ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာပြည်သူကို မောင်ရင်တို့လို စစ်ခွေးတွေ သွေးဘယ်လို ခွဲခွဲ မကွဲခဲ့ဘူးဆိုတာ ကြားဖြတ်ရွေးကောက်ပွဲတုန်းက သက်သေခံခဲ့ပြီးပြီ။ မောင်ရင်တို့ စစ်ခွေးခေါင်းဆောင်တွေ နိုင်ငံတကာ အလည်မှာ အဆင့်ရှိရှိ ရပ်တည်လို့ရလို့လား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ အခု နိုင်ငံတကာစားပွဲဝိုင်းမှာ ၀င်ပြီး ထိုင်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ရင်တောင် မစော်ကားသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူလူထု (လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံ)ရဲ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းနေရာ ယူထားတယ်ဆိုတာ မမေ့နဲ့။ ကမ္ဘာ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲနေရာယူထားတယ်ဆိုတာ မမေ့နဲ့။

 

Thway Thit Sar @ ((ဇွတ်အတင်း အရွဲ့ တိုက် အာဏာရူးပြီး ကုလားတွေ ဆီက ထောက်ပံ့မှုတွေ… )) ဒီအချက်ကလည်း အထောက်အထားမဲ့ စွတ်စွဲချက်ပါပဲ။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဘယ်မွတ်စလင်မ်တွေဆီကနေပြီး ဘယ်လို အထောက်အပံ့တွေ ယူခဲ့တာလဲ။ ကြည့်ရတာ Thway Thit Sar ဆိုတဲ့ ငနဲဟာ တရုတ်+ရခိုင်ကပြားလား၊ အစွန်းရောက် ရခိုင်လားတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့တွဲနေတဲ့ Qing Mya (http://www.facebook.com/QingMinya2) တို့၊ ဆူးလှည်း(http://www.facebook.com/ko.maungsoe.5)တို့ဆိုတာကတော့ တရုတ်ကပြားတွေပဲ။ တရုတ်ကပြား သားသတ်သမားဗိုလ်နေ၀င်းရဲ့ နှိပ်စက်မှုကြောင့် ဗမာပြည်ကြီး စစ်ကျွန်သဘောက်ဘ၀ကို ရောက်ခဲ့ရတာ အခုထက်ထိ မထွက်နိုင်သေးဘူး။ အခု ရခိုင်ပြည်က လူမျိုးတုန်းသတ်ဖြတ်မှုမှာလည်း တရုတ်ကပြားတွေ ၀င်ပြီး မွှေနေတုန်းပဲ။ ဒီကောင်တွေ ကြည့်ရတာ ရခိုင်ပြည်နယ်က၊ မြန်မာပြည်ထဲက၊ တရုတ်စီမံကိန်းတွေအတွက် လှုပ်ရှားပေးတာ ဖြစ်ရမယ်။ လက်ပန်းတောင်းတောင်မှာ သံဃာတော်တွေရဲ့ သွေးတွေ မြေခခဲ့ရတာလည်း တရုတ်ကြောင့်ပဲ။ မြန်မာပြည်ရဲ့ အထက်ပိုင်းကိုလည်း စီးပွားရေးအရ ပေါက်ဖော်ကြီးက မြိုထားပြီးပြီ။ ကြည့်နေပါ။ မကြာပါဘူး။ ဒုတိယ စင်္ကာပူလို တရုတ်ခွဲထွက်နိုင်ငံ ပေါ်လာပါလိမ့်မယ်။

 

((ကုလားတွေ ဘက်က နာပြပြီး ကုလားကို ကုလားလို့ မခေါ်ရဘူး ခေါ်ရင်မိဘမဆုံးမထားလို့ ဆရာမဆုံးမထားလို့ လို့ ပြောတဲ့ သူကပြော…)) ဒီအချက်ကလည်း မဖွံ့ဖြိုးမတိုးတက်သေးတဲ့ လူတွေကို ဖွံ့ဖြိုးတိုးတက်ပြီးတဲ့၊ နိုင်ငံတကာအဆင့်မှီတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုံးမသွန်သင်ခြင်းပဲ။ ကုလားလို့ ခေါ်တာ မကြိုက်တဲ့ သန်းပေါင်း ဆယ်ချီနေတဲ့ လူထုကြီးကို လေးစားရမှာပဲ။ ကုလားဆိုတဲ့ စကားလုံးဟာ မရိုင်းစိုင်းဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေထဲက တစ်မျိုးမှ မပါတဲ့၊ ၁၀၀% အိန္ဒိယသွေးဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကိုကျတော့ ဘာကြောင့် ကုလားကြီးလို့ မရေးရတာလဲ။ မခေါ်ရတာလဲ။ ဒီအချက်ကနေပြီး ကုလားဆိုတာ ယနေ့ခေတ်ကာလရဲ့ အသုံးအနှုန်း ရိုင်းစိုင်းတယ်ဆိုတဲ့ အနက်ကို ပေးကြောင်း သက်သေခံနေတာ မဟုတ်ဘူးလား။ အဲဒီပုဂ္ဂိုလ်ကြီးကို မောင်ရင်တို့ ကုလားကြီးလို့ ခေါ်ရက်လား၊ ရေးရက်လား။ မခေါ်ရက်ဘူး၊ မရေးရက်ဘူးဆိုရင် ဘာကြောင့် မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေရဲ့ သွေးအနည်းနဲ့ အများဆိုသလို ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုကြတော့မှ ကုလား၊ ကုလားဆိုပြီး မိုးမွှန်အောင် ရေးနေရတာလဲ။ ပြောနေရတာလဲ။ မြန်မာ့စာပေရဲ့ ဖခင်ကြီးဖြစ်တဲ့၊ မြစေတီကျောက်စာကို ရေးသားခဲ့တဲ့ Raja Kumar (ရာဇကုမာရ်) မင်းသားကို ကုလားကြီးရာဇကုမာရ်လို့ ရေးရက်လား။ ခေါ်ရက်လား။ လူစိတ်ရှိရင် လူလို သိပါ။ လူလိုတွေးပါ။ လူလို ရေးပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမဘယ်တော့မှ ကုလားလို့ မခေါ်ဘူးဆိုတဲ့ စကားအပြည့်အစုံကို ဒီနေရာမှ ပြန်ပြီးတော့ ဖော်ပြပေးလိုက်မယ်။

