ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီး၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို နိုင်ငံအနှံ့ ဖြစ်ပွားစေရန် တရားဝင် လှုံ့ဆော်သူနှစ်ဦး

 

 

 

4.3.7

 

 

27-03-2013 ရက်နေ့က ဗမာပြည်က ကမ္ဘာကျော် ဗုဒ္ဓဘာသာရဲ့ ထင်ရှားတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သီတဂူဘုန်းကြီးက မုသားဝါဒကံကို ချိုးဖောက်ပြီး သမိုင်းရဲ့ အရှိတရား၊ အမှန်တရားကို မျက်ကွယ်ပြုပြီး သမိုင်းဖျောက်ဖို့ကြိုးစားခဲ့ပါတယ်။ ၎င်းက “ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။”ဆိုပြီး The Voice Weekly ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တယ်။

 

ညွှန်း- https://www.facebook.com/notes/the-voice-weekly/%E1%80%9E%E1%80%AE%E1%80%90%E1%80%82%E1%80%B0%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%A1%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%89%E1%80%AC%E1%80%8F%E1%80%AD%E1%82%86%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%AF%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/622406044452896

 

ဒါနဲ့တင် ရပ်မသွားပဲ 02-04-2013 ရက်နေ့မှ ထပ်ပြီးတော့ ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်က ““ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး”ဆိုပြီး သတင်းထောက်များအား ပြောကြားခဲ့တယ်လို့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီးပြီး လူမျိုးတုန်းသတ်ဖြတ်မှုစီမံကိန်းကြီးမှာ မီဒီယာတာဝန်ခံဌာနကြီးအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာသန်းထွဋ်အောင်ရဲ့ Eleven Media Group က 03-04-2013 နေ့မှာ သူတို့ရဲ့ တရားဝင် ၀ဘ်ဆိုဒ်မှာ တင်ခဲ့တယ်။

 

ညွှန်း- http://www.news-eleven.com/local/18835-အစ္စလာမ်-ဘာသာဝင်များအတွက်-ဗလီများ-ဆောက်လုပ်ခွင့်နှင့်-ဗလီများအတွင်း-စာသင်ကြားခွင့်များကို-သာသနာရေးမှ-တရားဝင်-ခွင့်ပြုထားခြင်း-မရှိကြောင်း-ရန်ကုန်တိုင်း-သာသနာရေးမှူး-ပြောကြား

 

သီတဂူဘုန်းကြီးရဲ့ အိမ်ရှင်နဲ့ ဧည့်သည်ဆိုတဲ့ စကားဟာ နိုင်ငံတကာဥပဒေအရ လုံးဝ ဆန့်ကျင်နေသလို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားတည်ဆဲဥပဒေတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒါထက် ဆိုးတာက သမိုင်းမှန်ကို ငြင်းပယ်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုကြီးဆိုတဲ့ နိုင်ငံတကာရာဇ၀တ်မှုကြီးရဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာတွေထဲက ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဗမာပြည်မှာ အစ္စလာမ်သာသနာရောက်ရှိခဲ့တာ ပုဂံခေတ်ကတည်းက ဆိုတာကို ငြင်းမရနိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ရှိနေပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ ဒီအချက်ကို လက်မခံဘူးဆိုရင် သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲကျင်းပပြီး ဆွေးနွေးဖို့ စီစဉ်သင့်ပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ မိမိမှာ သမိုင်းဆိုင်ရာ ပညာမဲ့ခြင်းကြောင့် မေ့မှား၍ ပြောဆိုခဲ့တယ်ဆိုရင်လည်း ဗမာပြည်တစ်ဝှမ်းလုံးက တိုင်းရင်းသား၊ နိုင်ငံသားတွေကို ဧည့်သည်ဆိုပြီး ကျူးကျော်စော်ကားခဲ့တဲ့အတွက် ပြန်လည် တရားဝင် တောင်းပန်သင့်ပါတယ်။

 

ဦးအောင်ကြည်ဆိုတာကတော့ သာသနာရေးဝန်ကြီးဌာနက စစ်အစိုးရဟောင်းတွေရဲ့ လက်ပါးစေတစ်ဦးပါပဲ။ သူပြောတဲ့အချက်ဟာ အမှန်ဖြစ်တယ်ဆိုရင် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီအချက်ကို လက်မှတ်ထိုးပြီး တိုင်းသိပြည်သိ ကမ္ဘာသိကြေညာသင့်ပါတယ်။ ဦးအောင်ကြည်ရဲ့ စကားဟာ ဗမာပြည်တစ်ဝှမ်းမှာ မွတ်စလင်မ်လူထုတစ်ရပ်လုံးက အထွဋ်အမြတ်အထားတဲ့ ဗလီဝတ်ကျောင်းတော်တွေကို မီးရှို့၊ ဖျက်စီးနေတဲ့ အကြမ်းဖက်သမားတွေကို ပိုပြီး သောင်းကျန်းဖျက်စီး မီးရှို့နိုင်အောင် မြှောက်ထိုးပင့်ကော် လှုံ့ဆော်ပေးလိုက်တာပါပဲ။ ဒီလိုပြောခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအဖြစ် စစ်အာဏာရှင်တွေက မတရား သတ်မှတ်ထားတဲ့ စာရင်းထဲမှာတောင် ပါဝင်နေတဲ့ ကမာန်လူမျိုးစုဆိုတာ မွတ်စလင်မ်တွေ ဖြစ်နေလို့ပါဘဲ။ အခြား တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေရတဲ့ မွတ်စလင်မ် လူမျိုးစုတွေ ရှိပါသေးတယ်။ သူတို့ကတော့ ပသီ (ခေါ်) ဗမာမွတ်စလင်မ်၊ ရိုဟင်ဂျာ၊ ပန်းသေးနဲ့ ပသျှူးတို့ပဲ ဖြစ်ပါတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့ သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့နှစ်ဦးရဲ့ စကားတွေဟာ အခြားအချိန်၊ အခြားကာလမှာ ပြောဆိုခဲ့တယ်ဆိုရင် ကိစ္စမရှိသော်လည်း ယခုလို အလွန် အထိအခိုက်လွယ်တဲ့ ကာလမှာ ပြောခဲ့တဲ့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိကို ရှိပါလိမ့်မယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ဗမာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ဆိုတဲ့ စီမံကိန်းကြီးကို အထောက်အပံ့ ပြုဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့ဟာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီး၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို နိုင်ငံအနှံ့ ဖြစ်ပွားစေရန် တရားဝင် လှုံ့ဆော်သူနှစ်ဦးဖြစ်ပါတယ်။ အကယ်၍ သူတို့နှစ်ဦးအနေနဲ့ မေ့မှား၍ ပြောခဲ့မိတယ်ဆိုရင် ဗမာပြည်တစ်ဝှမ်းလုံးက မွတ်စလင်မ်လူထုကို အမြန်ဆုံး တရားဝင် ပြန်တောင်းပန်သင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

 

ချမ်းမြေ့

05-04-2013

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ စာပို့ရန်

peaceforce

 
မြန်မာပြည်က မွတ်စလင်မ်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ စာပို့ရန်
=========================================

အောက်ပါ လင့်ခ်ကိုသွားပါ။

http://www.un.org/en/peacekeeping/about/contact.asp?oid=police

Email ဆိုတဲ့ ကွက်လပ်တွင် လူကြီးမင်းရဲ့ အီးမေးလ်လိပ်စာကို ရိုက်ထည့်ပါ။

 

letter

Subject နေရာတွင် အောက်ပါစာကို ကူးထည့်ပါ။

We urgently need the protection of United Nation

Message ဆိုသော နေရာတွင် အောက်ပါစာကို ကော်ပီကူးပြီး ထည့်ပါ။ ပြီးလျှင် Send ဆိုတဲ့ Button လေးပေါ်မှာ ကလစ်နှိပ်ပါ။

Dear Sir/Madam

We have no words to express our feelings. We, Burma’s Muslim urgently need the protection of United Nation. Please send UN peacekeeping forces to protect us from any kind of violence that happening in Burma.

The government of Burma failed and ignores intentionally to protect our life, human dignity, wealth, etc. More than 10 million Burma’s Muslims are in danger. The Hidden Genocide are continuing in Burma. In conclusion, we would like to request you that please send urgently peacekeeping forces to protect us.