 

မေး။ ။ ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။ မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။

 

ဖြေ ။ ။ အဲဒီဟာ တော်တော်ကို ဟုတ်တယ်။ ဒါမိဘတွေက မသင်တာပဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားမှာ။ ဥပမာဆိုရင် ကုလားပေါ့နော်။ ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။ ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။ နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။ နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။ အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိယင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။

 

Thway Thit Sar တို့လို ကောင်တွေက ရခိုင်တောင် ရခိုင်စစ်စစ် မဟုတ်ဘူး။ အခု ရခိုင်ကို ချစ်ပါတယ်ဆိုတဲ့ ရခိုင်တွေ သွေးဖော်စစ်လိုက် ရခိုင်စစ်စစ် မဟုတ်ဘူး။ အေးချမ်းဆိုတဲ့ သမိုင်းလိမ်ဆရာ မုသားဝါဒီကိုကြည့် ရခိုင်စစ်စစ် မဟုတ်ဘူး။ ဘရူဝါနဲ့ သွေးစပ်ထားတဲ့ ရခိုင်။

 

ဒီကပြား မော့ဂ်ရခိုင်တွေက သူတို့ကိုယ်သူတို့ မော့ဂ်ရခိုင်ပုံစံဖမ်းပြီး၊ အမျိုးကို ချစ်ပြနေတာ။ အမှန်တကယ်က အမျိုးချစ်လို့ မဟုတ်ဘူး။ အမျိုးကို နှစ်နေတာ။ အပြစ်မဲ့ ပြည်သူတွေ သေကြကြေကြအောင် သွေးထိုးလှုံ့ဆော်နေတာ။

 

ဒီလို မော့ဂ်ရခိုင်တွေဟာ ဘိုးတော်မင်းတရားနဲ့ပဲ ကိုက်တယ်။ ဘိုးတော်မင်းတရားက မော့ဂ်ရခိုင်တွေရဲ့ ကလိမ်ကကျစ် အောက်တန်းကျတဲ့၊ တိုင်းဖျက်ပြည်ဖျက် စိတ်ဓာတ်ကို သိလို့ ဘယ်လို ဗြင်းခဲ့တယ်ဆိုတာကို သမိုင်းမှာ ပြန်ဖတ်ကြည့်ပါ။

 

ချမ်းမြေ့

၁၆-၀၂-၂၀၁၂

REF: http://www.facebook.com/photo.php?fbid=375600989213997&set=a.107342539373178.12444.100002922972197&type=1

ဂျိုးမြစ်အား အမြီးလှန်ချိုးခြင်း

အခုလေးတင် ကွန်ပြူတာဖွင့်၊ ဖဘပေါ်တက်လိုက်တာနဲ့ လူမျိုးရေးအစွန်းရောက်၊ စစ်ခွေးအလိုတော်ရိ အကြမ်းဖက်သမားတစ်ဦးဖြစ်တဲ့ ဂျိုးမြစ် (တိရိစ္ဆာန်သာသာရှိတဲ့ သူမို့ အသံထွက်အမှန် ထွက်မထားပါ) ဆိုတဲ့ ငနဲတစ်ဦးက လှော်နေတဲ့ Note တစ်ခုကို တွေ့ပြီးဖတ်လိုက်မိတယ်။ ရိုဟင်ဂျာတွေကို အကြမ်းဖက်လက်နက်ကိုင်အင်အားစုအဖြစ် ဖန်တီးချင်နေတာကို သွားတွေ့ရတယ်။ အဲဒီ Note ကိုတော့ နောက်မှ ဝေဖန်မယ်။ အခု အဲဒီ Note ကိုဖတ်ပြီး၊ သူ့ဖဘစာမျက်နှာကို ရောက်သွားတော့ လွန်ခဲ့တဲ့ တစ်နာရီကမှ တင်ခဲ့တဲ့ ပို့စ်တစ်ခုကို အရင်းရှင်းပါ့မယ်။ အဲဒီပို့စ်မှာ ဂျိုးမြစ်ဆိုတဲ့ ငနဲက ဒီလို ရေးသားထားတယ်။

2

James Mint (http://www.facebook.com/james.mmt) wrote: ((“ဒါကြောင့် လွှတ်တော်ထဲမှာ ရှိတဲ့ လွှတ်တော်အမတ်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာစောင့်သိမယ်လို့ ကတိပြုထားတဲ့အတိုင်း မိမိနိုင်ငံအတွင်းကို ခိုးဝင် အခြေစိုက်လာမယ့် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရန်က ကာကွယ်ဖို့ အိန္ဒိယလို ဘင်္ဂါလီ နယ်စပ်မှ ခိုးဝင်လာသူတွေကို shoot-to-kill policy ကို ကျင့်သုံးရန် အဆိုပြုသင့်ပါတယ်….”))