Your faithfully

ဒီနေရာမှာ လူကြီးမင်းရဲ့ နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းပြီး ထည့်ပါ။ လိပ်စာနှင့် ဖုန်းနံပါတ်ကို ထည့်ပါက ပိုပြီး စာကို လေးနက်စေပါတယ်။ လုံခြုံမှုအတွက် စိတ်ချလို့ရပါတယ်။

 

unpeace

အချိန်မလင့်မှီ လုပ်သင့်တာကို လုပ်ကြစေချင်ပါတယ်

peaceforce

 

တစ်ချို့က မွတ်စလင်မ်လူထုကြီး လမ်းပေါ်မှာထွက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှာကို ၉၆၉ အစွန်းရောက်အကြမ်းဖက်သမားတွေ ဆင်ထားတဲ့ဂွင်ထဲဝင်သွားမှာ စိုးရိမ်နေတာကို တွေ့ရပါတယ်။ ကျနော်အနေနဲ့ မွတ်စလင်မ်လူထုတစ်ရပ်လုံး အချိန်မှီဆင်ခြင်နိုင်ဖို့၊ စဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်နိုင်ဖို့ အချက်အချို့ကို လေးစားစွာနဲ့ ထောက်ပြပါရစေ။

၁။ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြတုန်းက စစ်တွေမြို့မှာရှိတဲ့ အပြစ်မဲ့ မွတ်စလင်မ်တွေ၊ ကိုယ့်အိမ်တံခါးကို ကိုယ်ပိတ်ပြီး အေးချမ်းစွာ ထိုင်နေခဲ့ကြတဲ့ အပြစ်မဲ့ မွတ်စလင်မ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက်၊ မုဒိမ်းကျင့်၊ အပိုင်းပိုင်းခုတ်ထစ်ခြင်း ခံခဲ့ကြရတာ အဲဒီ အပြစ်မဲ့ မွတ်စလင်မ်တွေက လမ်းမပေါ်မှာ ထွက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အကြမ်းဖက်သမားတွေ၊ အစွန်းရောက်တွေ ဆင်ထားတဲ့ ဂွင်ထဲကို ၀င်ခဲ့ကြလို့လား။

၂။ လမ်းမပေါ်မှာ ထွက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ရင် ရရှိမဲ့ အကျိုးအမြတ်က အိမ်ပေါ်မှာထိုင်နေပြီး ဆုံးရှုံးရမဲ့ အရှုံးထက် အများကြီးပိုပြီးသာပါတယ်။

၃။ အဲဒီလို လမ်းမပေါ်ထွက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့လို့ အကြမ်းဖက်ဝါဒီတွေက တိုက်ခိုက်လာပြီဆိုရင် ကိုယ်တွေ တောင်းဆိုနေတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိပါဘူးဆိုတဲ့ အချက်ကို ထင်ထင်ရှားရှား ကမ္ဘာသိ ဖော်ထုတ်ပြလိုက်ရာ မရောက်ဘူးလား။

၎။ အကယ်၍ အစွန်းရောက်အကြမ်းဖက်သမားတွေက မတိုက်ခိုက်ခဲ့ဘူးဆိုရင် မွတ်စလင်မ်လူထုကြီးအနေနဲ့ မိမိတို့ရဲ့ ဆန္ဒကို ကမ္ဘာသိဖော်ထုတ်ပြသလိုက်ရာ မရောက်ဘူးလား။

 

mithilar

၅။ အဲဒီလို မွတ်စလင်မ်လူထုကြီးအနေနဲ့ ကမ္ဘာသိ ဖော်ထုတ်ပြသလိုက်ပြီဆိုတာနဲ့ နိုင်ငံတကာက ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လာမယ်။ မွတ်စလင်မ်ကမ္ဘာကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပြီး မွတ်စလင်မ်လူထုရဲ့ အသက်၊ အိုးအိမ်ကို ကာကွယ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပေးနိုင်မယ်။ အကယ်၍ United Nations ကနေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ မစေလွှတ်ခဲ့ဘူးဆိုရင်တောင် သူတို့နိုင်ငံတွေက ကိုယ်ပိုင် ငြိမ်းချမ်းတပ်တွေကို စေလွှတ်ပေးလာနိုင်တယ်။

၆။ အခုအခြေအနေက မွတ်စလင်မ်လူထုကြီးက ဘယ်လောက်ရှောင်ရှောင် မရတော့ဘူး။ အကြမ်းဖက် အစွန်းရောက်တွေက ဓာတုသိန်းစိန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သောင်းကျန်းနေတာဖြစ်တယ်။

၇။ အဲဒီအတွက် ၀ီရသူလို ၉၆၉ အစွန်းရောက်တွေ၊ အကြမ်းဖက်တွေကို မဖမ်းမဆီးဘဲ လွှတ်ပေးထားတယ်။ ရဲတွေ အရှေ့မှာတင် ဓားနဲ့ ခုတ်နေတယ်။

၈။ ဟိုနေ့က မွတ်စလင်မ်တွေ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မယ်ဆိုတာ သတင်းလွှင့်လိုက်တာနဲ့ ရဲကားတွေ တန်းဆီပြီး ချန်ထရီယံဟော်တယ်အရှေ့မှာ စောင့်နေတယ်လို့ သိရတယ်။

၉။ ဓာတုသိန်းစိန် အစိုးရက ဘာကြောင့် မွတ်စလင်မ်လူထုကြီးက ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှာကို ဒီလောက် တုန်လှုပ်နေရတာလဲ။ အဖြေက ရှင်းရှင်းလေးပါပဲ။ ဆန္ဒပြပြီ ဆိုတာနဲ့ ကမ္ဘာ့မီဒီယာတွေမှာ ပါလာမယ်။ နိုင်ငံတကာ အစိုးရတွေက ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပြီး ဖိအားပေးလာမယ်။ အဲဒီလိုဆိုရင် သူတို့ရဲ့ မွတ်စလင်မ်တွေကို အစုလိုက်၊ အပြုံလိုက် ထပ်ပြီးတော့ သတ်ဖြတ်ဖို့ မဖြစ်နိုင်တော့ဘူး။

theinsein

၁၀။ အခု ဖြစ်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးက ဘယ်လို ရှောင်ရှောင် မလွတ်တော့ဘူး။ ကိုယ့်အိမ်ကို အနှေးနဲ့ အမြန် ရောက်လာတော့မယ်ဆိုတာကို စာရှုသူကိုယ်တိုင် သိနေပြီး ဖြစ်ပါလိမ့်မယ်။

၁၁။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဟာ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးရဲ့ အခြေခံမူဝါဒတစ်ရပ်ပါ။ ဘယ်အစိုးရကမှ ငြင်းပယ်လို့ မရပါဘူး။

အချုပ်ကတော့ဗျာ- ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ကြဖို့ အခုအချိန်မှာ အရမ်းကို အရေးကြီးနေပါပြီ။ ဒီလို လုပ်ခြင်းဖြင့် အပြစ်မဲ့ မွတ်စလင်မ်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်နိုင်မှာမို့လိုပါပဲ။ အခု မိတ္ထီလာမှာဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး မည်သည့် အနောက်နိုင်ငံကြီးတွေရဲ့ ၀န်ကြီးချုပ် (၀ါ) သမ္မတကမှ ပြင်းပြင်းထန်ထန် ကန့်ကွက်တာ မကြားရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်တွင်းက ပြည်သူတွေရဲ့အသံတွေ ထွက်မလာသေးလို့ပါပဲ။ အသံထုတ်ပြီး အသက်ကို ကယ်ပါ။ အိမ်မှာထိုင်နေပြီး အသတ်ခံမဲ့အစား လမ်းမပေါ်ထွက်ပြီး၊ ငြိမ်းချမ်းစွာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်စေချင်ပါတယ်။

ဒါက ကျနော့ရဲ့ ရိုးသားစွာနဲ့ တင်ပြတဲ့ အမြင်ပါဘဲ။ ကျနော် သိမြင်သမျှကို ပြောပြခြင်း ဖြစ်ပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတာမို့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။

အို-အလ္လာဟ်အရှင်မြတ်၊ မြန်မာပြည်တစ်ဝှမ်းမှ အပြစ်မဲ့ ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကူညီစောင့်ရှောက်တော်မူပါ။ အာမီးန်။

ချမ်းမြေ့
24/03/2013

စနစ်တကျ စီမံကိန်းချပြီး လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ရန်သူအစစ်က ဘယ်သူလဲ

theinsein

 

ဒီလောက်ခံခဲ့ပြီးတာတောင် ရန်သူအစစ်ကို မမြင်နိုင်ကြသေးတာ အံ့သြမိပါတယ်။ တစ်ချို့တွေက အခုအချိန်အထိ ကိုယ့်ရဲ့ ရန်သူအစစ်အမှန်ဟာ ဘယ်သူမှန်း မသိကြသေးဘူး။ လူသတ်အစိုးရ ဓာတုသိန်းစိန်ဆီကနေပြီး အကာအကွယ်ရဖို့ မျှော်လင့်နေကြတယ်။ မြန်မာပြည်က အပြည်မဲ့ မွတ်စလင်မ်တွေကို စနစ်တကျ စီမံကိန်းချပြီး သတ်နေတဲ့ ဓာတုသိန်းစိန်အစိုးရရဲ့ ကာကွယ်စောင့်ရှောက်ပေးမှာကို မျှော်လင့်နေကြတယ်။ သူက လူကြီးမင်းတို့ကို စောင့်ရှောက်ပေးပါလိမ့်မယ်။ လူကြီးမင်းတို့ရဲ့ အိမ်တွေ မီးလောင်ပြာကျသွားပြီး၊ လင်ကွဲ၊ မယားကွဲ၊ သားကွဲ၊ အမေကွဲ၊ အဖေကွဲ ဘ၀တွေကို ရောက်ပြီးမှပါ။ ရခိုင်ပြည်နယ်က အပြစ်မဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေနဲ့ မိတ္ထီလာက အပြစ်မဲ့ ပသီတိုင်းရင်းသားတွေလို နာဇီငရဲစခန်းတွေထဲကို သွင်းပြီးတော့မှပါ။ အဲဒီကျရင်လည်း အလှူရှင်တွေကို ဆန္ဒပြပြီး၊ လူကြီးမင်းတို့ကို ဆေးဝါးပြတ်လပ်ပြီး သေကြေအောင်လို့၊ ရိက္ခာပြတ်လပ်ပြီးသေကြေအောင်လို့ ၉၆၉ အစွန်းရောက်အကြမ်းဖက်ဝါဒီတွေနဲ့ လက်ဝါးချင်းရိုက်ပြီး သတ်ပုံမမှန်တဲ့ ပိုစတာတွေကိုင်ပြီး ဆန္ဒပြခိုင်းပါအုံးမယ်။ အိမ်တွေ ပြန်ဆောက်ပေးမယ့် သူတွေ ပေါ်လာခဲ့ရင်တောင် ၉၆၉ အစွန်းရောက်အကြမ်းဖက်ဝါဒီတွေကို အသုံးချပြီး ဆန္ဒပြပွဲတွေကို ခွင့်ပြကာ လှလှပပ ပညာတွေ ထပ်ပေးပါလိမ့်မယ်။ အသေးစိတ်ကို သိနားလည်ချင်ရင် ရခိုင်ပြည်နယ်မှာ ခံစားခဲ့ရတဲ့ ကျနော်တို့ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့ အဖြစ်သနစ်တွေကို သေသေချာချာ ပြန်လေ့လာပါ။

ဓာတုသိန်းစိန်ရဲ့ အစိုးရဆီကနေပြီး အကာအကွယ် ရရှိဖို့ မျှော်လင့်နေကြခြင်းကို ကျနော်ကတော့ ရူးသွပ်ခြင်းလို့ပဲ မြင်ပါတယ်။ မှားတယ်လို့ ထင်ရင် ခွင့်လွှတ်ပါ။ မိတ္ထီလာဖြစ်စဉ်မှာ တစ်ချို့က ရဲတွေက မထိန်းသိမ်းတတ်တာတို့၊ အဓိကရုဏ်းမဖြိုခွင်းတတ်တာတို့ ပြောနေတယ်။ ကျနော် ရီချင်တယ်။ ရွှေဝါရောင်မှာ ဒီမိုကရေစီသူရဲကောင်း သံဃာတော်တွေကို ဘယ်လို ဖြိုခွင်းခဲ့သလဲ။ တလွဲတွေ ဆံပင် မကောင်းကြပါနဲ့။ သူတို့ရဲ့စီမံကိန်းက မြန်မာပြည်တစ်ဝှမ်းလုံးက တိုင်းရင်းသား၊ နိုင်ငံသားမွတ်စလင်မ်တွေကို နာဇီငရဲစခန်းခေါ် ကန့်တွေထဲမှာ ထည့်ထားဖို့ပါပဲ။

သူတို့ ရိုးသားခဲ့ရင် အစ္စလာမ်ဆန့်ကျင်ရေးတွေ ပေါ်ပေါက်လာကတည်းက ပြတ်ပြတ်သားသား ဥပဒေအရ ဘာကြောင့် အရေးမယူခဲ့တာလဲ။ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေလို့ဆိုတာကို ဘယ်သူ ငြင်းနိုင်မှာလဲ။ မြန်မာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေ အားလုံးကို လူမျိုးတုန်းအောင် မျိုးဖြုတ်သတ်ဖြတ်ဖို့ လုပ်နေတာပါပဲ။

မြန်မာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ မရှိမဖြစ် လိုအပ်နေပါတယ်။ ဒါကို ကျနော်တို့က ထိထိရောက်ရောက် တောင်းဆိုပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ ကျနော်တို့က တောင်းဆိုလို့ ကမ္ဘာငြိမ်းချမ်းရေးတပ်တွေကို UN က ချက်ချင်း မလွှတ်ပေးခဲ့ဘူးဆိုရင် လွှတ်ပေးနိုင်တဲ့ အစ္စလာမ်နိုင်ငံတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီ အချိန်မှာ UN က ဘာမှ ပြောလို့မရတော့ပါဘူး။ အဲဒီလို အဖြစ်မခံချင်ဘူးဆိုရင်တော့ UN ကိုယ်တိုင် သူ့ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေကို စေလွှတ်ပေးပါလိမ့်မယ်။

ဒါကြောင့် ကျနော်တို့အနေနဲ့ မိမိတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဒီမိုကရေစီ တော်လှန်ရေးသမားတွေကို ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ လွှတ်ပေးပြီး လူနည်းစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို စစ်အာဏာရှင် လူယုတ်မာတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်ခြင်းကနေ ကာကွယ်ပေးဖို့ တောင်းဆိုခိုင်းပါ။ အနောက်တိုင်းရဲ့ ဓလေ့က ဆန္ဒပြပြီး လူထုက မတောင်းဆိုသမျှ သူတို့က အလေးအနက်ထားပြီးတော့ မစဉ်းစားပါဘူး။ မယုံရင် အတွေ့အကြုံရင့်ကျက်ပြီး၊ ပညာရှိတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ အနောက်တိုင်းမှာ အခြေချနေထိုင်နေကြတဲ့ စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့သူတွေကို မေးမြန်းကြည့်စေချင်ပါတယ်။

ကျနော် အရမ်းကို စိတ်တွေ ပူနေပါတယ်။ မိတ်ဆွေတို့လည်း စိတ်တွေ ပူနေကြမှာပါ။ အို-အလ္လာဟ်အရှင်မြတ်၊ မြန်မာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။ အာမီးန်။

ချမ်းမြေ့
24/12/2013

မိတ္ထီလာမှာဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးအတွင်းကနေပြီး သက်စွန့်ဆံဖြား ပြေးလာကြရတဲ့ ရန်ကုန်ရောက် အပြစ်မဲ့ ဒုက္ခသည်တွေ ဘာလုပ်သင့်ပါသလဲ။

ပြေးလာတဲ့သူတွေ အားလုံးကို ရန်ကုန်မှာ ရှိတဲ့ သံရုံးတွေ အားလုံးထဲကို ၀င်ပြီးတော့ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ခိုင်းပါ။

mithilar

သံရုံးတွေဆိုရာမှာ အနောက်တိုင်းသံရုံးတွေကို ပြောတာပါ။ ဥပမာ- အမေရိကန်၊ ဗြီတိသျှ၊ ကနေဒါ၊ ပြင်သစ်နဲ့ အခြား အနောက်နိုင်ငံက အင်အားကြီးနိုင်ငံတွေရဲ့ ရန်ကုန်မှာ ရှိတဲ့ သံရုံးထဲကို ၀င်ပြီးတော့ နိုင်ငံရေးခိုလှုံခွင့်လျှောာက်ခိုင်းစေချင်ပါတယ်။

နိုင်ငံတကာ ဥပေဒေအရ သံရုံးဆိုတာ သူနေတဲ့ နိုင်ငံရဲ့ အစိုးရ လက်အောက်ခံမဟုတ်ပါဘူး။ သူ့မိခင်နိုင်ငံရဲ့ လက်အောက်ခံပါ။ သြစတြေးလျနိုင်ငံသား ဂျူလီယန်အက်ဆန့်ဂ်ျဆိုတဲ့ ၀ီကီလီက်ကို တည်ထောင်တဲ့သူဟာ လန်ဒန်မှာရှိတဲ့ တောင်အမေရိကနိုင်ငံတစ်ခုထဲကို ၀င်ရောက်ပြီး နိုင်ငံရေးအရ ခိုလှုံခွင့်လျှောက်ခဲ့ဖူးပါတယ်။ အားလုံး ကြားမိလို့ မျှော်လင့်ပါတယ်။ အဲဒီသူကို တောင်အမေရိကနိုင်ငံတစ်ခုက ခိုလှုံခွင့်ပေးလိုက်ရပါတယ်။ လူတစ်ယောက်ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတိုင်းမှာ နိုင်ငံတကာာဥပဒေအရ တာဝန်ရှိပါတယ်။