ကောင်းပြီ။ ဒီအချက်ကို ဆွေးနွေးကြည့်ရအောင်။ မြန်မာနိုင်ငံထဲကို ခိုးဝင်လာမဲ့ သူမှန်ရင် ဘယ်သူ့ကိုမဆို သက်ဆိုင်ရာ ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမှာ အမှန်ပဲ။ ဒါပေမဲ့ ဟိုတစ်လောက မြန်မာပြည်နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလီမော့ဂ်တွေကို ဗုဒ္ဒဘာသာဝင်မို့ ရူးချင်ယောင်ဆောင်ပြီး၊ အစိုးရကတောင် လယ်က ဘယ်နှစ်ဧကပေးမယ်။ ဘာပေးမယ်ဆိုတာ ကြားလိုက်ပါလိမ့်မယ်။ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်တဲ့သူဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖြေရှင်းရမှာပဲ။ ဒါပေမဲ့ ပွဲချင်းပြီးသတ်ပစ်တဲ့ မူဝါဒကိုတော့ ကျင့်သုံးလို့ ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို ခိုးဝင်တဲ့သူတွေဟာ မြန်မာပြည်နဲ့ နွယ်နေတဲ့ သူတွေမို့လို့ပဲ။ ပွဲချင်းပြီးသတ်တဲ့ မူဝါဒလုပ်ဖို့ အကြံပေးတဲ့သူဟာ လူသတ်ဝါဒကို အားပေးတဲ့သူပဲ။ အကြမ်းဖက်သမားပဲ။ ဗုဒ္ဒဘာသာဝင် စစ်သွေးကြွပဲဖြစ်ဖြစ်၊ မွတ်စလင်မ် စစ်သွေးကြွပဲဖြစ်ဖြစ်၊ ခရစ်ယာန်စစ်သွေးကြွပဲဖြစ်ဖြစ်၊ ဟိန္ဒူစစ်သွေးကြွပဲဖြစ်ဖြစ် ဘယ်စစ်သွေးကြွကိုမဆို ချေမှုန်းပြစ်ရမှာပဲ။ ဒါပေမဲ့ မော့ဂ်ရခိုင်စစ်သွေးကြွတွေကို နိုင်ငံအတွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ပြုထားတာကရော ဘာကြောင့်လဲ။ ဗုဒ္ဒဘာသာဝင်တွေမို့လို့လား။ ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားရဘူး။

အဲဒီပို့စ်ရဲ့အောက်မှာ Mohammed Naeem ဆိုတဲ့ မွတ်စလင်မ်လူငယ်တစ်ဦးက ဂျိုးမြစ်ဆိုတဲ့ ငနဲကို ဒီလို ထောက်ပြခဲ့တယ်။

3

“james mint ခင်ဗျား၊ အရမ်းကိုလွယ်တဲ့ကိစ္စပါ။ UN မှာ တိုင်ချက်ဖွင့်လိုက်ပါလား။ အချိန်ကုန် လက်ညောင်း သွေးပြည်ယိုအောင် အော်နေမဲ့အစား ဘင်္ဂလားဒေ့ရှ်ကို UN မှာ တိုင်ပြီး ရှင်းရမှာဗျ။ သတ္တိကြောင်တာလား၊ ဗြောင်လိမ် ဗြောင်စားလုပ်နေတာလား။”

အဲဒီလို ထောက်ပြလိုက်တော့ ဂျိုးမြစ်ဆိုတဲ့ငနဲ အသည်းခိုက်အောင် နာသွားပြီး၊ Mohammed Naeem ကို နောက်ဆုံးပြောခြင်းတို့၊ ဘာတို့ဆိုပြီး ကလေးကလား ထအော်ပါလေရောဗျာ။ ဆိုလိုတာကတော့ ခင်ဗျား ရှေ့ဆက်ရင် ဘလောက်လုပ်ပစ်မယ်ပေါ့ဗျာ။

01

ကောင်းပြီ။ Mohammed Naeem ရဲ့ ရေးသားချက်ကို ဆန်းစစ်လေ့လာကြည်ရအောင်။ သူ ထောက်ပြတဲ့ အချက်က နိုင်ငံတကာဥပဒေနဲ့ ဖြေရှင်းဖို့ ထောက်ပြချင်း ဖြစ်တယ်။ မြန်မာနိုင်ငံဟာ United Nations ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဘင်္ဂဒေ့ရှ်နိုင်ငံဟာလည်း United Nations ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စစ်စစ်တွေက ရိုဟင်ဂျာအမည်ခံပြီး၊ ကျူးကျော်ဝင်ရောက်နေတယ်ဆိုရင် UN Security Council မှာ တိုင်ကြားနိုင်တယ်။ နိုင်ငံတကာ ဥပဒေအရ တရားစွဲလို့ရတယ်။ ဒီအချက်က နိုင်ငံတကာ ဥပဒေရဲ့ အခြေခံသဘောတရားကို လေ့လာဖူးသူတိုင်း သိနိုင်တာပဲ။ အဲဒီတော့ အမှန်တကယ် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်နေတယ်ဆိုရင် နိုင်ငံတကာဥပဒေအရ ထိထိရောက်ရောက် ဖြေရှင်းလို့ ရနေတာပဲ။ ဒါပေမဲ့ ဂျိုးမြစ်တို့လို စစ်ခွေးတွေကိုယ်တိုင် သိနေတာကတော့ ၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အရေးတော်ပုံကြီးဟာ ကျူးကျော်ဝင်ရောက်မှု အလျဉ်း မဟုတ်ဘူး။ မော့ဂ်ရခိုင် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုသက်သက် ဖြစ်တယ်။ အစီအစဉ်တကျ အကွက်ချပြီး၊ ဆင်နွှဲခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီး ဖြစ်တယ်။ အဲဒီတော့ ဘယ်လိုလုပ် နိုင်ငံတကာဥပဒေနဲ့ ဒီကိစ္စကို ဖြေရှင်းလို့ရမှာလဲ။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ ရှိခဲ့တာကို ဘယ်သူမှ ငြင်းလို့မရဘူး။ ပြည်သူ့အစိုးရဖြစ်တဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရလက်ထက်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီးဖြစ်တဲ့ တိုင်းရင်းသား လူမျိုးအုပ်စုတစ်ခုဖြစ်ကြောင်းကို ဘယ်သူမှ ငြင်းလို့မရဘူး။ ပါလီမာန်ဒီမိုကရေစီခေတ်ဆိုတာ တိုင်းရင်းသားပြဿနာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ ခေတ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီပေါမင်းအထိ ပဒေသရာဇ်ခေတ်တစ်လျှောက်လုံးမှာ လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ မရှိခဲ့ဘူး။ တိုင်းရင်းသားဆိုပြီး အသိအမှတ်ပြုခဲ့တဲ့ စနစ် မရှိခဲ့ဘူး။ နယ်ချဲ့အင်္ဂလိပ်ရဲ့ နှစ်ပေါင်းရာကျော်တဲ့ ခောတ်ကာလတစ်လျှောက်လုံးမှာလဲ မရှိခဲ့ဘူး။ တိုင်းရင်းသားပြဿနာ၊ ဖယ်ဒရယ်ပြည်ထောင်စု ပြဿနာဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးများရဲ့ တိုင်းရင်းသားဖြစ်ခြင်းဟာ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး တိုင်းရင်းသားပြဿနာ ပေါ်ပေါက်ခဲ့တဲ့ ကာလမှာ အသိအမှတ်ပြုခြင်းမို့ အလွန် ခိုင်မာတယ်။ ဘယ်သူမှ ငြင်းလို့မရဘူး။ အသိအမှတ်ပြုခဲ့တဲ့ အစိုးရကလည်း ပြည်သူ့အစိုးရဖြစ်တယ်။ စစ်အစိုးရ၊ သားသတ်သမား အစိုးရအလျဉ်း မဟုတ်ပါ။ စစ်အာဏာရှင် သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်း အာဏာသိမ်းပြီး၊ လက်နက်အားကိုးနဲ့ ဒင်းလုပ်ချင်တာတွေ လုပ်ခဲ့တယ်။ အဲဒီ ဒဏ်တွေကို ဒီနေ့ ရခိုင်ပြည်နယ်က အပြစ်မဲ့ မွတ်စလင်မ်တွေခံစားနေရတာ ဖြစ်တယ်။ မော့ဂ်ရခိုင်တွေထဲက ကောင်းမွန်တဲ့ လူသားတွေ ခံစားနေရခြင်း ဖြစ်တယ်။

ကျုပ်တို့ရဲ့ Burmese Muslim Youths For Human Rights And Justice ဆိုတဲ့ အစည်းအရုံးကနေပြီး၊ ရခိုင်အကြမ်းဖက်ခေါင်းဆောင် တိ-ကုအေးမောင်နဲ့ ၎င်းပါတီထံကို ရိုဟင်ဂျာသမိုင်းနဲ့ပတ်သက်ပြီး အငြင်းပွားနေမှုတွေ ရပ်တန့်ဖို့အတွက် စကားစစ်ထိုးပွဲတစ်ရပ်ကို ကျင်းပပေးမယ်။ ခင်ဗျားတို့လာပါ။ ထိုင်ပါ။ အထောက်အထားတွေနဲ့ ဆွေးနွေးပါ။ ဒီအစွန်းရောက် ရခိုင်အကြမ်းဖက်သမားတွေဖြစ်တဲ့ တိ-ကုအေးမောင်တို့လိုလူတွေမှာ လာရဲတဲ့ သတ္တိမရှိဘူး။ အမှန်တရားကို မရင်ဆိုရဲဘူး။ ဘာဖြစ်လို့လဲ။ မမှန်ကန်တဲ့သူဆိုတာ လူမှန်တွေရဲ့ အရှေ့မှာ ဘယ်တော့မှ မတ်တပ်မရပ်ရဲဘူး။ ရိုဟင်ဂျာသမိုင်းစစ်၊ သမိုင်းမှန် ပေါ်ပေါက်သွားမှာကို အရမ်း စိုးရိမ်နေတယ်။ သမိုင်းဆိုတာ ဗုံးခွဲပြီး၊ ဖြောက်ဖျက်ပစ်လို့ ရတာမှ မဟုတ်တာ။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး သမိုင်းဆရာတွေကို သတ်ဖြတ်ခဲ့တဲ့၊ စာရေးဆရာတွေကို သုတ်သင် ရှင်းလင်းခဲ့တဲ့ သားသတ်သမား ဗိုလ်နေ၀င်းရဲ့ သမိုင်းမှန်တွေကိုတောင် အသက်နဲ့ရင်းပြီး၊ ဘ၀နဲ့ရင်းပြီး၊ စာထက်အက္ခရာတင်ခဲ့တဲ့ ကလောင်ရှင် သူရဲကောင်းတွေ ရှိနေခဲ့ပြီးသား။