အဲဒါကြောင့် မိတ္ထီလာက လူမျိုးတုန်းသတ်ဖြတ်မှုအတွင်းက လွတ်လာတဲ့ အပြစ်မဲ့ မွတ်စလင်မ် ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့၊ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ၀င်ပြီးတော့ နိုင်ငံရေးအရ ခိုလှုံခွင့် အမြန်ဆုံး လျှောက်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်မှာနေရင် သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေက လုံခြုံမှုလုံးဝ မရှိလို့ပါပဲ။

မြန်မာနိုင်ငံက ပြောင်းသွားဖို့ ပြောနေတာ မဟုတ်ပါ။ အဲဒီလို ဒုက္ခသည်တွေအနေနဲ့ သံရုံးတွေထဲကို ၀င်ရောက်ပြီးတောာ့ သူတို့ရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ တောင်းဆိုမယ်ဆိုရင် နိုင်ငံကြီးတွေက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်ပြီးတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လာပါလိမ့်မယ်။ အဲဒီလို ပြင်းပြင်းထန်ထန် ကိုင်တွယ်လာပြီး၊ မြန်မာအစိုးရကို ဖိအားတွေ ပေးလာပြီိဆိုရင် ယခုပေါ်ပေါက်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီး ရပ်ဆိုင်းသွားပါလိမ့်မယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ရန် ဖိအားပေးတောင်းဆိုပေးဖို့ အမေရိကန်သမ္မတ အိုဗားမားရဲ့ထံကို စာရေးကြရအောင်

obama

 

 

ကမ္ဘာ့ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ရန် ဖိအားပေးတောင်းဆိုပေးဖို့ အမေရိကန်သမ္မတ အိုဗားမားရဲ့ထံကို စာရေးကြရအောင်
========================================================================

အမေရိကန်သမ္မတ အိုဗားမားထံကို စာရေးသားစေချင်ပါတယ်။ သူ့မှာ United Nation ကို ဖိအားနဲ့ ထောက်ခံချက်ပေးနိုင်တဲ့ အလွန် အစွမ်းထက်တဲ့ အာဏာရှိပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးတပ်များစေလွှတ်ပြီး၊ မြန်မာ့မွတ်စလင်မ်များရဲ့ အသက်၊ အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန်အတွက် စာပို့ကြရအောင်။

စာပို့ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။

http://www.whitehouse.gov/contact/submit-questions-and-comments

မဖြည့်မဖြစ် ဖြည့်စွက်ရမဲ့ ကွက်လပ်တွေကို ရေးသားဖော်ပြပေးပါ့မယ်။ ကျန်တဲ့ ကွက်လပ်တွေကတော့ နားလည်တယ်ဆိုရင် ဖြည့်နိုင်ပြီး၊ နားမလည်တဲ့သူဆိုရင် မဖြည့်ရင်လည်း ဖြစ်တာမို့ ဖော်ပြမပေးတော့ပါ။

First Name နေရာတွင် လူကြီးမင်းရဲ့ ပထမနာမည်ကို ရေးထည့်ပါ။

Last Name နေရာတွင် လူကြီးမင်းရဲ့ နောက်ဆုံးနာမည်ကို ရေးထည့်ပါ။

(ဥပမာ- သိန်းစိန်ဆိုလျှင် သိန်းသည် First Name ဖြစ်ပြီး၊ စိန်သည် Last Name ဖြစ်ပါတယ်။)

Email နေရာတွင် လူကြီးမင်းရဲ့ အီးမေးလ်ကို ရိုက်ပါ။

Type နေရာမှာ ရှိတဲ့ ခလုပ်သုံးခုထဲမှ International ကို ရွေးချယ်ပါ။ (အကယ်၍ အမေရိကန်တွင် နေထိုင်သူ မဟုတ်ခဲ့ပါလျှင်)

Country နေရာတွင် လူကြီးမင်း လက်ရှိနေထိုင်နေသော တိုင်းပြည်ရဲ့ အမည်ကို ရွေးချယ်ပါ။ (ဥပမာ-Burma)

Subject နေရာတွင် State Department ကို ရွေးချယ်ပါ။

Message နေရာတွင် အောက်ဖော်ပြပါစာသားကို ကူးယူ၍ ထည့်လိုက်ပါ။

Dear Mr President

We, one of the minority groups in Burma are seriously violated by Buddhist terrorists. A lot of our children, women and men have been killed by Buddhist Terrorists in the genocide of Burma. This genocide has been systematically planed and sponsored by pre-military junta, Thein Sein’s government. Since the government of Burma is the main sponsor of this genocide, how could we expect the protection of our lives from Burmese government? We have no hope for protection from our government. We have no life protection and more than 10 million lives of Burmese Muslims are in danger because of the serious crime of genocide.

We humbly and strongly request you to recommend for sending United Nation peacekeeping forces into Burma to protect our lives. Please urgently send UN Peacekeeping forces to protect innocence lives if you love peace and human rights sincerely.

Thank you for your time and consideration.

Yours faithfully
ဤနေရာတွင် လူကြီးမင်းရဲ့ အမည်အပြည့်အစုံကို ရေးသားပါ။

Contact Meရဲ့ အရှေ့မှာ ရှိတဲ့ Button ကို ကလစ်နှိပ်ပါ။ ပြီးလျှင် ပုံတွင် ဖော်ပြထားတဲ့ စာလုံးနှစ်လုံးကို တိတိကျကျ မှန်ကန်အောင် ရိုက်ထည့်ပါ။ ပြီးလျှင် Submit ဆိုတဲ့ Button အပေါ်မှာ ကလစ်နှိပ်လိုက်ပါ။

ပြောပြချင်တယ် ဦးခင်ရီရယ်

3

 

ပြောပြချင်တယ် ဦးခင်ရီရယ်
================

ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား အုပ်စုကြီး (၅) စုရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်အုပ်စု (၅) စုကတော့ (၁) ပသီ၊ (၂) ရိုဟင်ဂျာ၊ (၃) ကမာန်၊ (၄) ပသျှူးနဲ့ (၅) ပန်းသေးတို့ ဖြစ်တယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၅) စုထဲမှာ ဦးခင်ရီပါဝင်တဲ့ so-called ဒီမိုကရေစီအစိုးရက ကမာန်မျိုးနွယ်စုမှအပ ကျန်တဲ့ မျိုးနွယ်စု (၄) ကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပဲ ခါးခါးသီးသီး သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်လို့ ငြင်းပယ်ခဲ့တယ်။ ငြင်းပယ်နေဆဲဖြစ်တယ်။ ဘာကြောင့်လဲ။ တိုင်းရင်းသားဖြစ်ဖို့ သူတို့ဟာ သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေတွေအရ ကိုက်ညီနေပါလျှက် ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုရတာလဲ။ သူတို့ရဲ့ တိုင်းရင်းသား အခွင့်အရေးကို ဘာကြောင့် ငြင်းပယ်နေရတာလဲ။

ဦးခင်ရီရဲ့ ကြိမ်ဖန်များစွာ ဖွင့်ဆိုချက်များအရ လူမျိုးတစ်ရာ့တစ်ပါးဟာ မြန်မာ့တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ပါ ၀င်ကြောင်း သိရှိရပါတယ်။ ကောင်းပြီ။ အဲဒီ လူမျိုးတစ်ရာ့တစ်ပါးမှာ ပသီ၊ ပန်းသေးနဲ့ ပသျှူးတို့ ပါဝင်နေပါတယ်။ ဘာကြောင့် သူတို့ကို တိုင်းရင်းသားအဖြစ် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက အသိအမှတ် မပြုရဲရတာလဲ။ လွန်ခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့က ပုဂ္ဂိုလ်အချို့ဟာ ‘ပသီ’တိုင်းရင်းသားရဲ့အမည်ကို သုံးပြီး၊ နိုင်ငံရေး ပါတီအဖြစ် လျှောက်ထားတာကို ‘ပသီ’ ဆိုတာ စစ်အာဏာရှင် သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်း စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ (၁၃၅) မျိုးမှာ မပါလို့ဆိုပြီး ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ဦးခင်ရီကတော့ တိုင်းရင်းသား (၁၃၅) မျိုးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လူမျိုးတစ်ရာ့တစ်ပါးဆိုပြီး ထပ်တလဲလဲ ကိုးကားပြီး၊ ဖွင့်ဆိုခဲ့တယ်။ ကောင်းပြီ။ လူမျိုးတစ်ရာ့တစ်ပါးမှာ ‘ပသီ’၊ ‘ပန်းသေး’နဲ့ ‘ပသျှုးတို့’ပါဝင်နေတာကို ဦးခင်ရီ သိပါသလား။ ဦးခင်ရီရဲ့ ဖွင့်ဆိုချက်က အမှန်လား။ ဒါမှမဟုတ် လူမျိုးတစ်ရာ့တစ်ပါးဆိုတာကို ဘာမှန်းမသိပဲ ဖွင့်ဆိုနေတာလား။