burmas-muslims-terrorists-or-terrorised

Andrew

အခု ဂျိုးမြစ်ဆိုတဲ့ ငနဲနဲ့ အပေါင်းအပါ စစ်ခွေးတစ်သိုက်၊ အစွန်းရောက်တစ်သိုက်က သူတို့ရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ချင်နေတယ်။ ခင်ဗျားတို့ နုပါသေးတယ်။ ဗမာပြည်က မွတ်စလင်မ်တွေဟာ ခင်ဗျားတို့ စွတ်စွဲသလို အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုတာ လန်ကြုပ်ဇာတ်လမ်းဖြစ်တယ်ဆိုတဲ့အချက်ကို ကမ္ဘာကျော်တက္ကသိုလ်တွေရဲ့ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးဌာနတွေက ရေးသားပြုစုခဲ့တဲ့ စာတမ်းတွေက သက်သေခံပြီးသား ဖြစ်တယ်။ သိချင်ရင် Dr Andrew Selth ရေးခဲ့တဲ့ Burma’s Mulisms: Terrorists Or Terrorised? ဆိုတဲ့ သုတေသနာစာတမ်းလေးကို ရှာဖတ်ကြည့်ပါ။ အဲဒီထဲမှာ ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတပ်မတော်ဖြစ်တဲ့ RSO အကြောင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလေ့လာ တင်ပြထားတယ်။ ဂျိုးမြစ်ဆိုတဲ့ စစ်ခွေးလက်ပါးစေလို လူတွေသိထားဖို့ကတော့ မြန်မာ့မြေက ရိုဟင်ဂျာတွေကို ဘယ်တော့မှ ခင်ဗျားတို့ ဖယ်ထုတ်ပစ်လို့ ဘယ်နည်းနဲ့မှ ရမှာ မဟုတ်ဘူးဆိုတာပဲ။ ဟိုလှည့်၊ ဒီလှည့်၊ ဟိုပတ်ဒီပတ်၊ ပြည်သူကို လက်တစ်လုံးခြားလှည့်ပြီး၊ အာဏာတည်မြဲရေးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဆက်ပြီး ချိုးနေလည်း ခင်ဗျားတို့ရဲ့ သမိုင်းကို ခင်ဗျားတို့ ကိုယ်တိုင် ဖျက်စီးနေခြင်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

မြန်မာ ပြည်သူလူထုတစ်ရပ်လုံး စစ်ခွေးများနှင့် ၎င်းတို့ရဲ့ လက်ပါးစေအကြမ်းဖက်သမားများရဲ့ အကြမ်းဖက်မှုဟူသမျှမှ ကင်းဝေကြပါစေ။ အာမီးန်။

ချမ်းမြေ့

12-02-2013

ရိုဟင်ဂျာ သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ ဘာကြောင့် စီစဉ်ပေးရတာလဲ။

305

 

 

ကျနော်တို့ရဲ့ ဖိတ်ကြားလွှာမှာ ထည့်သွင်းဖော်ပြထားတဲ့ ရည်ရွယ်ချက်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

 

သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historical Debate) အား တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ

==========================================================

 

၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုး တစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။

 

၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင် အမာပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား”ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။

 

၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံ သားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူ ပြုစေရန်။

 

၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။

 

၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။

 

ဟုတ်ကဲ့ ကောင်းပါပြီ။ ကျနော်တို့အနေနဲ့ ဒီစကားစစ်ထိုးပွဲအတွက် ဖိတ်ကြားချက်တွေကို ပို့ရခြင်းက အကြောင်းရှိတာမို့ နည်းနည်းလေး ထပ်ပြီး ရှင်းပြခွင့်ပြုပါ။ လူမျိုးတုန်းသတ်ဖြတ်မှုရာဇ၀တ်မှာ သမိုင်းမှန်ကို ငြင်းပယ်ခြင်းဆိုတဲ့ အချက်ကို အခိုင်အမာ သက်သေပြဖို့ လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ရဲ့ အစည်းအရုံးကနေပြီး၊ အရေးပါ၊ အရာရောက်တဲ့ အဖွဲ့အစည်းတွေဆီကို Debate ရဲ့ ဖိတ်စာကို ပို့ပေးနေခြင်း ဖြစ်ပါတယ်။ ဒီလို ဖိတ်ခေါ်လည်း သူတို့ မလာဘူး၊ လက်မခံဘူးဆိုတာ ကျနော်တို့ဘက်က ၉၀ ရာခိုင်နှုန်း သိရှိထားပြီး ဖြစ်တယ်။ ဒါကြောင့် ယင်းဖိတ်စာထဲမှာ ဖိတ်ကြားခြင်း ခံရတဲ့သူတွေအနေနဲ့ စကားစစ်ထိုးပွဲ တက်ရောက်နိုင်သည် ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ အကြောင်းပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

 

ကျနော်တို့အနေနဲ့ ယင်းဖိတ်စာကို

 

၁။ အီးမေးလ်နဲ့ ပို့ပါတယ်။ မထူးပါက

 

၂။ အမေရိကန်ပြည်ထောင်စုရဲ့ စာတိုက်ကနေပြီး တရားဝင်မှတ်ပုံတင်ပြီး၊ ပို့ပါတယ်။ အဲဒီအဆင့်နှစ်ခု စလုံးမှာ မြန်မာစာပေနဲ့ပဲ ဖိတ်စာကို ရေးသားထားပါတယ်။ အဲဒီအဆင့်နှစ်ဆင့်စလုံးမှာ ထူးမလာဘူး၊ အကြောင်းပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ဘူးဆိုရင်

 

၃။ တတိယအဆင့်မှာ အင်္ဂလိပ်စာပေနဲ့ ဖိတ်စာကို ရေးပြီး၊ ယင်းဖိတ်စာရဲ့ မိတ္တူကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သမ္မတတွေနဲ့ ၀န်ကြီးချုပ် အချို့၊ နိုင်ငံရေးသမား အချို့ကို ပေးပို့သွားဖို့ ရှိပါတယ်။

 

ဒါဟာ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်နေကြောင်း အခိုင်အမာ သက်သေပြဖို့ပါပဲ။ အကယ်၍ မှန်ကန်တဲ့သူဆိုရင် တိုင်းပြည်ရဲ့ အလွန် အရေးကြီးတဲ့ အရေးတော်ပုံကြီးတစ်ခုအတွက် စကားစစ်ထိုးပွဲကို ကြိုဆိုတက်ရောက်ရပါလိမ့်မယ်။ မမှန်ကန်တဲ့သူ ဆိုရင်တော့ ပြေးသွားပါလိမ့်မယ်။ အခုက သမိုင်းမှန်ကို ငြင်းမငြင်း၊ အမှန်တရားကို လိုလားခြင်း ရှိ၊ မရှိ၊ အမှန်တရားကို ရင်ဆိုင်နိုင်ခြင်း ရှိ၊ မရှိကို တစ်ကမ္ဘာလုံး သိအောင် အခိုင်အမာသက်သေတွေနဲ့ ချပြမဲ့ အစီအစဉ်ကြီးပါ။ ဒါက အားလုံး သိအောင် ကျနော်တို့ဘက်က ရိုးသားစွာနဲ့ ပွင်လင်းမြင်သာမှုအပြည့် ပြည်သူ အားလုံးကို အသိပေးလိုက်ခြင်း ဖြစ်ပါတယ်။

 