တိုင်းရင်းသားဖြစ်ရန် သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေများအရ ကိုက်ညီနေတဲ့ ကျုပ်တို့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား မျိုးနွယ်စုကြီး (၅) စုကို ကျောသား၊ ရင်သား မခွဲခြားပဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ ကင်းရှင်းစွာနဲ့ တိုင်းရင်း သားအဖြစ် အသိအမှတ်ပြုဖို့ရာမှာ ဒီမိုကရေစီ အစိုးရတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်တယ်။ အကယ်၍ ဦးခင်ရီတို့ အစိုးရ ဟာ ဒီမိုကရေစီကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ အစိုးရဆိုရင်ပေါ့။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင် ကမာန်လူမျိုးစု တစ်စုကို သာလျှင် ၎င်းတို့ရဲ့ လူဦးရေ နည်းပါးမှုကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ ကျန်တဲ့ အုပ်စုကြီး (၄) ကိုတော့ တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုသေးပါ။ ဒီလို အသိအမှတ် မပြုခြင်းဟာ ဒီမိုကရေစီ နည်းစနစ်များနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ဦးခင်ရီတို့ အစိုးရအနေနဲ့ သိရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ Discrimination လို့ခေါ်တဲ့ ခွဲခြားဖိနှိပ်ခြင်းပဲ ဖြစ်တယ်။

ရိုဟင်ဂျာလူမျိုးစုကို ပါလီမာန်ဒီမိုကရေစီခေတ်ရဲ့ ပြည်သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစု တစ်စု အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ စစ်အာဏာရှင် သားသတ်သမား၊ တရုတ်ကပြား ဗိုလ်နေ၀င်း ရဲ့လက်ထက်မှာ တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ အဲဒီလိုနဲ့ ရိုဟင်ဂျာလူမျိုးများဟာ စစ်အာဏာရှင် လက်ထက် အဆက်ဆက် နှစ်ပေါင်း (၅၀) ခန့် တိုင်းရင်းသားအခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်။ ယခု ရိုဟင်ဂျာ လူမျိုးများက တောင်းဆိုနေတာဟာ တိုင်းရင်းသားဖြစ်ဖို့ထက်၊ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ တိုင်းရင်းသား အခွင့်အရေး ကို ပြန်လည် ရရှိအောင် တောင်းဆိုနေခြင်း ဖြစ်တယ်။ ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားဖြစ်ပြီး သား ရိုဟင်ဂျာလူမျိုးကို ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြန်လည် ရရှိအောင် ကြိုးပမ်းနေကြခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဦးခင်ရီတို့ရဲ့ ယခု ဒီမိုကရေစီ အစိုးရဆိုတာကလည်း စစ်အုပ်စုကနေ အရေခွံ့လဲထားတဲ့ သူတွေက အများစုဆိုတော့ စစ်အာဏာရှင်တွေရဲ့ စရိုက်ဆိုးတွေကို မစွန့်လွှတ်နိုင်သေးကြောင်း၊ သူတို့တွေရဲ့ လုပ်ဆောင် ချက်တွေ၊ ပြောဆိုချက်တွေ၊ ရေးသားချက်တွေက သက်သေခံနေပါတယ်။

တစ်ဖက်မှာ ရခိုင်လူမျိုးတွေကလည်း အကယ်၍ ရိုဟင်ဂျာလူမျိုးတွေဟာ စစ်အာဏာရှင် စနစ်ဆိုးကြောင့် ပျောက်ဆုံး၊ ပျက်သုဉ်းခဲ့ရတဲ့ သူတို့တွေရဲ့ တိုင်းရင်းသားဖြစ်ခြင်းကို ပြန်လည် ရရှိခဲ့မယ်ဆိုရင် ရခိုင်တွေဟာ ရိုဟင်ဂျာတွေရဲ့ အပေါ်မှာ ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်လို့ မရတော့မှာ၊ လူတွင်ကျယ်လုပ်ပြီး ကတုံးပေါ် ထိပ်ကွက်လို့ မရတော့မှာ၊ ဖိနှိပ်ခွဲခြားလို့ မရတော့မှာကို အရမ်း စိုးရိမ်နေပါတယ်။ အဲဒီလို စိုးရိမ်နေရင်လည်း ဘာကြောင့် ဒီမိုကရေစီ နိုင်ငံတော် ဆီကို ချီတက်နေရတာလဲ။ ပဒေသရာဇ် နိုင်ငံတော်ဆီကိုသာ ချီတက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံသဘောတရားအချို့က တိုင်းရင်းသားတိုင်းဟာ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံသားအခွင့်အရေး ရရှိရမယ်။ လူသားတိုင်းဟာ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသမီးတိုင်းဟာ အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသားတိုင်းဟာ အမျိုးသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ ကလေးသူငယ်တိုင်းဟာ ကလေးသူငယ်အခွင့်အရေး ရရှိရမယ်။ မသန်စွမ်းတဲ့သူတွေဟာ မသန်စွမ်းတဲ့သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ရရှိရမယ်။ ဒီလို အခွင့်အရေးတွေကို ရရှိလာအောင် လူထုက တင်မြှောက်ထားတဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရက တာဝန်ခံရမယ်။

အကယ်၍ အဲဒီအခွင့်အရေးတွေကို နှောင့်ယှက်တဲ့သူ၊ ဖျက်စီးတဲ့သူဟာ နိုင်ငံတော်ရဲ့ ရန်သူပဲ ဖြစ်တယ်။ အဲဒီရန် သူတွေကို လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက နှိမ်နင်းရမယ်။ ချေမှုန်းရမယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်၊ ဇွန်လကစပြီး ဖြစ်ပျက်နေခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးမှာ ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီအစိုးရက အထက်မှာ တင်ပြခဲ့တဲ့ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ ရခိုင် အကြမ်းဖက်သမားတွေနဲ့တောင် ပူးပေါင်းပြီး၊ ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက်အထားများအရ သိရှိနိုင်တယ်။ အပြစ်မဲ့ ရိုဟင်ဂျာလူမျိုးတွေကို နည်းလမ်းပေါင်းစုံ နဲ့ ရက်ရက်စက်စက် သတ်ဖြတ်တယ်။ နှိပ်စက်တယ်။ အပြစ်မဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ကလေး သူငယ် အများအပြားကို သတ်တယ်၊ ဖြတ်တယ်၊ မီးပုံထဲကို ပစ်ချခဲ့တယ်။ လူမဆန်တဲ့ ရာဇ၀တ် မှုပေါင်းများစွာကို ကျူးလွန်နေ ခဲ့တယ်။ ဒါတွေဟာ သမိုင်းတွေပါ။

ဒီလူမျိုးတုန်းသတ်ဖြတ်မှုကြီးဟာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ခြင်း၊ တနည်းအားဖြင့် မှတ်တမ်းတင်ခြင်း ခံရပါလိမ့်မယ်။ အဲဒီမှတ်တမ်းတွေမှာ ဦးခင်ရီရဲ့ နာမည်ဟာလည်း ပါလာမှာ မုချမလွဲပဲ။ အဲဒီတော့ ဦးခင်ရီ သေဆုံး သွားတယ်ဆိုရင်လည်း ဦးခင်ရီရဲ့ မျိုးဆက်တွေဟာ ဦးခင်ရီရဲ့ မကောင်းမှု အကုသိုလ်ရဲ့ နောက်ဆက်တွဲ မကောင်းကျိုး ကို လောကမှာတင် ပြန်ခံရမှာပါ။ ၀ဋ်ဆိုတာ ပြေးလို့မလွတ်ပါဘူး။ မျက်မှောက်ဘ၀မှာတင် တူသောအကျိုးကို ပြန်လည် ခံစားကြမှာပါ။ အဖိနှိပ်ခံတွေရဲ့ မျက်ဝန်းတွေက ကျခဲ့တဲ့ မျက်ရည်တွေရဲ့ စူးရှမှုများ၊ မီးပုံထဲပစ်ချခဲ့တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ငြီးတွားသံများ၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ သွေးတွေက စကားပြောလာပါလိမ့်မယ်။ အဲဒီတော့ ဦးခင်ရီရေ၊ ခင်ဗျားတို့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာ၊ ပသီ၊ ပသျှူးနဲ့ ပန်းသေးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့ရင်လည်း၊ ခင်ဗျားတို့ အသိအမှတ်မပြုလို့ လုံးဝ မရတဲ့ အခြေအနေကို မကြာခင်မှာ ရောက်လာပါလိမ့်မယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ ကျူးကျော်သူတွေပါ၊ တရားမ၀င် ခိုးဝင်လာသူတွေပါလို့ စွတ်စွဲပြီး၊ တတိယနိုင်ငံကို ပို့ဖို့ အရှက်သိက္ခာ မရှိ၊ လူသားချင်းစာနာစိတ် လုံးဝမရှိတဲ့ စစ်အာဏာရှင်ဟောင်း ဓာတုဦးသိန်းစိန်အပါအ၀င် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက စွမ်းစွမ်းတမံ ကြိုးစားခဲ့တာတောင်၊ မအောင်မြင်ခဲ့ပဲ အခု နိုင်ငံသားကဒ်တွေကို အိမ်တိုင်ရာရောက် လိုက်ပေးနေရသလိုပဲ၊ မဝေးတော့တဲ့ အနာဂတ်မှာ ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာလူမျိုးစုအပါအ၀င် ပသီလူမျိုးစု၊ ပသျှူးလူမျိုးစုနဲ့ ပန်းသေးလူမျိုးစုတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ကိုပြုရပါလိမ့်မယ်။ တိုင်းရင်းသား အခွင့်အရေးတွေ ပေးကို ပေးရပါလိမ့်မယ်။