Burmese Muslim Youths

For Human Rights And Justice

http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice

အဖိနှိပ်ခံမျက်ဝန်းက မျက်ရည်စများ

301

ကချင်နဲ့ရခိုင်မှာ၊ ရမ်းတွေဝေလို့၊

အဖိနှိပ်ခံတွေ၊ မျက်ရည်ကျတယ်။

သူတို့ရဲ့မျက်ရည်၊ ကိုးကွယ်ရာအရှင်ရဲ့၊

ပလ္လင်တော်ကို၊ တုန်လှုပ်စေတယ်။

တရားမှုကို၊ ခုံမင်နှစ်သက်၊

မျှတမှုကို၊ ချစ်ခင်တတ်တဲ့၊

လူ့သူတော်ရဲ့၊ နှလုံးသားကို၊

ကိုင်လှုပ်နိုင်တယ်။

ကောင်းကင်ကို မော့ကြည့်၊

လက်မြှောက်လို့၊ တောင်းခံစရာမလို၊

အဖိနှိပ်ခံတို့ရဲ့၊ ငိုကြွေးသံကို၊

ထိုအရှင် ကြားနေတယ်။

ဖိနှိပ်သူနဲ့၊ အဖိနှိပ်ခံ၊

တရားမှုနဲ့၊ မတရားမှု၊

စစ်ထိုးကြတာ၊ ကမ္ဘာဦးကတည်းက၊

ရှိခဲ့တာမို့၊ ပျောက်ကွယ်သွားဖို့၊

ငါမမျှော်လင့်ဘူး။

ငါဟာ အညတရတစ်ဦးဘဲ၊

နိုဗယ်လ်ဆုလည်း၊ မဆွတ်ခူးထားဘူး၊

လူ့အခွင့်အရေး၊ ထွန်းကားဖို့ရေး၊

တိုက်ပွဲဝင်တဲ့၊ သူရဲကောင်းဆုလဲ၊

ချီးမြှင့်ထားတာ၊ ငါ့မှာမရှိ။

သို့သော် ငါဟာ၊

အဖိနှိပ်ခံနဲ့ ဖိနှိပ်သူကို၊

ပြတ်ပြတ်သားသား၊ ခွဲခြားတတ်တယ်။

ဖိနှိပ်သူကို၊ ဆန့်ကျင်တွန်းလှန်၊

အဖိနှိပ်ခံရဲ့၊ မျက်လုံးအိမ်က၊

မျက်ရည်တွေကို၊ ငါတတ်စွမ်းသမျှ၊

ဖယ်ရှားရမှန်း၊ ငါသိတတ်တယ်။

လူမျိုးတူလဲ၊ ဖိနှိပ်သူဖြစ်က၊

ငါ့ရန်သူမို့၊ ငါဆန့်ကျင်တယ်။

ဘာသာတူလဲ၊ ဖိနှိပ်သူဖြစ်က၊

ငါ့ရန်သူမို့၊ ငါဆန့်ကျင်တယ်။

ဝါဒတူလဲ၊ ဖိနှိပ်သူဖြစ်က၊

ငါ့ရန်သူမို့၊ ငါဆန့်ကျင်တယ်။

အသားရောင်တူလဲ၊ ဖိနှိပ်သူဖြစ်က၊

ငါ့ရန်သူမို့၊ ငါဆန့်ကျင်တယ်။

ဘာသာမတူ၊ အယူကွဲပြား၊

မည်သို့ဖြစ်စေ၊ ဖိနှိပ်ခံဘက်က၊

ငါရပ်တည်မယ်။

အသားရောင်ကွဲပြား၊ လူမျိုးခြားလဲ၊

မည်သို့ဖြစ်စေ၊ ဖိနှိပ်ခံဘက်က၊

ငါရပ်တည်မယ်။

လယ်သမားတွေ၊ လယ်မပိုင်နိုင်တာ၊

လယ်သမားသားမို့၊ ငါရဲ့နှလုံးသား၊

ဆွေ့ဆွေ့ခုန်တယ်။

ငါ့ညီမလေးတွေ၊ စက်ရုံတွေမှာ၊

မစို့မပို့၊ လစာလေးနဲ့၊

မတန်တဆ၊ အလုပ်တွေ၊

လုပ်နေရတာ၊ မြင်ရသည်မို့၊

ငါ့ရဲ့နှလုံးသား၊ ဆွေ့ဆွေ့ခုန်တယ်။

လယ်လုပ်သူဟာ၊ လယ်ပိုင်ရမယ်၊

အလုပ်သမားဟာ၊ ခံစားခွင့်တွေ၊

ထိုက်ထိုက်တန်တန်၊ ရရှိရမှာ၊

ဓမ္မတာဘဲ။

ဖိနှိပ်သူက၊ ဖိနှိပ်သလို၊

တွန်းလှန်သူက၊ တွန်းလှန်ရမှာ၊

ဓမ္မတာဘဲ။

အရင်းရှင်က၊ ဂုတ်သွေးစုတ်၊

မြေပိုင်ရှင်က၊ ခြေသလုံးချိတ်လို့၊

ဖိနှိပ်ခံကို၊ ဘ၀တုန်းအောင်၊

ချေမှုန်းတတ်တယ်။

ဖိနှိပ်ခံဘက်က၊ ရပ်တည်ဖို့က၊

လူသားတိုင်းမှာ၊ တာဝန်ရှိတယ်။

လူ့သမိုင်းကို၊ ပြန်လှည့်ကြည့်ရင်၊

ဖိနှိပ်သူက၊ အသာတကြည်၊

လူ့အခွင့်အရေးတွေ၊ ဖိနှိပ်ခံကို၊

ချီးမြှင့်ခဲ့တာ၊ ငါမတွေ့ရဘူး။

ဖိနှိပ်ခံက၊ တိုက်ခိုက်တွန်းလှန်၊

ပုန်ကန်မှသာ၊ ရရှိခဲ့တာ၊

ငါတွေ့ရတယ်။

ဒါကြောင့် ဒီနေ့၊ ငါဆုံးဖြတ်တယ်၊

ဖိနှိပ်သူကို၊ ဆန့်ကျင်မယ်၊

ဖိနှိပ်သူကို၊ ပုန်ကန်မယ်၊

ဖိနှိပ်သူကို၊ တော်လှန်မယ်၊

ဒါဟာငါ့ရဲ့၊ ဆုံးဖြတ်ချက်ပဲ။

ချမ်းမြေ့

01-11-2012

ဖုံးကွယ်ထားသော လူမျိုးတုန်းသတ်ဖြတ်မှုကြီး- မြန်မာစာတန်းထိုး

Al Jazeera Investigates:The Hidden Genocide with Myanmar Subtitle by M-Media

 

အစ္စလာမ် – သက်ဝင်ယုံကြည်မှု အင်ပါယာ

အစ္စလာမ့်သမိုင်းနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ လူဖြစ်လာကြတဲ့သူတွေ စစ်မှန်ခိုင်လုံတဲ့ အထောက်အထားနဲ့တကွ သိရှိသူ အရမ်း အရမ်းကို နည်းပါးလှပါတယ်။ ဒါကလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ အဲ့ဒီ အကြောင်းတွေထဲက တစ်ချက်ကတော့ဖြင့် အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ အချက်အလက် မှန်သမျှကို သုတ်သင်ရှင်းလင်းခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။ သူဟာ စနစ်တကျ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ တရားဝင်ဘာသာစကားကြီးတွေထဲက တစ်ခုဖြစ်တဲ့ အာရဗီဘာသာစကားကို နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ သင်ကြားမှု မပြုစေခဲ့ဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ မွတ်စလင်မ်လူဦးရေဟာ အနည်းဆုံး မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ ငါးပုံတစ်ပုံရှိပါတယ်။ အကယ်၍သာ အာရဗီဘာသာစကားကို နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ သင်ကြားပေးမယ်ဆိုရင် အချည်းအနှီး မဖြစ်ယုံမက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အသုံးဝင်ပါလိမ့်မယ်။ ဗိုလ်နေ၀င်းဟာ ကိုယ်ကိုယ်တိုင်က တရုတ်သွေးနှောဖြစ်တော့ ဒီအချက်ကို အကြောင်းပြုပြီး အာဏာကို ဆုံးရှုံးရမှာ အရမ်းကို ကြောက်ပါတယ်။ အဲဒီတော့ လူထုရဲ့ အမျက်ဖြေဖို့ အိန္ဒိယနွယ်ဖွားတွေရဲ့ဘက်ကို လှည့်ပေးပါတော့တယ်။ ကုလား၊ ကုလား ဆိုတဲ့အသံတွေ မကြားချင်မှ အဆုံး။ ရုပ်ရှင်ဖွင့်ရင်လည်း ဒီအသံကြားရတယ်။ ၀တ္ထု ဖတ်ရင်လည်း ဒီစကားလုံးကို ခဏ ခဏ တွေ့ရတယ်။ အခုဆို ပိုဆိုးပေါ့ဗျာ။

 