ဦးခင်ရီတို့ အစိုးရအာဏာပိုင်များအနေနဲ့ ပသီ၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူးစတဲ့ လူမျိုးစု အသီးသီးကို ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရပါသလဲ။ အကြောင်းပြချက်တွေကို တရားဝင် စာထုတ်ပြီး၊ တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကြေညာသင့်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကို ချပြသင့်ပါတယ်။ အကယ်၍ ဦးခင်ရီတို့က “ငါတို့ တိုင်ရင်းသားအဖြစ် အသိအမှတ်ပြုချင်တဲ့သူကို ငါတို့ တိုင်းရင်းသား ပေးမယ်”လို့ ဆိုခဲ့ရင်လည်း ပြတ်ပြတ်သားသား တစ်ကမ္ဘာလုံးရှေ့မှာ ကြေညာ သင့်ပါတယ်။ ဒါမှ လူထုတစ်ရပ်လုံးအနေနဲ့ ဦးခင်ရီတို့ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှုရှိ၊ မရှိ၊ ကျိုးကြောင်းဆီလျှော်မှု ရှိ၊ မရှိ၊ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ရှုထောင့်ပေါင်းစုံကနေ ဝေဖန် သုံးသပ်နိုင်ကြပါလိမ့်မယ်။ နိဂုံးချုပ်အားဖြင့် ဦးခင်ရီအနေနဲ့ အမှန်တရားကို မုန်းတီးလို့ ချေမှုန်းပျက်သုဉ်းအောင် အစွမ်းကုန်ကြိုးစားသော်လည်း၊ အမှန်တရား ကတော့ ပျက်သုဉ်းမှာ မဟုတ်တဲ့အပြင် ဦးခင်ရီသာလျှင် အမှန်တရားရဲ့ ချေမှုန်းခြင်းကို ပြန်ခံရမှာပါ။ ဦးခင်ရီရဲ့ ပြုခဲ့သမျှကံ (အလုပ်)ရဲ့ အကျိုးဟာ ဦးခင်ရီထံကိုပဲ ပြန်လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပေါ့ဗျာ။

မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ဟောင်းများနှင့် ၎င်းတို့ရဲ့ အလိုတော်ရိ အကြမ်းဖက်သမားများ၏ အကြမ်း ဖက်ခြင်း အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့

18-01-2013

အစ္စလာမ်ဘာသာဝင် မြန်မာ့တိုင်းရင်းသား မျိုးနွယ်စုကြီး (၅) စု

2

 

မြန်မာနိုင်ငံတွင် မငြင်းနိုင်သော သမိုင်းအထောက်အထားများနှင့် တည်ဆဲဥပဒေများအရ တိုင်းရင်း သား အဖြစ် အသိအမှတ်ပြုကို ပြုရမည့် အစ္စလာမ်ဘာသာဝင် မျိုးနွယ်စု ငါးစု ရှိပါသည်။ ထိုမျိုးနွယ်စု (၅) စုသည် ၁၈၂၃ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံတွင် တည်ရှိခဲ့သော အစ္စလာမ်ဘာသာဝင် လူမျိုးအုပ်စုကြီးများ ဖြစ်ပေသည်။ ၎င်းတို့မှာ

(၁) ပသီ

(၂) ရိုဟင်ဂျာ

(၃) ကမာန် (အသိအမှတ်ပြုပြီး)

(၄) ပသျှုး

(၅) ပန်းသေး

သို့ပါ၍ ထိုတိုင်းရင်းသား လူမျိုးအုပ်စုကြီး (၅) စုအပါအ၀င် အစ္စလာမ်ဘာသာဝင် နိုင်ငံသား များအားလုံးအား လုံးထွေး၍ မြန်မာမွတ်စလင်မ်ဟူသော စကားလုံးဖြင့် ခေါ်ဝေါ် သုံးစွဲမည်ဆိုပါက သမိုင်းဆိုင်ရာ ရှုပ်ထွေးမှုများ ထပ်မံ၍ ပေါ်ပေါက်လာနိုင်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ မွတ်စလင်မ်များအား ရည်ညွှန်း၍ ခေါ်ဝေါ် သုံးစွဲလိုပါက မြန်မာတွင် အောက်ကမြင့် (–့) ထည့်သွင်း၍ မြန်မာ့ မွတ်စလင်မ်များဟုသာ ရေးသားသင့်ပါသည်။ မြန်မာ့ မွတ်စလင်မ်၏ အဓိပ္ပါယ်မှာ မြန်မာနိုင်ငံ၏ မုစ်လင်မ်များဟု အဓိပ္ပါယ်ရပါသည်။

ယခုနောက်ပိုင်း နိုင်ငံတကာ ပညာရှင်များမှလည်း Burmese Muslim နှင့် Burma’s Muslim ဟူ၍ ကွဲကွဲပြားပြား ဖြစ်အောင် ခွဲခြား၍ သုံးစွဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော် Burmese Muslim ဟူသော အမည်နာမဖြင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံသမိုင်းတွင် မျိုးနွယ်အုပ်စုတစ်စု ရှိနေခဲ့သောကြောင့်ပင်။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ မွတ်စလင်မ်အားလုံးအား ရည်ညွှန်း သုံးစွဲသောအခါတွင် ၎င်းတို့အနေနှင့် Burma’s Muslim ဟု သုံးစွဲလာကြပါသည်။ တစ်ချို့ မြန်မာဆိုသည့်အမည်အား လက်ခံသုံးစွဲသူများ အနေနှင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်အားလုံးအား ရည်ညွှန်းသုံးစွဲလိုသောအခါတွင် Myanmar’s Muslim ဟု ပြောင်းလဲ၍ သုံးစွဲလာကြပါသည်။

မြန်မာနှင့် ဗမာ အငြင်းပွားမှု ပြဿနာသည် မျက်မှောက်ခေတ် နိုင်ငံရေး၏ အရေးကိစ္စ တစ်ခု ဖြစ်ပါသည်။ ထိုအငြင်းပွားမှုတွင် ကျွန်ုပ်တို့ မွတ်စလင်မ် များအနေနှင့် စစ်အာဏာရှင်ဟောင်း၏ သုံးစွဲမှုဖြစ်သော မြန်မာအား သုံးမည်လော၊ သို့မဟုတ် ဒီမိုကရေစီ ဘက်တော်သားများ၏ သုံးစွဲမှုဖြစ်သော ဗမာအား သုံးစွဲမည်လော ဆုံးဖြတ်ကြရန် အလွန် အရေးကြီးပါသည်။ မြန်မာဟူသည် လူမျိုးတစ်မျိုးတည်း၏ အမည်ဖြစ်ပြီး၊ ဗမာဆိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးအသီးသီးတို့ အား ပေါင်းစု၍ ခေါ်ဝေါ် သမုတ်သော နာမည်ဖြစ်သည်ဟု ဒီမိုကရေစီဘက်တော်သား များမှ ယေဘုယျ အားဖြင့် သတ်မှတ်ထားကြပါသည်။

ဤသို့ တင်ပြရခြင်းသည် မုစ်လင်မ် ပညာတတ် သူတော်ကောင်းများအနေနှင့် ချင့်ချိန် တိုင်းတာ ဝေဖန်သုံးသပ် ဆုံးဖြတ်၍ သုံးစွဲနိုင်ရန် အကြံပြု တင်ပြလိုက်ရခြင်းသာ ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် တိုင်းရင်းသားဖြစ်ရန် ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော မျိုးနွယ်စုကြီး (၅) စုအနက်မှ ကျန်ရှိနေသော မျိုးနွယ်စုကြီး (၄)စု၏ သမိုင်းကို သုတေသန ပြုလုပ်၍ ပညာရှင် အဆင့် ဖော်ထုတ်ကြရန် အထူး အရေးကြီးပါသည်။ ထိုလုပ်ငန်းသည် အလွန်တရာ လိုအပ်နေသော မျက်မှောက်ခေတ်၏ တောင်းဆိုချက်များအနက်မှ တောင်းဆိုချက် တစ်ရပ် ဖြစ်သောကြောင့်ပင်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။ ကိုယ်၊ စိတ်၊ ၀ိညာဉ်သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့

17-01-2013

Genocide Crime ခေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုကြီး (အမြည်း)

o_f2ca9419d44f088f-0

Genocide ခေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုကြီးသည် နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသော ရာဇ၀တ်မှုကြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စစ် အာဏာရှင်များ စိတ်ကြိုက် ပြဌာန်းရေးစွဲထားသော နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် အခြားဥပဒေများအရ တားမြစ်ထားသော ရာဇ၀တ်မှုကြီး အလျဉ်း မဟုတ်ပါ။ ထို့ကြောင့် Genocide ခေါ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှု ကြီးအကြောင်း နားလည်ရန် နိုင်ငံတကာဥပဒေကို နားလည်ဖို့ လိုပါလိမ့်မည်။ မြန်မာနိုင်ငံရှိ သာမာန် ပြည်သူများကို ထားဘိဦး။ ဥပဒေပညာရှင်ဟု အမည်ခံ ထားသူများ၊ နိုင်ငံကျော်ရှေ့နေကြီး များသည်ပင်လျှင် စစ်အာဏာရှင်အဆက်ဆက် ၏ အညွှန့်ချိုးခဲ့မှုကြောင့် နိုင်ငံတကာဥပဒေများနှင့် ကင်းကွာလျှက် ရှိကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များ၊ တရားသူကြီးများ၊ ရှေ့နေကြီးများ အနက်မှ အများစုကြီးမှာ နိုင်ငံတကာဥပဒေနှင့်ပတ်သက်သည့် ပညာရပ်များကို မူး၍ပင် မရှုခဲ့ဖူးသူများ ဖြစ်ကြပါသည်။

Genocide ဆိုသည့် စကားလုံးအား “လူမျိုးတုန်း သတ်ဖြတ်မှု၊ လူမျိုး တစ်မျိုးလုံး ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု”ဟု မြန်မာလို အကျယ်တ၀င့် ပြောဆို သုံးနှုန်း ရေးသားကြသည်။ လူမျိုးတုန်းသတ်ဖြတ်မှု ဝေါဟာရကို တိကျပြီး အသေး စိတ် အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ပညာပညာရှင်များအကြား ကွဲလွဲမှုများတော့ ရှိနေသည်။ သို့သော် နိုင်ငံတကာဥပဒေ ဖွင့်ဆိုချက်အရ ၁၉၄၈ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဌာန်းချက်ပါ ‘လူမျိုးတုံး သတ်ဖြတ်မှုအား ကာကွယ်ခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ’ CPPCG ပါ အပိုဒ် (၂) နှင့် (၃) တွင်မူ တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

လူမျိုးတစ်မျိုးလုံးကို အမျိုးပြုတ်သွားအောင် အကုန်လုံး သတ်ဖြတ်ခြင်း မဟုတ် သော်လည်း  လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နိုင်ကြောင်းကို လူမျိုးတုန်း သတ် ဖြတ်မှု ကျူးလွန်မှုအပေါ် နိုင်ငံတကာ ဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များက ခိုင်ခိုင်မာမာ၊ တိတိကျကျ ဖော်ပြထားသည်။ Genocide ဆိုသည်မှာ နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု၊ (သို့မဟုတ်) ဘာသာရေးနှင့် ဆိုင်သော အုပ်စုတစ်ခုခု၏ အားလုံးကို (သို့မဟုတ်) အစိတ်အပိုင်း တစ်ခုခုကို (အချို့ကို) ဖျက်ဆီးပစ်ရန် ရည် ရွယ်၍ ကျူးလွန်သော အောက်ဖော်ပြပါ မည်သည့် ရာဇ၀တ်ကျူးလွန်မှုကိုမဆို ဆိုလိုသည်။

(၁) လူအုပ်စုတစ်စု၏ အဖွဲ့ ဝင်များကို သတ်ဖြတ်ခြင်း။

(၂) လူအုပ်စုတစ်စု၏ အဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။

(၃) လူအုပ်စုဝင်များ၏ လူနေမှုဘဝ အခြေအနေများကို ထိခိုက်နစ်နာ အောင် တမင်တကာ ရည်ရွယ်၍ အုပ်စုတခုလုံးကိုဖြစ်စေ (သို့မဟုတ်) တစိတ်တစိတ် တစ်ပိုင်းကိုဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်ပျက်စီးစေခြင်း။

(၄) လူအုပ်စုဝင်များအတွင်း ကလေးမွေးဖွားမှု (မျိုးပွားမှု၊ လူဦးရေတိုးပွားမှု)ကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် လိုက်နာချက်များ သတ်မှတ်၍ လိုက်နာစေခြင်း။

(၅) လူအုပ်စုတစ်ခုအတွင်းမှ ကလေးများအား တခြားလူအုပ်စုတစ်ခုအတွင်း သို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းစသည့် လုပ်ရပ်များကို ပြုလုပ် ကျူးလွန် ခြင်းသည်ပင် Genocide ရာဇဝတ်မြောက်ကြောင်း ပြောဆိုထားသည်။ ကျူး လွန်ခြင်း ဖြစ်သည်။

ကလေးများကို အဓမ္မ ပြောင်းရွှေ့ခြင်းဆိုသည်မှာ ကလေးများ (တစ်ဦးဖြစ်စေ၊ တစ်ဦးထက်ပိုသည်ဖြစ်စေ) အား အဓမ္မ ပြောင်းရွေ့ရာတွင် အင်အားသုံး၍ဖြစ်စေ၊ အကြမ်းဖက်မှုကို ကြောက်ရွံ့သောကြောင့်ဖြစ်စေ၊ ခြိမ်းခြောက်မှု၊ ချုပ်နှောင်ထား ခြင်း၊ စိတ်ပိုင်းဆိုင်ရာအရာ ဖိနှိပ်ချုပ်ချယ်ခြင်း (သို့) အခြား နည်းလမ်းများဖြင့် အကျပ်ကိုင်ခြင်းတို့ အကျုံးဝင်သည်။ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ကလေး သူငယ်ဟုဆိုရာတွင် အသက် ၁၈ နှစ်အောက်ကို ဆိုလိုသည်။

အထက်ပါ ဖော်ပြချက်များထဲမှ အချက်တချက်ချက်ကို ကျူးလွန်လျှင် (သို့) တစ်ချို့ကို ကျုးလွန်လျှင် (သို့) အားလုံးကို ကျူးလွန်လျှင် Genocide ဟု ခေါ်သည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်ပြစ်မှုကို ကျူးလွန်ခြင်း ဖြစ်သည်။ ထိုသို့ ဆိုလျှင် နအဖသည် အဆိုပါ ၅ ချက်ထဲမှ မည်သည့် အချက်ကို ကျူးလွန်၍ မြန်မာ့စွယ်စုံကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသားများ အပါအ၀င် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား (၀ါ) နိုင်ငံသားများအပေါ်တွင် Genocide ရာဇဝတ်ပြစ်မှုကို ကျူးလွန်နေသနည်း။ တစ်ချက် (သို့) တစ်ချို့ (သို့) အားလုံးကို ကျူးလွန်နေ၍လော။

ထို့ကြောင့် မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်ပါးစေ အကြမ်းဖက်သမားများအနေနှင့် မြန်မာ့စွယ်စွယ်ကျမ်းလာ ကမ္ဘာ့မော်ကွန်းဝင် ရိုဟင်ဂျာတိုင်းရင်းသားများ အပါအ၀င် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင် လူမျိုးစုများအား  လူမျိုးတုန်း သတ် ဖြတ်ခဲ့ခြင်း ရှိ၊ မရှိကို အထက်ဖော်ပြပါ စံနှုန်း (၅) ချက်ဖြင့်သာ တိုင်းတာရန် လိုပါ သည်။ ဤနေရာတွင် ဥပမာအချို့အား အမြည်းသဘောမျိုးဖြင့် တင်ပြပေးသွား ပါမည်။