အဲဒီလိုနဲ့ တိုင်းရင်းသားစစ်စစ်တွေက အစ္စလာမ်ဘာသာဝင်ဖြစ်တာနဲ့ ကုလားဖြစ်သွားပြီ။ အစ္စလာမ်ကိုလဲ ကုလားဘာသာလို့ပဲ လူအများ နားလည်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖြစ်အောင် နှစ်ပေါင်းငါးဆယ် နည်းပါး တိုင်းပြည်ကို လက်နက်အားကိုးနဲ့ သိမ်းပိုက်၊ ပြည်သူတွေကို သတ်ဖြတ်၊ ဆင်းရဲမွဲတေတဲ့ဘ၀ရောက်အောင် ပို့ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီး အာဏာရှင်ဗိုလ်နေ၀င်းနဲ့ စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာ ဒုက္ခခံပြီး၊ ကြိုးစားခဲ့ကြလို့ပါဘဲ။ ၀မ်းနည်းစရာကောင်းတာက တော်တော်များများ နိုင်ငံတော်ရဲ့ အမျိုးသားခေါင်းဆောင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင် အစ္စလာမ်အကြောင်း မသိကြဘူး။ အမှန်တကယ်ကတော့ မွတ်စလင်မ်တွေ သက်ဝင်ယုံကြည်တဲ့ ထာဝရဘုရားသခင်ရဲ့ တမန်တော်မြတ်ဟာ အာရဗ်လူမျိုးတစ်ဦးပါ။ အိန္ဒိယသားတစ်ဦး မဟုတ်ပါဘူး။ ဗမာပြည်သူလူထုဟာ အာရဗ်လူမျိုးကို ကုလားလို့ ခေါ်ခဲ့တဲ့ထုံးစံမရှိပါဘူး။ အာရဗ်လူမျိုး၊ အာရေဗျလူမျိုးလို့ဘဲ ခေါ်ကြ၊ ရေးကြပါတယ်။ အဲဒီတော့ အာရဗ်လူမျိုးတစ်ဦးဖြစ်တဲ့ တမန်တော်မြတ်ရဲ့ သာသနာကို ဘာကြောင့် ကုလားဘာသာ၊ ကုလားသာသနာလို့ ခေါ်နေကြမှန်း မသိပါ။ အိန္ဒိယသားစစ်စစ်၊ လုံးဝ ရေမရောတဲ့၊ ဗမာပြည်ရဲ့ တိုင်းရင်းသားတွေထဲက မည်သည့် တိုင်းရင်းသားလူမျိုးမှ မဟုတ်တဲ့ ဗုဒ္ဓဂေါတမရဲ့ သာသနာကိုကြတော့ ကုလားဘာသာလို့ ဘယ်သူမှ ခေါ်သံ၊ ပြောသံ၊ ရေးသံ မကြားဘူးပါ။ အရမ်းကို ထူးဆန်းပါတယ်။ အိန္ဒိယနွယ်ဖွား မှန်သမျှကို ကုလားလို့ ခေါ်တဲ့သူတွေက ဒီအချက်မှာကြတော့ ဘာရယ်ကြောင့် ကုလားလို့ မခေါ်ကြ၊ မရေးကြတာလဲဆိုတာ စဉ်းစားစရာပါ။

 

တိုင်းရင်းသားစစ်စစ်ကနေ အစ္စလာမ်ဘာသာဝင်ဖြစ်သွားတာနဲ့ ကုလားကြီး၊ ကုလားလေး၊ ကုလားမလို့ ခေါ်တတ်ကြတဲ့သူတွေဟာ ဗိုလ်နေ၀င်းရဲ့ လှည့်စားခြင်းကို ခံခဲ့ရတဲ့သူတွေပါဘဲ။ သနားစရာလေးတွေပါ။ အခု ဗီဒီယိုလင့်ခ်လေးတွေ ချိတ်ပေးလိုက်ပါတယ်။ မွတ်စလင်မ်တွေ ကိုယ့်ဘာသာကိုယ်ကောင်းကြောင်း ရိုက်ကူးထားတာမဟုတ်ဘူးနော်။ အမေရိကန်ရဲ့ နာမည်ကြီး သတင်းဌာနက ရိုက်ကူးထားတာ။ မွတ်စလင်မ်တွေဟာ သက်ဝင်ယုံကြည်မှုနဲ့ ဘယ်လို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီးကို တည်ဆောက်ခဲ့သလဲဆိုတာ လေ့လာနိုင်ပါတယ်။ ဒီနေ့ အနောက်ကမ္ဘာက မွတ်စလင်မ်တွေ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီး ပြန်လည် တည်ဆောက်မှာကို အရမ်းကြောက်လွန်းလို့ ဗမာပြည်မှာ မွတ်စလင်မ်ဆိုတာနဲ့ ကုလားလို့ ပြောသလို အနောက်တိုင်းမှာ မွတ်စလင်မ်ဆိုတာနဲ့ အကြမ်းဖက်သမားလို့ ပြောချင်နေကြပါတယ်။ သို့သော် တရားဝင်အထောက်အထား မရှိဘဲ ပြောလို့မရဘူး။ ဒါတော့ ဗမာပြည်နဲ့ နည်းနည်းလေးကွာပါတယ်။ အစ္စလာမ့်အင်ပါယာအကြောင်း အင်္ဂလိပ်စကား နားလည်သူတွေ ကြည့်ရှုနားဆင်သောတဆင်လို့ ရပါတယ်။

 

Part One

Prophet Muhammed and The Rise of Islam

 

အပိုင်း (၁)

မြတ်တမန်တော်မုဟမ္မဒ်နှင့် အစ္စလာမ်စတင်ပေါ်ထွန်းလာခြင်း

 

 

Part Two

The Awakening

အပိုင်း (၂)

နိုးကြားခြင်း

 

Part Three

Ottomans

 

အပိုင်း (၃)

အော်တိုမန် (အင်ပါယာ)