(၁) လူအုပ်စု၏ အဖွဲ့ ဝင်များကို သတ်ဖြတ်ခြင်း

၃-၆-၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ရခိုင်ဗုဒ္ဓဘာသာ အကြမ်းဖက်သမား (၃၀၀) ကျော်မှ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား မြန်မာ မွတ်စလင်မ် (၁၀) ဦးကို ပက်ပက်စက်စက်၊ ရက်ရက်စက်စက်၊ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြပါသည်။ ယင်းအမှုကြီးနှင့်ပတ်သက်သည့် သက်သေခံ ဓါတ်ပုံများ ကို အောက်ပါလင့်ခ်တွင် တွေ့ရှိနိုင်ပါသည်။

http://www.facebook.com/aungwin.thu2/photos_albums#!/media/set/?set=a.165542493588863.41869.100003993412014&type=3

(၂) လူအုပ်စု တစ်စု၏ အဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်သမားများမှ အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား ရိုဟင်ဂျုာလူမျိုး (၂) ဦးကို ပက်ပက်စက်စက်၊ ရက်ရက် စက်စက်၊ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း ၎င်းသတ်ဖြတ်ခံရသူများ၏ ယောက်ဖ တော်သူက ငိုကြီးချက်မနှင့် အသက်နှင့်ရင်းပြီး၍ သေမထူး၊ နေမထူးဘ၀မို့ ဖွင့်ဟ ထားသည်ကို အောက်ဖော်ပြပါလင့်ခ်ရှိ ဗီဒီယိုမှာ ကြည့်ရှုပါ။ နောက်ထပ်ပေးစရာ ထောင်ပေါင်းများစွာသော အထောက်အထားများ ရှိနေပါသေးသည်။

(၃) လူအုပ်စုဝင်များ၏ လူနေမှုဘဝ အခြေအနေများကို ထိခိုက်နစ်နာအောင် တမင်တကာ ရည်ရွယ်၍ အုပ်စုတခုလုံးကိုဖြစ်စေ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်ပျက်စီးစေခြင်း။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ဗုဒ္ဓဘာသာ အကြမ်းဖက်သမားများမှ ယင်း ဒေသတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား ရိုဟင်ဂျုာလူမျိုး (၅၀၀၀၀) ကျော်ကို အိုးအိမ်တွေကို မီးရှို့၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်၊ ဥစ္စာပစ္စည်းတွေကို မတရားသိမ်းပိုက် ဖျက်စီးပြီး၊ ဒုက္ခသည်များ နေထိုင်ရာ ဌာနတွေ အသီးသီး ဖန်တီးပြီး ထားခဲ့ပါသည်။ ထို့အပြင် အခြား အထောက်အထားပေါင်းများစွာ ရှိနေပါသေးသည်။ အောက်ဖော် ပြပါ လင့်ခ်မှ ဗီဒီယို ကြည့်ပါ။

(၄) လူအုပ်စုဝင်များအတွင်း ကလေးမွေးဖွားမှု (မျိုးပွားမှု၊ လူဦးရေ တိုးပွားမှု) ကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် လိုက်နာချက်များ သတ်မှတ်၍ လိုက်နာစေခြင်း။

ဤအချက်နဲ့ ပတ်သက်ပြီးလည်း တိရိစ္ဆာန်ကုဆရာဝန် ဦးအေးမောင် ဦးဆောင်တဲ့ ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်နိုင်ငံရေးအသင်းကြီးဖြစ်တဲ့ RNDP ပါတီကြီးမှ ဦးစီး၍ ရိုဟင်ဂျာလူမျိုးစုများ၏ ကောင်းမွန်စွာ အိမ်ထောင်ပြုသားမွေးခြင်းကို မျိုးပွားမှု၊ လူဦးရေတိုးပွားမှုကို အကြောင်းပြုပြီး တာဆီးဖို့ ကြိုးစာခဲ့ကြောင်းနှင့် ကြိုးစားနေ ကြောင်း အခိုင်အမာ သက်သေများ ရှိနေပါသည်။ ဤအထဲတွင် ရခိုင်လူမျိုး နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးလည်း ပါဝင်နေပါသည်။ ယင်းအချက်နှင့် ပတ်သက်၍ အောက်ပါလင့်ခ်များရှိ ဗွီဒီယိုများကို ကြည့်ပါ။ ဗိုလ်မှူးချုပ် အောင်နိုင် ဦးအား RFA အဖွဲ့သား ကိုကျော်ကျော်အောင်မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ် သည်။ ယင်းအင်တာဗျူးတွင် ရခိုင်လူမျိုး၊ နစကကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင် နိုင်ဦးက ဒေသန္တရအမိန့်အရ ၁၉၉၈ မတ်လ ၃၁ နေ့ကတည်းက ကလေးမွေးဖွား မှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ တစ်လင်တစ်မယားစနစ်ကို ပြဌာန်းခဲ့ကြောင်း ပြောထားပါသည်။ ဤရခိုင်လူမျိုး နစကကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးမှ လူသားတွေ မွေးဖွားခြင်းကို တိရိစ္ဆာန်တွေအတွက် အသုံးအနှုန်းဖြစ်တဲ့ ပေါက်ပွား နှုန်းဆိုပြီး မြန်မာစာပေနဲ့ ဘာသာစကားကို ရခိုင်တစ်ဦးမို့ ကောင်းစွာ မတတ် မြောက်လို့လား (သို့) တမင် ရည်ရွယ်ချက်ရှိရှိ ရိုင်းစိုင်းစွာ သုံးစွဲသွားခဲ့လေသလား ဆိုသည်ကို ကျနော် မသိပါ။ သို့သော် စစ်တပ်ကွပ်ကဲရေးမှူးတစ်ဦးအနေနှင့် ဤသို့ ရိုင်းစိုင်းစွာ မသုံးနှုန်းသင့်ပါ။

(၅) လူအုပ်စုတစ်ခုအတွင်းမှ ကလေးများအား တခြား လူအုပ်စုတစ်ခုအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်ကျူးလွန်ခြင်းသည် ပင် Genocide ရာဇဝတ်မြောက်ကြောင်း ပြောဆိုထားသည်။ ကျူးလွန်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်သမားများ အဲဒီ ဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား မုစ်လင်မ် ထောင်ပေါင်းများစွာကို ၎င်းတို့၏ အိုးအိမ်တွေကို မီးရှို့ ဖျက်စီး၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်၊ ဥစ္စာပစ္စည်းတွေကို မတရား သိမ်းပိုက် ဖျက်စီးပြီး၊ ဘင်္ဂါလီတံဆိပ်ရိုက်နှိပ်၍ ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်ရာ ဌာနတွေ ဖန်တီးပြီး ထားခဲ့ပါသည်။ ထိုမုစ်လင်မ်များတွင် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား ကမန်လူမျိုးများရဲ့ ကလေးသူငယ်များလည်း ပါရှိနေပါသည်။ ထိုကဲ့သို့ ကမန်လူမျိုးကလေးသူငယ်များအား ရိုဟင်ဂျာလူမျိုးစုအတွင်းသို့ ဘင်္ဂလီ တံဆိပ်ရိုက်နှိပ်ကာ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ အောက်ပါ လင့်ခ်များရှိ ဗီဒီယို ကြည့်ပါ။ ထို့အပြင် အခြား အထောက်အထားပေါင်းများစွာ ရှိနေပါသေးသည်။

http://www.youtube.com/watch?v=vI_HE6mO4vE&feature=player_embedded

ကိုယ်၊ စိတ်၊ ၀ိညာဉ်သုံးပါစလုံး အေးချမ်းကြပါစေ။

ချမ်းမြေ့

9-12-2012

မှတ်ချက် ။       ။ ကိုးကားချက်များကို တစ်ချို့ သတင်းဌာနများ၊ ဖဘများနှင့် Youtube မှ ယူထားပါသည်။

PDF ဖိုင်ဖြင့် ဒေါင်းချင်သူများအတွက် လင့်ခ်များ

https://docs.google.com/open?id=0ByIEGylV-kQeRXZJYTU0NHpmVTA

ဖတ်ဖြစ်အောင် ဖတ်ကြရမဲ့ စာတမ်း

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) မှ

“ရခိုင်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော ဒေသခံအစ္စလာမ်ဘာသာဝင်များသည် ဥပဒေကြောင်းအရလည်းကောင်း၊ သဘာဝအလျောက် မွေးရာပါနိုင်ငံသားများဖြစ်၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားနိုင်ငံသားများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်စာတမ်း”

PDF file ကိုအောက်ပါလင့်အတိုင်းဒေါင်းနိုင်ပါပြီ။

https://docs.google.com/open?id=0B4fThqDxAlBUb2dtX01KNXNrUms

http://www.mediafire.com/view/?ur6x88djqmxw5xf